Friday, April 26, 2024

တောင်ကြီးမြို့နယ် ကိုဗစ်ကြောင့် သေဆုံးလူနာ စံချိန်တင် မြင့်တက်

Must read

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့နယ် အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူလူနာ တရက်တည်း (၁၀)ဦး သေဆုံးမှု ရှိသဖြင့် စံချိန်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် တောင်ကြီးမြို့နယ် အတွင်း၌ ကိုဗစ် – ၁၉ ကူးစက်ရောဂါကြောင့် သေဆုံး ခဲ့ရသူ ၁၁ ဦး ရှိပြီး တစ်ရက်တည်းနှင့် အမြင့်ဆုံးအရေအတွက်ကို စံချိန်တင်ခဲ့ကြောင်း သိရသည်။

ထို့အတူ RDT ဖြင့် စစ်ဆေးမှုအရ သျှမ်းပြည် မြို့တော်တောင်ကြီးတွင် ဇူလိုင်လ ၂၂ ရက်၊ ညပိုင်းထိ ကိုဗစ် – ၁၉ ပိုးတွေ့သူ ၃၃ ဦးရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် တောင်ကြီးမြို့တွင်း ကိုဗစ် – ၁၉ အတည်ပြု ပိုးတွေ့လူနာများသည် စုစုပေါင်း ၁၀၅၃ ဦးထိ ရှိလာပြီး ယင်းအနက် ဆေးရုံဆင်းခွင့်ရသူ ၂၀၀ ဦးကျော်ခန့် ရှိကာ ၈၀၀ ဦးကျော်ခန့်မှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂၁ ရက်ထိ တောင်ကြီးမြို့နယ် တစ်ခုလုံး၌ ကိုဗစ် – ၁၉ ကူးစက် ရောဂါကြောင့် သေဆုံးသူ ၃၈ ဦးထိရှိလာပြီ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article