TYO အထွေထွေအတွင်းရေးမှူး စိုင်းဝန်းလိန် သေဆုံး

0

သျှမ်းလူငယ်အဖွဲ့စည်း TYO အထွေထွေအတွင်းရေးမှူး စိုင်းဝန်းလိန် (၄၀) နှစ်သည် ယနေ့ ဇူလိုင် ၂၂ မနက်ပိုင်း တောင်ကြီးမြို့တွင်အဖျားတက်လွန်ပြီး သေဆုံးသွားကြောင်းသိရသည်။

စိုင်းဝန်းလိန်သည် အဖျားတက်လွန်ပြီး ဆေးရုံးခေါ်ဆောင်သွားချိန်တွင် လမ်းတဝက်၌ သေဆုံးသွားကြောင်း၊ ၎င်းကိုဆေးရုံးရောက်သည့် အချိန်တွင် ကိုဗစ် ၁၉ စစ်ဆေးပေးချင်မရှိကြောင်းသိရသည်။

“ သူက အဖျားရှိတက် ၂ ရက်လောက်ရှိနေပြီး။ ဒီနေ့မနက်အဖျားမကျတော့ ဆေးရုံးကိုခေါ်သွားတာ။ လမ်းတဝက်မှာဆုံးသွားတယ်။ ဆေးရုံးရောက်တော့လည်း ကိုဗစ် ရှိ၊ မရှိမစစ်ပေးဘူး” ဟု TYO အဖွဲ့ဝင်တဦးက ပြောသည်။
စိုင်းဝန်းလိန်သည် မည်သည်ရောဂါကြောင့် သေဆုံးသွားသည်ကို မသိရှိရပေ။

လက်ရှိ ကိုဗစ် ၁၉ ပြန့်ပွားမှုအချိန်တွင် အလောင်းများကို ဆေးရုံးဆင်းလက်မှတ်မပါသည့် အတွက် အလောင်းကို လက်ခံသဂြိုလ်ပေးချင်မရှိကြောင်းလည်း သိရသည်။

စိုင်းဝန်းလိန်သည် သျှမ်းရှေ့ကျိုင်းတုံမြို့တွင် နေထိုင်ပြီး သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

Leave a Comments