ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ် ကို စစ်ကောင်စီ အုပ်စု သေနတ်ချိန်ပြီးဖမ်းခေါ်သွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ရှမ်းလူငယ်အဖွဲ့ဝင်တဦး ဖြစ်သည့် စိုင်းငယ်ကို အကြမ်းဖက် စစ်ကောင်စီ မှ ယနေ့ (ဧပြီ ၂၃)ရက် မနက်ပိုင်း (၁၁) နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် မြို့သစ်တွင်နေထိုင်သည့် အသက် (၄၁)နှစ် အရွယ်ရှိ စိုင်းငယ် ကို အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ သေနတ်ဖြင့်ချိန်ကာ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျိုင်းတုံဒေသခံ လူငယ်တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ စိုင်းငယ်ကို လာခေါ်တုန်းက ရဲ၊စစ်တပ်က အရပ်ဝတ်တွေနဲ့လာတယ်။ သေနတ်နဲ့ချိန်ပြီး ဖမ်းခေါ်သွားတာ။ ဘာကြောင့်ခေါ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းလူငယ်က ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ စိုင်းငယ်၏ နေအိမ်ကိုလာရောက်ရှာဖွေပြီး၊ ၎င်းသည် နေအိမ်တွင် မရှိနေသဖြင့် ပြန်သွားကြောင်း သိရသည်။

“ သူက ရပ်ရွာ သာရေး၊နာရေး မှာ ပါဝင်တဲ့သူဖြစ်သလို ရှမ်းလူငယ်အဖွဲ့က (TYO)မှာလည်း အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့သူတယောက်ပါ” ဟု ကျိုင်တုံးမှ TYO အဖွဲ့ဝင် လူငယ်တဦး က ပြောသည်။

TYOလူငယ်တဦးဖြစ်သူ စိုင်းငယ်ကို အကြမ်းဖက် စစ်ကောင်စီမှ သေနတ်ဖြင့် ချိန်ပြီး ဖမ်းဆီးသွားခြင်းသည် သျှမ်းလူငယ်၊ သျှမ်းလူထု အသိုင်းအဝန်းကို ကြောက်အောင် ခြိမ်းခြောက်လိုက်သည့် သဘောဖြစ်ကြောင်းလည်း ကျိုင်းတုံ ဒေသခံများက ပြောသည်။

“ ကျိုင်းတုံက လူငယ်တွေ ၊အဓိက သျှမ်းလူငယ်တွေ စစ်အာဏာရှင်ကို ဆန္ဒမပြရဲအောင် နောက် အဖွဲ့အစည်းတွေ မှာ မလုပ်ရဲအောင် ပြလိုက်တဲ့သဘောပါပဲ။ ဒါက စစ်ကောင်စီ တွေလုပ်နေတဲ့ လုပ်ရက်ပဲလေ” ဟု ကျိုင်းတုံ မှ TYO လူငယ်က ထပ်လောင်းပြောသည်။

ကျိုင်းတုံမြို့တွင် TYO အဖွဲ့ဝင် စိုင်းငယ်အပါအဝင် စစ်အာဏာကို ဆန့်ကျင်သည့်လူငယ် (၁၄)ဦး ဖမ်းဆီးခြင်းခံထား ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...