ကျိုင်းတုံ ဖမ်းခံထားရသည့် TYO (၂ ) ဦး မိသားစုဝင်နှင့် တွေ့ခွင့်မရရှိသေး

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံထားရသည့် TYO အဖွဲ့ဝင် (၂) ဦးသည် ယခုချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့ TYO အဖွဲ့ဝင်ဖြစ်သည့် စိုင်းငယ် ကို ဧပြီလ (၂၄ )ရက် က အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ထောက် ဖမ်းဆီခေါ်ဆောင်သွားပြီး၊ စိုင်းဝန်းတစ်ကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်ရာအသိုင်းအဝန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

TYO အဖွဲ့ဝင်(၂ ) ဦးကို အကြမ်းစစ်ကောင်စီမှ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုဝင်နှင့် တွေ့ဆုံးခွင့်မရရှိသေးကြောင်း၊ ထို့ပြင် ထိုသူ (၂)ဦးကို အမှုဖွင့်ထားခြင်းလည်း မရှိသေးကြောင်းလည်း သိရသည်။

“ သူတို့ မိသားစုဝင်ပြောပြတာတော့ ထောင်မှာရိက္ခာတော့ ၁ လတစ်ခါသွားပို့ပေးရတယ်။ ဒါပေ့မယ့် လူနဲ့တော့တွေ့ ခွင့်မရဘူး။ ထောင်မှူးကိုဘဲ ပေးထားရတယ်။ ဘာအမှုနဲ့မှ မစွဲထားဘူး။ ရှေ့နေတွေလည်း ကူညီပေးလို့မရဘူး။ သူတို့ဒီလိုဘဲဖမ်းထားတယ်လို့ပြောတယ်” ဟု TYO အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စိုင်းဝန်းတစ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပေါ်ထွက် စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးခံရသည်ဟု သိရသည်။

“ စိုင်းဝန်းတစ်က TYO အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူက အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြလို့ ဖမ်းဆီးသွားတယ်။သူက လူငယ်တွေကို ကူညီးပေးတယ်” ဟု TYOအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စိုင်းဝန်းတစ်သည် ၂၀၁၅ ခုနှစ်က ရှမ်းတိုင်းရင်သားများဒီမိုကရက်တစ်ပါတီ SNDP ပါတီမှ ရွေးကာက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်သည်။

စိုင်းငယ်သည် ကျိုင်းတုံ လူမှုရေး တွင် အမြဲပါဝင်ကူညီပေးနေသည့်သူတဦးဖြစ်သည်။

လက်ရှိအချိန်တွင် ကျိုင်းတုံမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၄ ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...