သျှမ်းမြောက်တွင် ကိုဗစ်-၁၉ သံသရာလူနာ သေဆုံးသူ (၇၀) အထက်ရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ် -၁၉ သံသရာလူနာ သေဆုံးသွားသူ( ၆၀) ဦးထက်မနည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ထို ကိုဗစ်- ၁၉ သံသရာလူနာများသည် နေအိမ်တွင်ကိုယ်တိုင်ဆေးကုသမှုခံယူနေသူများ၊ အောက်ဆီအကျလွန်းပြီးမှ ဆေးရုံးသို့လာသူများဖြစ်ကြောင်းသိရသည်။

“ တစ်ချို့က နေအိမ်မှာ‌ဘဲ ကိုယ်တိုင်ဆေးကုကြတာ။ တစ်ချို့ကတော့လည်း အောက်ဆီဂျင်အကျလွန်းပြီးမှ ဆေးရုံးရောက်လာတာလည်းရှိတယ်။ အဲလိုတွေကြောင့်သေဆုံးသူတွေက များလာတယ်” ဟု လာရှိုးမြို့ လူမူကူညီးရေးအသင်းပရဟိတ အဖွဲ့ဝင်တစ်ဦး ကပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူများက စစ်ကောင်စီပေါ် ယုံကြည်မှု မရှိသည့်အတွက် ကိုဗစ် ၁၉ တတိယလှိုင်း ကာလ ကိုဗစ် ကူးစက်ခံရသည့် ပြည်သူများနေအိမ်တွင် မိမိဘာသာ ဆေးကုသမှုများ ပြုလုပ်နေကြပြီး၊ တချို့ပြည်သူများသည် ဆေးရုံသွားတက်ရန် လူနာစောင့်မရှိသည့် အတွက် နေအိမ်တွင်သာ ဆေးကုသခဲ့ရသည်။

ထိုသို့ ပြုလုပ်ခြင်းကြောင့် ပြည်သူတချို့က နေကောင်းသွားသော်လည်း ရောဂါအခံရှိသူများက စိုးရိမ်းရကြောင်းသိရသည်။

“ ဆေးရုံးမှလူများတာနဲ့ ဆေးရုံလာတက်ရင် လူနာစောင့်တွေအတွက်လဲအခက်ခဲရှိတယ်လေ။ အဲတာမို့ တချို့ကဆေးရုံ မလာတက်ကြတော့ဘူး။ ကိုယ်တိုင်အိမ်မှာကုနေတာတွေရှိတာပေါ့။ အောက်ဆီဂျင်လဲ လုံးလောက်မှုမရှိတော့ သေဆုံးသွားကြရတယ်” ဟု မူဆယ်မြို့ လူမှုကူညီးရေးအသင်းတစ်ခု မှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံ ကိုဗစ် ၁၉ တတိယလှိုင်းတွင် လာရှိုးမြို့ရှိပြည်သူများ ကိုဗစ် အတည်ပြုဖြင့်သေဆုံးသူ ( ၁၀၈ )ဦးရှိပြီး သံသရာလူနာအနေဖြင့်သေဆုံးသူ( ၅၅ )ဦးရှိကြောင်းသိရသည်။

ထိုနည်းတူ သီပေါမြို့တွင်လည်း ကိုဗစ် -၁၉ သံသရာလူနာ(၄)ဦး ၊ နမ့်ခမ်းမြို့တွင် ကိုဗစ် သံသယလူနာ (၁၀)ဦး နှင့် မူဆယ် မြို့တွင် သံသယ လူနာ (၅)ဦး ထက်မနည်း သေဆုံးနေကြောင်း သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် သတင်းအရသိရသည်။

လက်ရှိကောက်ထားသည့် စာရင်းထက်များနိုင်ကြောင်းလည်း သျှမ်းမြောက် ပရဟိတလူမှုကူညီရေးအသင်းများက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ် ၁၉ ပထမလှိုင်း နှင့် ဒုတိယလှိုင်းကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိစစ်ကောင်စီလက်ထက် ကိုဗစ် ၁၉ တတိယလှိုင်းတွင် ပြည်သူများ အများအပြာသေဆုံးခဲ့ရပြီးဖြစ်ကြောင်းသိရသည်။

ထိုအပြင် စစ်ကောင်စီ လက်အောက်တွင် လူမှုကူညီးရေးအသင်းများ၊ ပရိဟိတ အဖွဲ့များလည်း စစ်ကောင်စီ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်မရှိကြပေ။

“ ကျနော်တို့ကတော့ အရင်ကလုပ်ခဲ့ဖူးတဲ့အတိုင်းပဲ ဆက်လုပ်သွားမယ်။ ပြည်သူတွေကိုကူညီးပေးမယ်။ တက်နိုင ်သလောက်တော့လုပ်ဆောင်ပေးနေတယ်။ ဒါမဲ့ စစ်ကောင်စီလက်အောက်မှာ လုပ်ဆောင်နေမျိုးတော့မဟုတ်ဘူပေါ့။” ဟု မူဆယ်မြို့ ပရဟိတအသင်းတစ်ခုက ပြောသည်။

သျှမ်းပြည်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဇူလိုင် ၂၃ရက် သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် စားရင်းအရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈၃၈၆)ဦး နှင့် သေဆုံးသူ (၁၈၅)ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

သျှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်မလား

0
စစ်ကော်မရှင်က ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးတို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နှစ်နှစ်နီးပါးပိတ်ထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ အာရက္ခတပ်တော်...