သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်များအတွက် နိုင်သူအကုန်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် မဲဆန္ဒနယ်များ ပိုင်းခြားသတ်မှတ်ထားသည်။

သျှမ်းပြည်နယ်လွှတ်တော်အတွက် အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် ကျင်းပမည့် မြို့နယ်/ ခရိုင်များကို စုပေါင်း၍ မဲဆန္ဒနယ် (၆) ခု သတ်မှတ်ထားခြင်းကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များအတွက်လည်း အကျုံးဝင်နေပြီး ထိုနယ်မြေများအတွက် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်ဦးရေ အချိုးကျ ခွဲတမ်းရရှိနိုင်ရေး မျှော်လင့်ထားကြောင်း သိရသည်။

“အချိုးကျစနစ် PR လည်း ပါတော့ သျှမ်းမြောက်အတွက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်း၊ မိုင်းရယ်နဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မဘိမ်း ဒီ ၁၀ မြို့နယ်မှာ အချိုးကျစနစ်နဲ့ ပါတီတွေဘက်က ကိုယ်စားလှယ်လောင်း စာရင်းတင်ထားတာ ရှိတယ်။ ရတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး ပါတီတွေက ခွဲယူရမှာ။ အဲ့ဒီကနေ ကိုယ်စားလှယ် ၃ ယောက်လား ၅ ယောက်လား အဲ့လိုမျှော်လင့်လို့ ရတာပေါ့” ဟု သျှမ်းပြည်မြောက်ပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်သည့် (၃၈) မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) တို့မှာ အဓိက ပြိုင်ဘက်များ ဖြစ်ကြသည်။

သို့သော် ကြံ့ခိုင်ရေးပါတီ USDP မှ ကိုယ်စားလှယ်လောင်းများသည် မဲရုံတွင် ပြည်သူများပေးသည့် မဲရလဒ်အရ ရှုံးနိမ့်နေသော်လည်း တပ်တွင်းကြိုတင်မဲများဖြင့် အနိုင်ရခဲ့ကြောင်း ပြိုင်ဘက်ပါတီများမှ ကိုယ်စားလှယ်လောင်းများက ပြောဆိုနေကြသည်။

ပြည်နယ်/တိုင်း လွှတ်တော်အတွက် တစ်မြို့နယ်လျှင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကျ ရွေးကောက်တင်မြှောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းကြောင့် ပြောင်းလဲလိုက်သည့် ရွေးကောက်ပွဲစနစ်တွင် တစ်ဦးကို FPTP စနစ်နှင့် ကျန်တစ်ဦးကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်မည် ဖြစ်သည်။

သျှမ်းပြည်နယ်လွှတ်တော်အတွက် မြို့နယ်/ခရိုင်များကို စုပေါင်း၍ အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် (၆) ခု သတ်မှတ်ထားပြီး လွှတ်တော်ကိုယ်စားလှယ် (၅၅) ဦးကို ရွေးကောက်တင်မြှောက်မည်ဟု ၂၀၂၅ ဩဂုတ်လ ၁၅ ရက်တွင် UEC မှ ကြေညာထားသည်။

သျှမ်းပြည်ရှိ ၅၅ မြို့နယ်အနက် ၃၈ မြို့နယ်၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြောက်ပိုင်းမဟာမိတ်တပ်များ (TNLA ၊ MNDAA ၊ KIA ၊ UWSA) ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပကြောင်း စစ်ကော်မရှင်လက်အောက်ခံ UEC က ယမန်နှစ် ၂၀၂၅ စက်တင်ဘာလ (၁၄) ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်များတွင် အမျိုးသားလွှတ်တော်အတွက် နိုင်သူအကုန်ယူ FPTP စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ UEC က ထုတ်ပြန်ထားသည်။

သျှမ်းပြည်အတွင်း ကျင်းပသော စစ်ကော်မရှင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေသည့် နိုင်ငံရေးပါတီ (၁၂) ခု ရှိပြီး ပြည်ထောင်စုအဆင့် ယှဉ်ပြိုင်နေသည့် (၆) ပါတီ၊ ပြည်နယ်အဆင့် ယှဉ်ပြိုင်နေသည့် (၆) ပါတီတို့ ဖြစ်သည်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောင်းလဲကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်ကြောင့် ပေါ်ပေါက်လာမည့် တိုင်း/ပြည်နယ်လွှတ်တော်များတွင် အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို မည်သို့ဆုံးဖြတ်ပြီး ရွေးကောက်တင်မြောက်မည်မှာ အငြင်းပွားဖွယ် ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် နိုင်သူအကုန်ယူစနစ် FPTP ဖြင့် အနိုင်ရသည့် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စာရင်းများကို UEC မှ တရားဝင် ကြေညာထားသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်နှင့် သျှမ်းပြည်နယ်လွှတ်တော်အတွက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကြေညာခြင်း မရှိသေးဘဲ ရွေးကောက်ပိုင်း (၃) ပိုင်းစလုံး ပြီးဆုံးမှသာ ကြေညာနိုင်ဖွယ် ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...