ကျေးသီးမြို့နယ် RCSS နှင့် SSPP တိုက်ပွဲဖြစ်၊ ဒေသခံ (၂၀၀) ထွက်ပြေးနေရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ကျေးသီမြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀) နီးပါး ကျေးသီးမြို့နယ် နောင်ဆွမ်းကျေးရွာ ဘုန်းကြီးကျောင်းသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့(ဇွန် ၁)ရက် မနက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့သည် ကျေးသီးမြို့ နှင့်...
ပင်လုံဈေးမီးလောင်မှာ စိုးရိမ်သဖြင့် ကုန်ပစ္စည်းများ နေအိမ်သို့ ပြောင်းရွှေ့
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့မဈေး မီးလောင်မည်ကို စိုးရိမ်သဖြင့် ဈေးသည်များက ကုန်ပစ္စည်းများကို နေအိမ်သို့ ပြန်လည်သယ်ဆောင်နေရကြောင်း စုံစမ်းသိရှိရသည်။ မြန်မာပြည်အနှံ့ယခုရက်ပိုင်း မြို့မဈေးတွင် ဗုံးပေါက်ခြင်း၊ မီးလောင်းခြင်းများဆက်တိုက်ဖြစ်နေသဖြင့် ပင်လုံဒေသခံများလည်း ဈေးမီးလောင်မည် ကို စိုးရိမ်မှုများစွာရှိနေကြသည်။ ထို့အပြင် ယမန်နေ့ (ဇွန် ၁)ရက် ည (၁၀)နာရီဝန်းကျင်တွင် ပင်လုံမြို့မဈေး အနီးတဝှိက်...
စစ်တပ်ဝိုင်းရံသည့် မိုင်းယောင်းမြို့နယ် ကျောင်းတက်သူများ ရက်သတ်မှတ်ပြီး စာသင်
SHAN -
စစ်ကောင်စီ တပ်စခန်း ဝန်းရံထားသည့် သျှမ်းရှေ့မိုင်းယောင်းမြို့နယ်အတွင်း ကျောင်းသားဦးရေ အလိုက် ရက်သတ်မှတ်ပြီး စာသင်နေပြီး၊ ကျောင်းတက်သူဦးရေသည် တခြားမြို့နယ်ထက်များကြောင်း စုံစမ်းသိရသည်။ ဇွန် (၁)ရက် မှစတင်ကာ စစ်ကောင်စီ ၏ အမိန့်အရ မြန်မာတဝှမ်းလုံးရှိ ပညာသင်ကျောင်းများပြန်ဖွင့်ခဲ့ပြီး သျှမ်းပြည်အတွင်းရှိ တခြားမြို့နယ်များတွင် ကျောင်းတက်သူအများစု စစ်တပ်မိသားစုဝင်များဖြစ်ကြပြီး၊ ကျောင်းတွင် စစ်ကောင်စီ...
ကျောက်မဲ အမြောက်တပ်အနီးရှိ ပညာရေးကျောင်း ဗုံးတွေ့
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အမြောက်တပ်အနီးရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အဝင်တံခါးပေါက်တွင် ယနေ့ ( ဇွန် ၂) ရက် မနက် (၈)နာရီခွဲ၌ ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ “ဗုံးတွေ့တော့ တာဝန်ရှိသူတွေ လာဖောက်ခွဲလိုက်တယ်။ အဲ့ကျောင်းက တပ်မိသားစုတွေ ဝန်ထမ်းမိသားစုတွေ တက်ကြတာ။ အခုတော့...
ဆီဆိုင်တွင် PNO အင်အားဖြည့်တင်းမှုရှိလာ
SHAN -
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ဖွဲ့စည်းကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဆီဆိုင်မြို့ အနီးတစ်ဝိုက်တွင် ပအိုဝ်းအမျိုးသား အစည်းအရုံး( PNO) အင်အားဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။ မေလ ၂၉ ရက်နေ့တွင် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်အပြီးတွင် ဆီဆိုင်မြို့အနီးတဝှိက်တွင် ပြည်သူ့စစ် အဖြစ် ရပ်တည်နေသော...
ကရင်နီ စစ်ရှောင်များကို ခက်ခက်ခဲခဲ သွားရောက်ကူညီထောက်ပံ့နေရ
SHAN -
ကရင်နီပြည် (ကယားပြည်) တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာ ရှိကြောင်း စုံစမ်းသိရသည်။ ကရင်နီတွင် ရှိနေသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာရှိကြောင်း၊ သွားရောက်ကူညီရာတွင်လည်း စစ်ကောင်စီ အုပ်စု က စောင့်ဆိုင်းကာ...
သီပေါမြို့ စစ်ရှောင် (၂၅၀)ကျော်နေရပ်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် (၂၅၀) ကျော် ယနေ့ ဇွန် (၁) ရက်တွင် နေရပ်သို့ ပြန်သွားကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ခဲ့ရသည့် မန်လီဒေသခံများ၊ ပန်လုံဒေသခံများ နှင့်...
ကျောင်းစဖွင့်ရက် စစ်တပ်လုံခြုံရေးစောင့်ဖြင့် ကျောင်းတက်နေရ
SHAN -
သျှမ်းပြည်တဝှမ်း ယနေ့ (ဇွန်၁)ရက်ကျောင်းဖွင့်ရက်တွင် စစ်တပ်လုံခြုံရေး အပြည့် စောင့်ပြီး၊ ကျောင်းလာတက်သူအများစုသည် စစ်တပ်မိသားစုဝင်များသာဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇွန် (၁) ရက်တွင် စစ်ကောင်စီ ၏ အမိန့်အရ မြန်မာနိုင်ငံတဝှမ်း ကျောင်းဖွင့်လှစ်ကာ ကျောင်းလာတက်သည့် သူများသည် တပ်မိသားစုဝင် အများစုဖြစ်ကြသည်။ “ကျောင်းလာတက်တဲ့သူ သိပ်မများဘူး။ စစ်တပ်က ကလေးတွေပဲ...
ထိုင်းနိုင်ငံ မှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦး မြန်မာသို့ လွှဲအပ်ရာ ကိုဗစ် ( ၇) ဦးတွေ့
SHAN -
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့သည့် (၁၀၉) ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံမှ ယနေ့ (ဇွန် ၁)ရက် မနက်ပိုင်းတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့သည့် မြန်မာရေ့ွှပြောင်း အလုပ်သမား (၁၀၉ )ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်းသိရသည်။ ထိုပြစ်ဒဏ်စေ့သူ...
ဆီဆိုင်မြို့ တွင် တဖက်သတ် သေနတ်ပစ်သံကြားရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့တွင် ယမန်နေ့ (မေ ၃၁)ရက် ည ၁၀နာရီ တွင် တဖက်သတ် သေနတ်ပစ်သံများ ကြားနေရကြောင်း စုံစမ်းသိရသည်။ ထိုသေနတ်ပစ်သံသည် ဆီဆိုင်မြို့ တောင်ဘက်တွင် တဖက်သတ် ပစ်ခတ်နေသည့်အသံဖြစ်ကြောင်း၊ သေနတ်သံ (၁၀)ချက် နှင့် လက်နက်ကြီးသံ(၃)ချက် ကြားရကြောင်း အမည် မဖော်လိုတဲ့...





