Saturday, April 20, 2024

ကျိုင်းတုံ ဖမ်းခံထားရသည့် TYO (၂ ) ဦး မိသားစုဝင်နှင့် တွေ့ခွင့်မရရှိသေး

Must read

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံထားရသည့် TYO အဖွဲ့ဝင် (၂) ဦးသည် ယခုချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံ ခွင့်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့ TYO အဖွဲ့ဝင်ဖြစ်သည့် စိုင်းငယ် ကို ဧပြီလ (၂၄ )ရက် က အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ထောက် ဖမ်းဆီခေါ်ဆောင်သွားပြီး၊ စိုင်းဝန်းတစ်ကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်ရာအသိုင်းအဝန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

TYO အဖွဲ့ဝင်(၂ ) ဦးကို အကြမ်းစစ်ကောင်စီမှ အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုဝင်နှင့် တွေ့ဆုံးခွင့်မရရှိသေးကြောင်း၊ ထို့ပြင် ထိုသူ (၂)ဦးကို အမှုဖွင့်ထားခြင်းလည်း မရှိသေးကြောင်းလည်း သိရသည်။

“ သူတို့ မိသားစုဝင်ပြောပြတာတော့ ထောင်မှာရိက္ခာတော့ ၁ လတစ်ခါသွားပို့ပေးရတယ်။ ဒါပေ့မယ့် လူနဲ့တော့တွေ့ ခွင့်မရဘူး။ ထောင်မှူးကိုဘဲ ပေးထားရတယ်။ ဘာအမှုနဲ့မှ မစွဲထားဘူး။ ရှေ့နေတွေလည်း ကူညီပေးလို့မရဘူး။ သူတို့ဒီလိုဘဲဖမ်းထားတယ်လို့ပြောတယ်” ဟု TYO အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စိုင်းဝန်းတစ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပေါ်ထွက် စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးခံရသည်ဟု သိရသည်။

“ စိုင်းဝန်းတစ်က TYO အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူက အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြလို့ ဖမ်းဆီးသွားတယ်။သူက လူငယ်တွေကို ကူညီးပေးတယ်” ဟု TYOအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စိုင်းဝန်းတစ်သည် ၂၀၁၅ ခုနှစ်က ရှမ်းတိုင်းရင်သားများဒီမိုကရက်တစ်ပါတီ SNDP ပါတီမှ ရွေးကာက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်သည်။

စိုင်းငယ်သည် ကျိုင်းတုံ လူမှုရေး တွင် အမြဲပါဝင်ကူညီပေးနေသည့်သူတဦးဖြစ်သည်။

လက်ရှိအချိန်တွင် ကျိုင်းတုံမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၄ ဦးရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article