Tuesday, January 27, 2026

ကွတ်ခိုင် ကိုဗစ် လူနာ အလောင်းကို နေရပ်ပြန်သယ်ရန် ကြိုးစားနေမှုရှိ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ်ဆေးရုံမှာ ဆေးကုသနေသည့် ကိုဗစ်-၁၉ ဖြင့် သေဆုံးသွားသည့် လူနာအလောင်းကို မိသားစုဝင်များ ရွာထဲပြန်သယ်ရန် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင် (၂၅) ရက်နေ့က အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးသွားကာ မိသားစုဝင်များကာ ထိုလူနာကို ကင်ဆာရောဂါ ဖြင့် သေဆုံးသွားသည်ဟု ပြောဆိုပြီး နေရပ်သို့ အလောင်းသယ်ပြန်သွားရန် ကြိုးစားမှုရှိခဲ့သည် ဟု ကွတ်ခိုင် ပရဟိတ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ့သားသမီးတွေက ရွာသယ်ပြန်ချင်တယ်လို့ပြောတယ်။ ဒါပေမယ့် ခွင်မပြုပါဘူး။ ကျန်းမာရေး ဗဟုသုတလိုအပ်သလို အသိနည်းတာပေါ့နော်။ ကျန်းမာရေး အသိရှိဖို့ လိုအပ်တယ်” ဟု ကွက်ခိုင်ပရဟိတ တစ်ဦး ကပြောသည်။

အလောင်းကို ရွာသယ်ပြန်ချင်တာနှင့် ပတ်သက်ပြီး လူနာမိသားစု နှင့် အိမ်နီးချင်းများကို ကျန်းမာရေး အသိပညာအမြန်ဆုံး ပေးရမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကူးစက်မြန် ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကွက်ခိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၆) ဦးရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...

ကွတ်ခိုင်နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကလေးအပါအဝင် အရပ်သား (၇) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရ

0
သျှမ်းပြည် ကွတ်ခိုင်မြို့ပေါ်သို့ လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် (၆) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

ကွတ်ခိုင်မြို့နယ် မန်ဝိန်းပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အရေးယူရန် ဒေသခံတောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...