တာချီလိတ် လောင်းကစားရုံမှ ကိုဗစ် ကူးစက်ခံရသူ (၃၀)ကျော်ရှိ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ရောင်နီဦးကွင်းအတွင်း ဖွင့်လှစ်ထားသည့် ကာစီနိုနှင့် လောင်းကစား ရုံများတွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရထားရသည့် အတည်ပြုလူနာ ၃၀ ကျော်ရှိကြောင်း စုံစမ်းသိရသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှှုန်းမြင့်တက်လာသည့် အတွက် တာချီလိတ်မြို့ ကို Stay at Home အဖြစ်ကြေညာထားသော်လည်း လက်ရှိမှာ ကာစီနိုနှင့်လောင်းကစားရုံများကို ဆက်လက်ဖွင့်လှစ်နေဆဲ ဟု ဒေသခံများပြောပြချက်အရသိရသည်။

လက်ရှိ ရောင်နီဦးတွင်ဖွင့်လှစ်ထားသည့် ကာစီနိုနှင့်လောင်းကစားရုံများတွင် ကိုဗစ် -၁၉ လူနာ ၃၀ကျော်ရှိနေ သော်လည်း ကာစီနိုနှင့် လောင်းကစားရုံများ ဆက်လက်ဖွင့်လှစ်နေသေးသဖြင့် တာချီလိတ်ပြည်သူများက စိုးရိမ်နေကြကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

“ရောင်နီးဦးမှာ ၁၀ ပုံ ၁ ပုံလောက် ဆေးစစ်ကြည့်တာ ရလဒ်က ဒီလောက်တောင်ထွက်လာတယ်ဆို တော့ အကုန်လုံးစစ်လိုက်ရင် ပိုးတွေ့လူနာက အများကြီးထွက်လာမှာပဲ၊ ပြီးတော့ အခုပိုးတွေ့သူကို လည်း အဲ့ဝန်း ထဲမှာပဲ ထားထားတယ်၊ ဘယ်လို ကုသမျိုးပေးနေလဲ ဆိုတာလည်းမသိရပါဘူး၊ အခုချိန် ထိတော့ ကာစီနိုဝိုင်း တွေမပိတ်သေးဘူး” ဟု အမည်မဖော်လိုသည့် တာချီလိတ်မြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရောင်နီဦးကွင်းအတွင်းတွင် နေထိုင်ကြသူများသည် အများစုမှာ တရုတ် လူမျိုး များဖြစ်ကြပြီး အဆိုပါ ကွင်းအတွင်း လုပ်ကိုင်သည့် ဝန်ထမ်းများကို Lock Down ချထားသော်လည်း အဝင်အထွက်မပျက်ရှိ နေကြောင်း ၎င်းကပြောသည်။

“ရောင်နီဦးကွင်းမှာ တရုတ်အများကြီးရှိတယ်၊ အထောက်အထားမဲ့တဲ့သူတွေရောပေါ့၊ အခုဝန်ထမ်းတွေ ကို ကွင်းထဲကနေ အပြင်ထွက်လို့မရနိုင်အောင် Lock Down ချထားပေမယ့် တရုတ်အဝင်အထွက်တွေ ကနေ့တိုင်း ရှိတယ်၊ ပြီးတော့ ကွင်းထဲက ပိုးတွေ့တဲ့သူတွေကိုလည်း သူတို့ တရုတ်ဆေးပဲတိုက်ပြီး ထား ထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
တာချီလိတ်မြို့အတွင်းတွင် ကိုဗစ် -၁၉ ကူးစက်ရောဂါ တတိယလှိုင်းအတွင်း အတည်ပြုလူနာ (၁၀၀၀) ခန့် ရှိလာနေပြီး ဖြစ်သော်လည်း သက်ဆိုင်ရာက ထိရောက်စွာ ဆောင်ရွက်မှု မရှိသဖြင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...