လက်နက်နဲ့ စစ်အာဏာရှင် ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တဲ့ မီးအိမ်ရှင်

“ ကျနော်တို့ဟာ ဆန္ဒပြရုံနဲ့မထိရောက်တော့ဘူး။ တိုက်ယူမှ ရတော့မယ်ဆိုတဲ့စိတ်ကြောင့် လွှတ်မြောက်နယ်မြေ မှာ စစ်သင်တန်းတက်ခဲ့ပါတယ်” လို့ CDM ကျောင်းဆရာ တစ်ဦးက ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင်ဖြုတ်ချဖို့ အတွက် ဆန္ဒပြရုံနဲ့ မထိရောက်နိုင်တော့စိတ်ဝင်လာကာ လွှတ်မြောက်နယ်မြေကို သွားပြီး စစ်သင်တန်း သွားတက်ခဲ့ပါတယ်။

ထိုသူဟာ အဖြူအစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ပြီး ကလေးငယ်တွေကို စာသင်ကြားရတာကို အလွန်မြတ်နိုးခဲ့သူဖြစ်သလို မြန်မာပြည် ပညာရေးကို ပြုပြင်လိုတဲ့ ကျောင်းဆရာ ကိုနိုင်စိုး (အမည်လွှဲ) ပါပဲ။

ဆရာ ကိုနိုင်စိုး ဟာ ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းလိုက်ပြီးဆိုတဲ့ သတင်းထွက်ပေါ်လာကတည်းက အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပူးပေါင်းပါဝင်လာပြီး သျှမ်းမြောက် သီပေါ (CDM)မှာ ဦးဆောင်တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်ရန် အတွက် ကျောင်းဆရာတစ်ဦး အနေနဲ့ တကြိမ်တခါမျှ မစဉ်းစားခဲ့ဖူးကြောင်း၊ လက်နက်ကိုင် တော်လှန်ရေး ကို မနှစ်သက်တဲ့သူဖြစ်ပေမယ့် စစ်အာဏာရှင် တိုက်ဖို့အတွက် လက်နက်ကိုင် တိုက်မှသာရမှာဖြစ်ကြောင်း ကျောင်းဆရာ ကိုနိုင်စိုး က ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်လူထုတရပ်လုံးနည်းသူ ဆရာကိုနိုင်စိုးတယောက်ဟာလည်း အနာဂတ် ပျောက်ဆုံးနေတဲ့ သူတစ်ဦးဖြစ်ပါတယ်။

“ကျနော်တို့ အနာဂတ်တွေပျောက်ဆုံးနေပြီ။ Campaign တွေလုပ်ရုံ၊ ဆန္ဒပြနေရုံနဲ့ မထိရောက်တော့ဘူးဆိုတာ သိလာတယ်။ ဒီပွဲဟာ ငါတို့တိုက်ယူရတော့မယ်လို့ တွေးမိခဲ့တယ်။ ချက်ခြင်းပဲ စစ်သင်တန်းတက်ဖို့ လွတ်မြောက်နယ်မြေကို သွားဖို့ စီစဉ်ခဲ့ပါတယ်” လို ဆရာ ကိုနိုင်စိုး လက်နက်ကိုင်ရန် စတင် ဆုံးဖြတ်ချက်ချခဲ့စဉ်က အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

ကိုနိုင်စိုး ဟာ အာဏာရှင် စနစ် ဖြုတ်ချဖို့ သာ ရှိပြီး လွှတ်မြောက်နယ်မြေရောက် စစ်သင်တန်း သွားတက်ရာတွင် ပထမဆုံး အုပ်စုထဲတွင် ပါဝင်ခဲ့သူဖြစ်ပါတယ်။

“ အာဏာရှင်ကို ဖြုတ်ချဖို့ဘဲ စဉ်းစားမိတော့ ကိုယ်စားဝတ်နေရေးအတွက်ကို မေ့ပြီး လွှတ်မြောက်နယ်မြေကို ထွက်ခွာသွားခဲ့တယ်လို့ ပြောပါတယ်” ဆရာကိုနိုင်စိုးက ဆိုပါတယ်။

ကျောင်းဆရာတစ်ဦးဖြစ်တဲ့အလျောက် လွှတ်မြောက်နယ်မြေ တွင် စစ်သင်တန်း သွားတက်ချိန်မှာတော့ ပင်ပန်းမှုစတင်ကြုံတွေ့ရပေမယ့် စစ်အာဏာရှင် ကို ပြန်ခုခံဖို့ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့ရကြောင်း ကို သူက ဆိုပါတယ်။

“ ပင်ပန်းတယ်။ သင်တန်းကလည်း ပြင်းထန်တယ်။ ခြောက်လလောက်ပေးရမယ့် သင်တန်းကို (၄၅) ရက်နဲ့ဆိုတော့လေ။ တော်တော်ပင်ပန်းတယ်။ စစ်ကောင်စီကို ပြန်ခုခံမယ်ဆိုတဲ့စိတ်နဲ့ အားတင်းထားရတယ်” လို့ ကျောင်းဆရာ က စစ်သင်တန်း အတွေ့အကြုံကို အားတက်စွာ ပြန်ပြောနေပါတယ်။

လွှတ်မြောက်နယ်မြေရောက်တဲ့အချိန်မှာတော့ ဆရာအတွက် စားဝတ်နေရေး ခက်ခဲမှု မရှိခဲ့ပေမယ့် စစ်သင်တန်း ဟာ ပြင်းထန်တဲ့အတွက် မိမိနေရပ်ကို ပြန်ရန် အကြိမ်ကြိမ်တမ်းတမိခဲ့ကြောင်း ဆရာက သင်တန်းကာလ ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြပါတယ်။

“ ဘယ်လောက်ထိ ပင်ပန်းလဲ ဆိုတော့ ၄၅ရက်မှာကျနော် ၃၈ပေါင် ကျသွားတယ်။ အိမ်ကို အရမ်းပြန်ချင်ခဲ့တယ်။ ဒါပေမယ့် အားတင်းပြီး စကစ ကို တော်လှန်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားတယ်” လို့ကျောင်းဆရာ ကိုနိုင်စိုးက ပြောပါတယ်။

ကျောင်းဆရာတဦး အနေနဲ့ စစ်သင်တန်း တက်ခဲ့ရ လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေရပေမယ့် သူ့ရဲ့စိတ်ကတော့ စာသင်ခန်းထဲက ကျောင်းသားတွေကိုတာ တမ်းတနေပါတယ်။

သူဟာ ပညာရေးလောက မှာ အထက်တန်းကျောင်းအုပ်ဆရာအဆင့်ထိ ရည်မှန်းထားသူတဦးလည်းဖြစ်ပါတယ်။

“ ကျနော်က အထက်တန်းကျောင်းအုပ်အထိပဲ ရည်မှန်းထားတာ။ မျိုးဆက်တစ်ချင်း တစ်ဆက်ချင်း အကောင်းဆုံးမွေထုတ်မယ်။ ကျနော့်ဆရာဆရာမတွေကိုမျှဝေမယ်။ ကျနော် လိုချင်တဲ့အတိုင်းပုံဖော်မယ်။ အနာဂတ်မှာ အလှပဆုံး အတော်ဆုံး စာရိတ္တအကောင်းဆုံး အထူးချွန်ဆုံး ကိုယ်ချင်းစာတရားအရှိဆုံး အမှန်တရားအတွက် မကြောက်တတ်တဲ့လူသားမျိုးနွယ်တွေ မွေးထုတ်ပေးချင်တာ” လို့ သူ့ဖြစ်ချင်တဲ့စိတ်ဆန္ဒကို ပြောပါတယ်။

ကျောင်းအုပ်ဆရာတစ်ယောက်ဖြစ်ဖို့အတွက် ဆရာနိုင်စိုး ဟာ ၂၀၂၀ ခုနှစ် ကိုဗစ် ကာလတုန်းက လိုအပ်တဲ့ ပညာရေးပိုင်းတွေကို Online (အွန်းလိုင်း) ကနေ သင်ယူပြီးစီးထားသူဖြစ်ပါတယ်။

ကျောင်းဆရာတယောက်ဖြစ်ဖို့ဆိုတာ ဘွဲ့တခုရရုံနဲ့ လုပ်လို့မရကြောင်း၊ ဘာသာရပ်ကျွမ်းကျင်မှုရှိရသလို သင်ကြားမှု အနုပညာ မတက်ကျွမ်းရင်၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ နားမလည်ရင် ကျောင်းဆရာကောင်းတယောက်မဖြစ်ဘူး။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်းတွေ CDM လုပ်ချိန်မှာ စစ်ကောင်စီ ဟာ Non-CDM တွေ နောက်အောက်ခြေ ဝန်ထမ်းတွေကို ပညာရေးဝန်ထမ်းခန့်ပြီးပညာရေးကို ဆိုးရွားအောင်ပြုလုပ်နေတဲ့အပေါ် သူအနေနဲ့ စိတ်မကောင်းကြောင်းလည်း ပြောပါတယ်။
“ ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာက ဝါသနာ၊ စေတနာ၊ ကလေးတွေကို ချစ်တဲ့စိတ်၊ ကလေးတွေကို တန်းတူညီမျှတဲ့ စေတနာတွေက နှလုံးသားထဲကနေစီးဆင်လာမှ ဈာဝန်လာကြောင်း၊ ထိုအရာတို့ကို ဖန်တီးယူလို့ မရဘူး”လို့ ဆရာနိုင်စိုးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းတောင် သီပေါမြို့နယ်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်တဲ့ ပညာရေးဝန်ထမ်း (၆၈၁)ဦးရှိပြီး၊ လက်ရှိအချိန်မှာ လစာမရတဲ့အတွက် အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရပါတယ်။

CDM လုပ်ဆောင်တဲ့ ပညာရေးဝန်ထမ်းတွေကို အစပိုင်းမှာတော့ သီပေါ CDM Supporting Team ကနေ လစာအနည်းငယ်ပေးနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ လစာမပေးနိုင်တော့တဲ့အတွက် ပညာရေးဝန်ထမ်းတွေ ဟာ စားဝတ်နေရေး အခက်အခဲကိုယ်စီ ရှိနေကြပါတယ်။

သီပေါမြို့မှာ စစ်အာဏာသိမ်းပြီးနောက် သီပေါပြည်သူတွေဟာ နေ့စဉ်ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး လူငယ် (၂)ဦး သေနတ်ပစ်သတ်ခံခဲ့ရပါတယ်။

လူငယ်(၂)ဦးကို စစ်ကောင်စီက သေနတ်ပစ်ခတ်သတ်လိုက်တဲ့အပေါ် စိတ်မကောင်းကြောင်း၊ သွေးစွန်းသွားတဲ့ လူငယ် ၂ဦး ရဲ့ အသက် အလကားမဖြစ်ကြောင်း ဘဝတွေနဲ့ရင်းပြီး ဒီမိုးကရေစီ ပြန်ရအောင် လက်နက်ကိုင် တိုက်ပွဲဝင်သွားပါမယ့် လို့ ကျောင်းဆရာ ကိုနိုင်စိုး က ဂတိပြုလိုက်ပါတယ်။

“ ညီငယ် ၂ဦးရဲ့ အသက် ပေးဆပ်ရတာနဲ့ တန်အောင် ကျနော် လက်နက်စွဲကိုင်ပြီး စစ်ကောင်စီ ကို အနိုင်တိုက်ယူမယ်။ ညီလေးတွေ တာဝန်ကျေပါတယ်။ ကျနော်တို့တွေလည် ဒီမိုကရေစီ ရအောင် တိုက်ပွဲဝင်သွားပါမယ်”လို့ ဆရာ နိုင်စိုးက ပြောပါတယ်။

၂၁ရာစု ဘက်စုံဖွံ့ဖြိုးတဲ့ ခေတ်မှာ ကျောင်းစိမ်းဝတ်စုံနဲ့မြေဖြူ ကိုင်တဲ့ ဆရာတယောက် ဟာ စစ်ကောင်စီ အမြစ်ဖြတ်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေး ဘဝသမား အဖြစ်ပြောင်းလဲရမယ်လို့သူဟာ တကြိမ်တခါမျှ အိပ်မက် မမက် ဖူးပါဘူး။

“ ဒီလို တည်ငြိမ်အေးချမ်းပြီး စာအံသံတွေ ကျောင်းစိမ်းဝတ်စုံတွေကို စွန့်ပြီး လက်နက်ကိုင်ရမယ့်လို့ မထင်ခဲ့ဘူး။ အိပ်မက်မရှိခဲ့ဘူး။ စစ်ကောင်စီ အမြစ်ဖြတ်ချေမှုန်းပြီးရင်တော့ ပညာရေးလောကထဲပြန်ခြေချပါမယ်” လို့ ဆရာကတော့ သူ့ ဘဝအိပ်မက်ကို ပြောပြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...