နမ့်လန်မြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲ ပြန်လည်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် ဝမ်းစိမ်းကျေးရွာ ယနေ့ (ဇူလိုင် ၂၆) မနက် ၅ နာရီ တွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့မနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် လက်နက်ကြီးသံဖြစ်ပြီး နမ့်လန်မြို့ပတ်ဝန်းကျင်ထိ အသံကြားရကြောင်း နမ့်လန့်မြို့ဒေသခံ အမျိုးသားတဦး ကပြောသည်။

“ လက်နက်ကြီးသံတွေ ပဲအများဆုံးကြာရတာ။ မနက် ၅ ခွဲကတည်းက ဖြစ်တာ။ ၉ နာရီကျော်လောက်မှငြိမ်သွားတယ်။ ဘယ်နားဖြစ်မလဲတော့သေချာမသိရသေးဘူး။ တချို့တော့လည်း ရေဖြူကျေးရွာဘက်လို့ပြောတယ်” ဟု နမ့်လန်မြို့ဒေသခံအမျိုးသားတဦး ကပြောသည်။

လက်ရှိအခြေအနေ အရ နမ့်လန်မြို့တွင်လည်း ကိုဗစ်- ၁၉ ပြန့်ပွားမှုများသည့်အတွက် နေအိမ်ထဲတွင်သာနေကြသဖြင့် ယနေ့ မနက်ဖြစ်သည့် တိုက်ပွဲအခြေအနေ နှင့်နေရာကို အတိအကျ မသိရသေးကြောင်း လည်း နမ့်လန်ဒေသခံများက ပြောဆိုသည်။

“ ကျနော်တို့နမ့်လန်မှာကိုဗစ် ဖြစ်နေတယ်။ ဘယ်နေရာဖြစ်လဲဆိုတာ ကျနော်တို့အရင်လိုသွားကြည့်မရဘူး။ အိမ်ပြင်ထွက်လို့မရဘူး” ဟု နမ့်လန့်မြို့ ဒေသခံတဦးက ပြောသည်။

တိုက်ပွဲနှင့်ပတ်သတ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက “ အရင်ကတော့သီပေါမြို့နယ်ဘက်ဖြစ်တယ်။ ခုတော့နမ့်လန်ဘက် ရောက်လာတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်သွားနိုင်တယ်။ ဝမ်းစိမ်းကျေးရွာအုပ်စုဘက်ဖြစ်တယ်” ဟု ပြောသည်။

သို့သော် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

တိုက်ပွဲကြောင့် ပြည်သူများတစ်ချို့ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်းသိရသည်။

“ စစ်ဘေးရှောင်အနေနဲ့တော့မရှိသေးဘူး။ တစ်ချို့ကတော့ မြို့ထဲအိမ်ရှိတဲ့သူတွေက ကလေးတွေကိုခေါ်လာပြီးတော့ ထွက်လာခဲ့တယ်။ စစ်ရှောင်တွေစုနေတာတော့ မရှိသေးဘူး” အထက်ပါ နမ့်လန်မြို့ ဒေသခံအမျိုးသားတဦးက ပြောသည်။

ထိုနည်းတူ ဇူလိုင် ၂၂ ရက် မှစတင်ပြီး သီပေါမြို့နယ် နောင်အန်ကျေးရွာအနီးတွင် သျှမ်းတပ် ၂ တပ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...