မိုင်းယန်းမြို့နယ်တွင် ကိုဗစ် ကူးစက်ခံရသူများမရှိ

0

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ ကူးစက်ခံရသူများ မရှိကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယန်းမြို့တွင် တစ်မြို့လုံး Lockdown ချထားပြီး၊ မြို့ထဲဝင်လာမည့် ကားများကိုလည်း လူစားထိုးအနေဖြင့် ဝင်ခွင့်သာပြုထားသောကြောင့် ကိုဗစ် ၁၉ ကို အကောင်းဆုံးကာကွယ်နေကြောင်း သျှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ လုံးစိုင်းအိုက်လျောင်းက ပြောသည်။

“ ကျနော်တို့မြို့ထဲကို ကျိုင်းတုံဘက်တို့ ဘယ်ဘက်ကဖြစ်ဖြစ်လာရင် မောင်းတဲ့သူတွေကို မြို့ပြင်မှာစောင့်ခိုင်းတယ်။ ကျနော်တို့ မြို့ထဲကလူက သူတို့ကားကို ပြန်မောင်းသွားပေးတယ်။ လူအဆင့်ဆင့်လဲှပြီးမှ ကားယူမောင်းတာ” ဟု လုံးစိုင်းအိုက်လျောင်းက ပြောသည်။

အလားတူ မြို့တွင်နေထိုင်သူများသည်လည်း လယ်ယာခြံများကို သွားရာတွင် ကျန်းမားရေးလက်မှတ်ဖြင့်သာ ထွက်ခွာသွားလာ ရကြောင်းသိရသည်။

“ အလုပ်သွားမဲ့သူဆိုရင်လည်း ကျနော်တို့ကျန်းမားရေးက လက်မှတ်ရှိတယ်။ လက်မှတ်နဲ့သွားလာရမယ်။ ပြီးရင် ပြန်ဝင်လာရင်တော့ အဲ့လက်မှတ်နဲ့ပြန်လာထားရမယ်။ ။ အဲလိုမလုပ်ရင် သွားလာလို့မရဘူး။” ဟု လုံးစိုင်းအိုက်လျောင်းက ဆိုသည်။

မိုင်းယန်းမြို့ သို့ ဝင်လာမည်ဆိုပါက (၇၂) နာရီ အတွင်းကိုဗစ်- ၁၉ ပိုးစစ်ဆေးထားသည့် သူများသာမြို့ဝင်ခွင့် ပြုပြီး (ဇူလိုင် ၁၅) ရက်မှ စတင်ပြီး မည်သူကိုမှ မြို့ဝင်ခွင့်မပေးတော့ကြောင်းသိရသည်။

လက်ရှိပြန့်ပွားမှုမြင့်တက်လာနေသည့် ကိုဗစ် -၁၉ ကပ်ရောဂါကို အကောင်းဆုံးထိန်းနိုင်ရန်အတွက် မလိုအပ်ရင်အပြင်မထွက်ရန်၊ မိမိမြို့အတွက် အကောင်းဆုံးကာကွယ်ရန်အတွက် Lockdown စနစ်ဖြင့် ကာကွယ်သင့်ကြောင့် လုံးစိုင်းအိုက်လျောင်းက ထက်လောင်းပြောသည်။

မိုင်းယန်းမြို့သည် ကိုဗစ် ၁၉ ဒုတိယလှိုင်းက ပြန့်ပွားမှုများခဲ့သည့် ဒေသဖြစ်ခဲ့ကြောင်းသိရသည်။

Leave a Comments