Wednesday, January 28, 2026

လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အသက် ၂၀ ဝန်းကျင် ရှိ လူငယ် (၄)ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် စစ်ကားနှင့် ရဲကား ၆ စီး၊ အင်အား ၃၀ ကျော်ခန့်က အိမ်သို့ ရောက်လာ ပြီး အသက် ၂၀ ဝန်းကျင်ရှိ မောင်ရဲ မြင့်ကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခေါ် ဆောင်သွားကြောင်း မောင်ရဲမြင့် ၏ဆွေမျိုးတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကားတွေနဲ့ ရဲကားတွေက အိမ်ရှေ့မှာ တန်းစီရပ်ပြီး အင်အား ၂၀ နီးနီးက ကားပေါ်က ပြေးဆင်းလာတာ၊ ကျန်တာတွေက ကားပေါ်မှာပဲ စောင့်ကြတယ်၊ ပြေးလာပြီးတော့ သူတို့ဖမ်းမိတဲ့လူတွေက ညွှန်လာလို့ မေးစရာရှိလို့ပါ ဆိုပြီးသားလေးကို (မောင်ရဲမြင့်) ခေါ်သွားတယ်၊ ဘယ်နေရောကို ခေါ်သွားလဲ ဆိုတာ မသိရဘူး” ဟု မောင်ရဲမြင့်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောင်ရဲမြင့် ဖမ်းဆီးခံရပြီး နောက်တွင် လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်၊ နယ်မြေ ၇ ပါရီလမ်းသွယ် ၂ တွင် နေထိုင်သူ မောင်ထက်ဝေမင်း ကိုလည်း စစ်သား နှင့် ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“မောင်ထက်ကို လာဖမ်းတာ အင်အား ၂၀ ကျော်လောက်ရှိတယ်၊ သူတို့ မေးမြန်းစရာရှိတယ် ဆိုပြီးတော့ လာဖမ်းသွားတာ၊ သူ့ကို စစ်ကြောရေးခေါ်သွားတယ်လို့တော့ပြောသံ ကြားနေတယ်၊ သူ့အမေနဲ့က အဆက် အသွယ်လုံးဝမရတော့ သူ့သားကို စိတ်ပူလွန်းလို့ အသက်ကိုတောင် စိုးရိမ်နေရတယ်” ဟု မျက်မြင်တွေ့ရသူ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ဇူလိုင်လ ၁၇ ရက်နေ့ တစ်နေ့တွင်ပင် ငယ်စဉ်ကတည်းက မိဘများ ဆုံးသွားပြီး အဒေါ်နှင့် နေထိုင်သည့် လူငယ်ဓါတ်ပုံဝါသနာရှင် မောင်ကျော်ဇင်ဝင်းသည်လည်း စစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“အိမ်မှာလာဖမ်းတာက အရပ်ဝတ် နဲ့ အိမ်စီးကား ၈ စီး၊ စစ်ကား ၂ စီးနဲ့ လာတာ၊ သူ့ကို လာဖမ်းတဲ့ အချိန် ကားပေါ်မှာ ဖမ်းဆီးခံရတယ်လို့ထင်ရတဲ့ လူငယ်လည်း ပါသေးတယ်၊ သူ့မှာဘာအပြစ်မှုရှိလို့လဲ ဆိုတာ မသိရ ဘဲနဲ့ ခေါ်သွားခံရတယ်၊ လာဖမ်းတာကလည်း အရပ်ဝတ်တွေနဲ့ ဆိုတော့ ဘယ်သူ ထင်မလဲနော့်” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင်းတွင် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ အနေဖြင့် PDF ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံရမှု သည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...