မြေမြုပ်မိုင်းကြောင့် သျှမ်းပြည်လူထု အသက်ပေါင်းများစွာ စတေးနေရဆဲ

သျှမ်းတောင်တန်းပေါ်မှာ လက်နက်ကိုင် ပဋိပက္ခ မကြာခဏ ဖြစ်ပွားပြီး၊ မြေမြုပ်မိုင်းတွေ အလွန်အကျွံအသုံးပြုကြောင့် ပြည်သူတွေ အသက်ပေါင်းများစွာ စတေးခဲ့ရသလို အသက်ရှင်လျက်နဲ့ သေဆုံးနေသူတွေ များစွာရှိနေပါတယ်။

Save the Children in Myanmar

၂၀၁၁ နောက်ပိုင်းမှာ သျှမ်းမြောက် ကျောက်မဲ၊ နမ္မတူ၊ သီပေါ၊ ကွတ်ခိုင် နဲ့ နမ့်ဆန် ကြော တလျောက်မှာ မြေမြုပ်မိုင်း ဒဏ်ကြောင့် ပြည်သူတွေဟာ နေ့စဉ် နဲ့ အမျှ စိုးထိတ်မှုတွေနဲ့ အသက်ရှင်နေထိုင်ကြရပါတယ်။

မြေမြုပ်မိုင်းကြောင့် တချို့ မိသားစု စားဝတ်နေရေး ပျက်စီးမှုတွေကြုံရ၊ တချို့မိသားစု သေကွဲတွေကြုံရပြီး၊ တချို့ ကတော့ အသက်ရှင်လျက်သေဆုံးနေတဲ့ ဘဝရောက်ရှိသွားရတဲ့ဘဝတွေဟာ မနည်းလှပါဘူး။

သျှမ်းတောင်တန်းပေါ်မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တိုက်ပွဲဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့တိုက်ပွဲကလည်း ရှိနေပါတယ်။

ထိုဒေသမှာတော့ စစ်ကောင်စီ လက်အောက်ခံ တပ် ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ သွားလာလှုပ်ရှားတဲ့နယ်မြေတွေဖြစ်ပါတယ်။

နယ်မြေစိုးမိုးရေးအားပြိုင်မှုကြောင့် ဖြစ်ပွားလာတဲ့ စစ်ရေးပဋိပက္ခတွေ မှာ မြေမြုပ်မိုင်းကို အလွန်အကျွံသုံးစွဲတဲ့အတွက် မဖြစ်သင့်တဲ့ ပြဿနာ နောက်ဆက်တွဲတွေဖြစ်လာပြီး၊ အခံရဆုံးက ပြည်သူတွေတာ ဖြစ်တယ်လို့ သျှမ်းမြောက်ဒေသမှ တအာင်းအမျိုးသမီး အဖွဲ့ (TWO) မှ တာဝန်ခံ တစ်ဦးက ပြောပြပါတယ်။

“ဘယ်သူက ထောင်တဲ့မိုင်းလည်း မသိ ပဋိပက္ခ ဖြစ်ပြီဆိုရင် သေချာတယ် မိုင်းတွေက ရှိနေတယ်။ ခုထိလည်း အဲ့မျိုးပဲ ပဋိပက္ခကြောင့် တိုက်ပွဲဖြစ်ပြီဆိုရင် စစ်လက်နက်ကျန် ကတော့ မိုင်းတွေကျန်တယ်” ဟု တအောင်း အမျိုးသမီး တာဝန်ခံ တစ်ဦးက မြေပြင် ဖြစ်ပွားနေတာကို ပြောပြပါတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတိုင်း မြေမြုပ်မိုင်းအသုံးပြုကြသလို ပဋိပက္ခတွေ ရပ်ဆိုင်းသွားချိန်မှာတော့ မြေမြုပ်မိုင်းကို ပြန်လည်ရှင်းလင်းပေးမှုမရှိကြပေ။

ယခုနောက်ပိုင်းမှာတော့ အများပြည်သူပိုင်ဆိုင်တဲ့မြေ၊ သွားလာတဲ့လမ်းပေါ်မှာ မိုင်းကို ထောင်ထားတဲ့အတွက် တောင်သူတွေ လုပ်ငန်းခွင်သွားချိန် မိုင်းနင်းမိတဲ့ပြဿနာ ဟာ အများဆုံးဖြစ်ကြောင်းလည်း တအာင်းအမျိုးသမီး က ရှင်းပြပါတယ်။

Save the children in Myanmar

“တိုက်ပွဲဖြစ်ရင် မြေမြုပ်မိုင်းတွေကို အသုံးပြုကြတယ်။ တိုက်ပွဲတွေ ပြီးသွားရင်တော့ ပြန်သိမ်းဆည်းတာ ရှင်းလင်းတာ မရှိဘူး။ ဒါ့ကြောင့် တောင်ယာသွားလို့ မိုင်းနင်းမိ သေတာ၊ ခြေထောက်ဖြတ်ခံရတာ နည်းတာမဟုတ်ဘူး” လို့ ၎င်း အမျိုးသမီး က ဆိုပါတယ်။

မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် သေဆုံးသူ တွေဟာ တလမှာ (၄) ဦးမှ (၅) ဦးထိ ရှိပြီး တစ်ခါတစ်လေ တစ်လတည်း (၁၀) ဦးထိရှိပါတယ်။

မြေမြုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်စတေးခဲ့၊ ဘဝဆုံးခဲ့ရပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ မြေမြုပ်မိုင်းကိစ္စကို အပြန်အလှန် ငြင်းပယ်နေကြဆဲပါ။

“ မြေမြုပ်မိုင်း ကြောင့် ဒေသခံတွေက သေဆုံးတယ်။ ကိုယ့်ထောင်တဲ့မိုင်းကိုယ်အသိဆုံးပဲလေ။ ဒါပေမယ့် သူတို့တွေ က အပြန်အလှန်ငြင်းကြတယ်။ မိုင်းထိပြည်သူတွေကိုလည်း ကူညီပေးတာမရှိသလောက်ပဲ” လို့ မြေမြုပ်မိုင်းနင်းမိတဲ့ သူတွေကိုကူညီပေးနေတဲ့ တအာင်းအမျိုးသမီး ကဆိုပါတယ်။

ပဋိပက္ခဒေသအတွင်းမှာနေထိုင်တဲ့ ပြည်သူတွေကို မြေမြုပ်မိုင်း အန္တရာယ် အသိပညာပေးမှုတွေ မကြာခဏ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

“မြေမြှပ်မှိုင်းနဲ့ ပတ်သက်ပြီး ကျမတို့ရွာကို အသိပညာလာပေးတာရှိတယ်။ တောင်ယာတွေ သွားပြီး ထူးခြားတဲ့အထုပ်တွေ တွေ့ရင် သွားမယူဖို့၊ သွားမလုဖို့ နဲ့ လမ်းပေါ်မှာ ကျထားတဲ့ အထုပ်တွေ တွေ့ရင် ရွာသားတွေကို အသိပေးဖို့ နောက် လယ်ယာသွားရင် မြေမြုပ်မိုင်း အန္တရာယ်ကို သတိရှိဖို့ တွေပြောပါတယ်” – လို မြေမြုပ်မိုင်း ပညာပေးမှုမှာ ပါဝင်ကူညီပေးတဲ့ နမ္မတူမြို့နယ်က ရွာခံ ပါ့နန်းက ပြောပြပါတယ်။

မြေမြုပ်မိုင်း အန္တရာယ်တွေ နဲ့ပတ်သက်ပြီး ပညာပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့လည်း ကိုယ်နယ်မြေ တပ်စခန်းကို ကာကွယ်ဖို့ အတွက် မြေမြုပ်မိုင်းကို ယနေ့ထိတိုင်း အသုံးပြုနေကြဆဲပါ။

မြေမြုပ်မိုင်းအသုံးပြုမှု ကို နိုင်ငံတကာ ပိတ်ပင်တားဆီးထားပေမယ့် မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း အများဆုံး အသုံးပြုတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ ၂၀၀၇ မှ ၂၀၁၉ ထိ သျှမ်းပြည် ဟာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၆.၆ ရာခိုင် နှုန်းရှိပြီး၊ ကချင် က ၂၆.၅ ရာခိုင်နှုန်း နှင့် ကရင် က ၂၀ရာခိုင်နှုန်း ကာ သျှမ်းပြည် က အမြင့်ဆုံးဖြစ်ကြာင်း မြန်မာနိုင်ငံ မြေမြုပ်မိုင်း သတင်း သုတေသန ပြုလုပ်တဲ့ (MIMU) ၏ စာရင်းတွင် ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်း ရှင်းလင်းရေးကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရှင်းလင်းမှုပြုလုပ်မယ်လို့ ပြောဆိုခဲ့ပေမယ့် ယနေ့ထိတိုင်း မအောင်မြင်သေးတဲ့ကိစ္စရပ်တခုပါ။

မိုင်းနင်းမိသောသူအများဆုံးဟာ မိသားစု စားဝတ်နေရေးအတွက် အဓိက ဝင်ငွေ ရှာဖွေနေတဲ့ သူဖြစ်ပြီး၊ မိုင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားကာ မိသားစု စားဝတ်နေရေး၊ ကလေးပညာရေး ထိခိုက်သွားတဲ့ ပြည်သူတွေ များစွာရှိနေပါတယ်။

“ မိုင်းနင်းမိတဲ့သူတွေ အများစုက မိသားစုဝင်ငွေရှာသူတွေ၊ သူတို့ မိုင်းကြောင့် ဘဝတွေပျက် မိသားစုစားဝတ်နေရေး ကလေးပညာရေးပါထိခိုက်သွားတာ အများကြီးပါ။ လူကြီးတွေ က အလုပ်မလုပ်နိုင်တော့ ကလေးတွေ ကျောင်းထွက် အလုပ်လုပ်နေရတာတွေရှိတယ်” လို့ ကျောက်မဲမြို့ ပရဟိတ လူမှုကူညီရေး အသင်းမှ စိုင်းမောင် က ပြောပါတယ်။

မိုင်းနင်းမိသူအများစုဟာ တောင်ယာသွားသူ၊ လုပ်ငန်းခွင်သွားတဲ့အချိန်ဖြစ်သလို တောင်ပေါ် ဟင်းရွက် ရှာထွက်ချိန် လက်ဖက်ခူးချိန် မှာ ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ မြေမြုပ်မိုင်းနင်းမိသူများကို ကူညီနေတဲ့အဖွဲ့တွေက ဆိုကြပါတယ်။

“မိုင်းနင်းမိတာတော့ တူတော့ မတူကြဘူး။ အများအားဖြင့်တော့ လုပ်ငန်းခွင်သွားတဲ့အချိန်မှာ အထူးသဖြင့် တောင်ပေါ်ဒေသဆိုရင်တော့ လုပ်ငန်းတွေက တောတောင်ထဲပဲ ရှိတယ်ဆိုတော့ အလုပ်ခွင်သွားတဲ့ချိန်မှာ နင်းမိတဲ့ဟာ အများအားဖြင့်တော့ အလုပ်သွားနေတဲ့ချိန်မှာ မိုင်းထိတာများတယ်” ဟု ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။

၂၀၁၉ ခုနှစ်က မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၁၀) ဦးကို ဝါးလက်မှု သင်တန်းများ ဖွင့်ပေးခဲ့တာမျိုးများရှိခဲ့ပေမယ့် ထိရောက်မှု မရှိကြောင်း ကျောက်မဲမြို့ မိုင်းထိသူများကို သင်တန်းပေးတဲ့ အမည်မဖော်လိုသည့် လူငယ်တစ်ဦး က ပြောပြသည်။

“မိုင်းထိမိတဲ့ သူတွေကို ဝါးလက်မှု သင်တန်းကျောင်း ပေးခဲ့ဖူးတာရှိတယ်။ ၂၀၁၅ ကနေ မြေမြှပ်မိုင်း အသိပညာပေး အန္တရယ်တွေ နဲ့ ပတ်သက်ပြီး စလုပ်လာတာ။ ၂၀၁၉ လောက်မှ လူ (၁၀) ဦးလောက် သင်တန်းပေးနိုင်တယ်ဆိုတော့ လွမ်းခြုံမှုတော့ မရှိဘူး” လို့ ကျောက်မဲ လူငယ်တစ်ဦးကပြောပါတယ်။

သျှမ်းမြောက်ဒေသဟာ ယနေ့အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြပြီး၊ တချို့ လက်နက်ကိုင် ဟာ အရပ်သားအသုံးပြုတဲ့ လမ်း၊ ပြည်သူပိုင် တောင်ယာပေါ် မြေမြုပ်မိုင်း ခံတပ်အဖြစ် ပြုလုပ်ခဲ့ကာ စစ်ဆင်ရေး ပြီးစီးပါက မိုင်းရှင်းလင်းရေးကို တခါတည်းပြုလုပ်ပေးရန် ဒေသခံများက တောင်းဆိုလိုက်ကြပါတယ်။

“ ဘယ်လက်နက်ကိုင်မဆို မြေမြုပ်မိုင်းတွေ မသုံးစေချင်ဘူး။ မြေမြုပ်မိုင်းကြောင့် တောင်ယာမလုပ်ရဲ၊ တောထဲ အစာမရှာရဲတဲ့ဘဝတွေ ရောက်ကုန်ပြီ” လို့ ကျောက်မဲလူငယ်တစ်ဦးက ဆိုပါတယ်။

သျှမ်းတောင်တန်းပေါ်က မြေမြုပ်မိုင်း ဟာ သျှမ်းပြည်သူတွေရဲ့ အသက်ကို နေ့စဉ်နဲ့အမျှ ဝါးမြိုနေကြတာကို လက်နက်ကိုင် တော်လှန်ရေး သမားတွေ မနေနဲ့ ဘယ်လို ဆက်ဖြေရှင်းပေးမလဲဆိုတာ အလွန်ပင် စဉ်းစားစရာဖြစ်ပါတယ်။

မြေမြုပ်မိုင်း အသိပညာပေးမှုကို ပြည်သူကိုပဲ ပို့ချလို့ မရတဲ့ ကိစ္စဖြစ်ပြီး၊ မြေမြုပ်မိုင်းပြုလုပ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးလည်း တာဝန်ရှိပြီး၊ မြေမြုပ်မိုင်း ရှင်းလင်းရေးဟာ လက်နက်ကိုင် ပဋိပက္ခ ပါဝင်နေတဲ့သူတွေ အားလုံး နဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတခုဖြစ်ကြောင်း မြေမြုပ်မိုင်းပညာပေးလုပ်ဆောင်သူတွေက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...