Friday, April 19, 2024

မိုင်းကိုင်စစ်ရှောင်များစပါးပျိုးရန် နေရပ်ပြန်

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ လယ်စပါး ပျိုးထောင် ကောက်စိုက်သော ရာသီဖြစ်သောကြောင့် နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းခွန်မြို့နယ်ရှိ ဒေသခံပြည်သူများသည် ဝမ်ဟွေ့လုံကျေးရွာ အုပ်စုတွင်း သို့ စစ်ဘေးရှောင် (၂၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဇူလိုင် (၂၁) ရက်နေ့က လယ်စပါးပျိုးထောင် ကောက်စိုက် ရာသီဖြစ်ဖြစ်သဖြင့် အသက်ကြီးသူ နှင့် ကလေးများသာ စစ်ရှောင်စခန်းတွင် ချန်ထားခဲ့ပြီး ကျန်သည့်သူများ နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသား တစ်ဦး ကပြောသည်။

“ဒီလအတွင်း လယ်စပါးအတွက် ပျိုးထောင် ကောက်စိုက်သော ရာသီဖြစ်တယ်။ တကယ်လို့ ပျိုးမချရရင် လာမယ့် နှစ်အတွက် စားနပ်ရိက္ခာအခက်ခဲဖြစ်နိုင်တယ်” ဟု အသက် (၃၀) အရွယ် စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုကျန်ရှိသည့် စစ်ရှောင် (၁၀၀) ကျော်သည် နောင်လီဘုန်းကြီးကျောင်း၊ နောင်လျန်ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းမှာသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

အခြေနေ ငြိမ်လို့ သူတို့လည်း ပြန်ပြီး လယ်စပါး ပျိုးထောင် ကောက်စိုက်ကြတယ်။ ကလေး နဲ့ လူကြီးကိုတော့ မခေါ်ပြန်သေးဘူး ဟု စစ်ရှောင်ကော်မတီတစ်ဦးကပြောသည်။

လက်ရှိ မိုင်းကိုမြို့တွင်လည်း ကိုဗစ်-၁၉ အတည်ပြု လူနာများပြားလာသဖြင့် စစ်ဘေးရှောင်များကို သွားကူညီရန်အတွက်လည်း ရွာထဲသို့ မဝင်တော့ဘဲ ရွာအဝင်တွင် တာဝန်ရှိသူများက အလှူပစ္စည်းများကို လာရောက် လက်ခံခဲ့ကြကြောင်း စစ်ရှောင်ကော်မတီ တစ်ဦးထံမှ သိရသည်။

လွိုင်ဟွန်းတောင်ကို အကြောင်းပြပြီး တလကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် သျှမ်းတပ် (၂) တပ် ကြောင့် အရပ်သား (၂) ဦး ကျည်ထိမှန်ခြင်း၊ ကျေးသီးမြို့နယ်ရှိ စစ်ရှောင်များ (၃၀၀၀) ကျော် နှင့် မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင် (၂၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article