Wednesday, January 28, 2026

နမ့်လန်မြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲ ပြန်လည်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် ဝမ်းစိမ်းကျေးရွာ ယနေ့ (ဇူလိုင် ၂၆) မနက် ၅ နာရီ တွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့မနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် လက်နက်ကြီးသံဖြစ်ပြီး နမ့်လန်မြို့ပတ်ဝန်းကျင်ထိ အသံကြားရကြောင်း နမ့်လန့်မြို့ဒေသခံ အမျိုးသားတဦး ကပြောသည်။

“ လက်နက်ကြီးသံတွေ ပဲအများဆုံးကြာရတာ။ မနက် ၅ ခွဲကတည်းက ဖြစ်တာ။ ၉ နာရီကျော်လောက်မှငြိမ်သွားတယ်။ ဘယ်နားဖြစ်မလဲတော့သေချာမသိရသေးဘူး။ တချို့တော့လည်း ရေဖြူကျေးရွာဘက်လို့ပြောတယ်” ဟု နမ့်လန်မြို့ဒေသခံအမျိုးသားတဦး ကပြောသည်။

လက်ရှိအခြေအနေ အရ နမ့်လန်မြို့တွင်လည်း ကိုဗစ်- ၁၉ ပြန့်ပွားမှုများသည့်အတွက် နေအိမ်ထဲတွင်သာနေကြသဖြင့် ယနေ့ မနက်ဖြစ်သည့် တိုက်ပွဲအခြေအနေ နှင့်နေရာကို အတိအကျ မသိရသေးကြောင်း လည်း နမ့်လန်ဒေသခံများက ပြောဆိုသည်။

“ ကျနော်တို့နမ့်လန်မှာကိုဗစ် ဖြစ်နေတယ်။ ဘယ်နေရာဖြစ်လဲဆိုတာ ကျနော်တို့အရင်လိုသွားကြည့်မရဘူး။ အိမ်ပြင်ထွက်လို့မရဘူး” ဟု နမ့်လန့်မြို့ ဒေသခံတဦးက ပြောသည်။

တိုက်ပွဲနှင့်ပတ်သတ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက “ အရင်ကတော့သီပေါမြို့နယ်ဘက်ဖြစ်တယ်။ ခုတော့နမ့်လန်ဘက် ရောက်လာတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်သွားနိုင်တယ်။ ဝမ်းစိမ်းကျေးရွာအုပ်စုဘက်ဖြစ်တယ်” ဟု ပြောသည်။

သို့သော် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

တိုက်ပွဲကြောင့် ပြည်သူများတစ်ချို့ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်းသိရသည်။

“ စစ်ဘေးရှောင်အနေနဲ့တော့မရှိသေးဘူး။ တစ်ချို့ကတော့ မြို့ထဲအိမ်ရှိတဲ့သူတွေက ကလေးတွေကိုခေါ်လာပြီးတော့ ထွက်လာခဲ့တယ်။ စစ်ရှောင်တွေစုနေတာတော့ မရှိသေးဘူး” အထက်ပါ နမ့်လန်မြို့ ဒေသခံအမျိုးသားတဦးက ပြောသည်။

ထိုနည်းတူ ဇူလိုင် ၂၂ ရက် မှစတင်ပြီး သီပေါမြို့နယ် နောင်အန်ကျေးရွာအနီးတွင် သျှမ်းတပ် ၂ တပ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...