Tuesday, January 27, 2026

ကျောက်မဲခရိုင် သေနတ်ထောက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးခိုင်းနေသည့် သတင်းထွက်ပေါ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့နယ်ရှိ ကျေးရွာတွင် လက်နက်ကိုင်တပ်ဖွဲ့ တချို့က သေနတ်ဖြင့်ထောက် ခြိမ်းခြောက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသည်ဟု သတင်းထွက်ပေါ်နေ ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တချို့ က ကျေးရွာပြည်သူများကို သေနတ်ဖြင့် ထောက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လိုက်လံထိုးပေးနေပြီး၊ မထိုးပါက ပိုက်ဆံပေး နေရသည် သတင်းထွက်ရှိသဖြင့် ကျေးရွာသားများ ကြောက်လန့်ထွက်ေပြေးနေရကြောင်း သိရသည်။

အဆိုပါ သတင်းကိစ္စသည် မည်သည့်မှ စတင်ထွက်ပေါ်လာသည်ကို မသိရှိကာ ဒေသခံများကို သျှမ်းသံတော်ဆင့် က လိုက်လံ မေးမြန်းသော်လည်း သတင်းအတိအကျ မသိရှိကြောင်း၊ သို့သော်လူမှုကွန်ရက် စာမျက်နှာတွင် ရေးတင်ထားသည့်အတွက် စိုးရိမ်ထိတ်လန့်နေသဖြင့် ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ထိုဒေသတွင်နေထိုင်သူများက ပြောသည်။

“မနေ့က စစ်တပ်ကနေ ပြီး တအိမ်တက် တအိမ်ဆင်း ကိုဗစ်ကာကွယ်ဆေးလိုက်ထိုးပေးနေတာ၊ မထိုးမနေရ၊ သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်တယ်လို့ ကြားတာပဲ၊ မထိုးရင် ပိုက်ဆံပေးရမယ်လို့လည်း ပြောတယ်” ဟု ကျောက်မဲမြို့ တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

ထိုသတင်းကြောင့် ကျေးရွာသာများသည် မူလ ကျေးရွာတွင် မနေထိုင်ရဲတော့ဘဲ တခြား ကျေးရွာသို့ ပြောင်းရွှေ့နေရကြောင်း၊ တချို့မှာလည်း ရွာထဲတွင် တိတ်တဆိတ် မီးအမှောင်ချကာ နေနေရကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသား က ပြောပြသည်။

“ အဲ့လိုတွေ ကြားပြီး ရွာကတချို့သူတွေ တစ်ခြားရွာကို ပြောင်းသွားကြသေးတယ်၊ မနေ့ညဆို တစ်ရွာလုံး တိတ်ဆိတ်မှောင်မဲနေတာပဲ” ဟု ၎င်းက ဆိုသည်။

ထိုနည်းတူ သီပေါမြို့နယ် တွင်လည်း သေနတ်ထောက်ပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခိုင်းနေသည့် သတင်းကြောင့် ထိတ်လန့်ခဲ့ရကြောင်း သိရသည်။


“မနေ့ နေ့လည်က Facebook သုံးရင်း တွေ့လိုက်တာ၊ ကိုဗစ်ကာကွယ်ဆေးထိုးပေးတယ် ဆိုပြီး ရုတ်တရက်ဆိုတော့ ကောင်းတာပေါ့လို့တောင် စဉ်းစားမိလိုက်သေးတယ်၊ ဒါပေမယ့် ပိုစ့်တင်ထားတာက သေနတ်ထောက်ပြီး မထိုးမနေရ ထိုးရတယ်၊ ရွာသားတစ်ချို့ ထွက်ပြေးနေပြီဆိုတော့ အရမ်းကို ထိန့်လန့်သွားတယ်” ဟု သီပေါမြို့အနီးတွင် နေထိုင်သည့် ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး ကောလဟာလသာဖြစ်ကြောင်း ကျောက်မဲမြို့ရှိ လူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ခုလို ပြောသည်။

“အဲ့သတင်းက ကောလဟာလပါ၊ ကိုဗစ်ကာကွယ်ဆေးကို အမှန်တကယ် ထိုးမယ် ဆိုရင် သူတို့ တပ်ထဲ အရင်ထိုးမှာပေါ့၊ ပြီးမှ ပြည်သူတွေကို ထိုးပေးမှာပေါ့၊ နောက်ပြီး ဘယ်နေ့ ဘယ်ချိန် ဘယ်နေရာမှာ စုရပ် လုပ်ပြီး ထိုးမယ် ဆိုပြီး ကြေညာမှာပေါ့၊ ခုက ကျေးရွာတွေမှာ တစ်အိမ်တက်ဆင်း မထိုးမနေရ ထိုးပေးနေတယ် ဆိုတာက ဖြစ်နိုင်ပါ့ မလား၊ စဉ်းစားကြည့်သင့်တယ်” ဟု လူမှုရေးအသင်းအဖွဲ့တွင် ပါဝင်ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ယခုခေတ်ကာလ အလျောက် ဖုန်း၊ အင်တာနက် အသုံးပြုမှုများပြီး သတင်းပျံ့နှံ့မှု မြန်ဆန်သည့်အတွက် ပြည်သူများအနေဖြင့် ချင့်ချိန်ပြီးမှ ယုံကြည်သင့်ကြောင်း၊ ကိုဗစ်ကူးစက်မှုကြောင့် ပြည်သူများစွာ သေဆုံးနေရပြီး ခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရသည့်အတွက် အဆိုပါ သတင်းမှားအား ထပ်ဆင့်ဖြန့်ဝေသူများအနေဖြင့်လည်း သတိထားသင့်ကြောင်း ၎င်းမှ အသိပေး တိုက်တွန်းထားသည်။

“ကာကွယ်ဆေးက လွယ်လွယ်နဲ့ ထိုးလို့ရတာမှ မဟုတ်တာ၊ ကာကွယ်ဆေး ရှိတယ်ဆိုရင်တောင် အနည်းဆုံး ကျန်းမာရေးဝန်ထမ်းပါရမယ်၊ ပရဟိတ အဖွဲ့၊ ဒါမှမဟုတ် စေတနာ့ဝန်ထမ်းတွေပါရမယ်။ ကာကွယ်ဆေးထိုး မယ်ဆိုတာ ဘာမှကို မကြားရသေးဘူး” ဟု ကျောက်မဲမြို့မှ ပရဟိတဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း ထွက်ပေါ်နေသည့် ကျေးရွာပြည်သူများကို ထိုးပေးမည့် ကာကွယ်ဆေးသည့် တရုတ်နိုင်ငံထုတ် ဆေးဖြစ်ပြီး၊ ထိုဆေးထိုးပြီး သေဆုံးမှု တချို့ ရှိသည့်အတွက် ပြည်သူများက ထိတ်လန့်ကာ ထွက်ပြေးနေကြခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသတင်းထွက်ပေါ်မှုများမှာ မြို့နဲ့ အနီးဒေသတွင် စစ်ကောင်စီ တပ်ဖွဲ့မှ ခြိမ်းခြောက်ပြီး၊ ကျေးရွာများတွင် လက်နက်ကိုင်တပ်ဖွဲ့က ခြိမ်းခြောက်ကြောင်း သတင်းထွက်ပေါ်ခဲ့သည် ဟု သီပေါမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကိုဗစ်ကာကွယ်ဆေးက တရုတ်ပြည်က လာတဲ့ဆေးဖြစ်တယ်။ နောက် ကြားရတာ အဲ့ဆေးထိုးပြီး သေတဲ့သူရှိတယ်လေ။ ဒါကြောင့် ကျနော်တို့ ထိုးရမှာ တော့ ကြောက်တယ်” ဟု သီပေါလူငယ်တစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ သည်လည်း တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယခုရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ထိုးနှံထားပြီးဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

သီပေါမြို့နယ် SSPP ထိန်းချုပ် စိန်ကျော့တပ်စခန်းအနီး MNDAA ဆက်လက်ပိတ်ဆို့တပ်စွဲထား

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းသို့ ဦးတည်ထားသည့် လမ်းကြောင်းအားလုံးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က နေရာယူ တပ်စွဲထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ စတင်ဖြစ်ပွားခဲ့သည့် SSPP/SSA နှင့် MNDAA တို့အကြား စစ်ရေးပဋိပက္ခသည် နှစ်ပတ်ကျော်...