သီပေါမြို့နယ် စစ်ဒဏ်ကြောင့် လယ်ယာမသွားနိုင် စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုရှိ ကျေးရွာတစ်ချို့ စစ်ဒဏ် နှင့် လယ်ယာမလုပ်နိုင်သည့် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဆွန်လုံကျေးရွာအုပ်စုရှိ ချောင်ဆုံကျေးရွာ မှ (စစ်ရှောင်ပြည်သူများ) နှင့် ဟာလျံကျေးရွာ နှင့် ဆွန်လုံ ကျေးရွာ ပြည်သူတို့သည် စားသောက်မှု အတွက် အခက်ခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

“ချောင်းဆုံရွာက ဒေသခံတွေက ဆားငံသီး ခြံပဲရှိတယ်။ ဆားငံသီး ယူမယ့်ချိန် သူတို့တွေ စစ်ဘေး တိမ်းရှောင်နေရတယ်။ တပေါင်းလဆို ဆားငံသီးတွေ အကုန်ယူရမယ်။ ဒါပေမယ့် အဲ့ချိန်တုန်းက သူတို့ စစ်ဘေးတိမ်းရှောင်နေရတယ်။ ပြီးတော့ ဈေးလဲ မရတော့ သူတို့မှာ ဝင်ငွေမရှိဘူး။ စားနပ်ရိကာတွေ အခက်ခဲဖြစ်တယ်” ဟု သီပေါမြို့မှ စားနပ်ရိကာများကို သွားရောက်ကူညီပေးသူ အမျိုးသမီး တစ်ဦး ကပြောသည်။

သြဂုတ် (၂၉) ရက်နေ့က သွားရောက်ကူညီပေးသည့် ဆွန်လုံကျေးရွာ၊ ဟ
ာလျံကျေးရွာ နှင့် ချောင်းဆုံ ကျေးရွာတို့သည် နမတူချောင်းဘေးတစ်လျှောက်မှာရှိပြီး ကားလမ်းမရှိခြင်း၊ ဆိုင်ကယ်ဖြင့်သာ သွားလာလို့ရပေမယ့် ကား၊ ဆိုင်ကယ် မရှိသဖြင့် ရေလမ်းဖြင့်သာ သွားလာရပြီး ထိုကျေးရွာများသည် ဆားငံသီးခြံ နှင့် ပြောင်းခြံသာ စိုက်ပျိုးလုပ်ကြကြောင်း စုံစမ်းသိရှိရသည်။

“နှစ်ဖက်တပ် စစ်ရေး တင်းမာတာတွေရှိသေးတယ်။ သူတို့တွေက ခုချိန်ထိ ခြံမသွားလုပ်ရဲဘူး။ သွားရင် မိုင်းတွေ နင်းမိမှာကြောက်တယ်။ သူတို့ဆီက တစ်ချို့ဆို ဆန်ပြုတ်တွေပဲစားရတယ်။ ဘာမှစားစရာ မရှိဘူး။ အရမ်းအခက်ခဲဖြစ်လို့ ကျမတို့ကို ပြောလာတယ်” ဟု သွားရောက်ကူညီပေးသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်မရေချောင်းဘေးတစ်လျှောက် တည်ရှိသည့် ဆွန်လုံကျေးရွာအုပ်စုရှိ ဖာလိုင်းကျေးရွာတွင် ကမ်း (၂) ဘက် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း စစ်ရေးတင်းမာမှုရှိနေသဖြင့် ပြည်သူများ အခက်ခဲဖြစ်နေကြောင်း သိရှိရသည်။

“အလုပ်မသွားရတော့ သူတို့တွေ ဘုန်းကြီးကျောင်းမှာ သွားတောင်းစားတာတွေရှိတယ်တဲ့။ ကျောင်းမှာ အလှူတွေလုပ်ရင် သွားကူပြီး အဲ့လိုပဲ သွားစားတာတယ်ပေါ့။ ပလာစီတစ်မော့ဆေး တစ်လုံးကို (၁၅၀) ကျပ်ပေးရတယ်။ နှစ်ဖက်တပ်က စစ်ရေးတင်းမာနေတယ်။ ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်းပေါ့နော်။ ပြည်သူတွေက ကြားထဲကနေ ဒုကရောက်တာပေါ့နော်” ဟု သီပေါဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖာလိုင်းကျေးရွာသည် အိမ်ခြေပေါင်း (၂၀၀) ခန့်ရှိပြီး လူဦးရေ (၇၀၀) နီးပါးခန့်ရှိပြီး ရေလမ်းဖြင့်သာ အဓိက သွားလာနေကြကြောင်း သိရှိရသည်။

“ရေချာင်းဘေးတစ်လျောက်က ကျေးရွာတွေလည်း စားနပ်ရိကာ အတွက် အခက်ခဲဖြစ်နေတယ်တဲ့။နိုင်ငံရေးက တည်ငြိမ်မှု မရှိဘူး။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းရဲ့ တားဖြစ်ချက်တွေရှိတော့ မြို့ကို လာမယ်ဆိုရင်လည်း ကျန်းမာရေးထောက်ခံစာတွေ လိုအပ်တယ်။ သူတို့အခက်ခဲတွေ ကျမတို့ဆီက အကူညီတောင်းလာတာလဲ တအားများနေပြီ” ဟု သီပေါ ပရဟိတ အမျိုးသမီး တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ (၁) ရက်သည် စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းခြင်း၊ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုနှုန်းများပြားလာသည့်အတွက် မြို့အဝင်အထွက်များ အသွားအလာ တားမြစ်ခြင်း၊ထိုနည်းတူ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ စိုက်ပျိုးရာသီမှာ မစိုက်ပျိုးရပဲ စစ်ဘေးတိမ်းရှောင်နေရသဖြင့် ပြည်သူများ အခက်ခဲများစွာ ရင်ဆိုင် ကြုံတွေ့နေရသည်။

သျှမ်းတပ် (၂)တပ်သည် ဇွန်လဆန်းပိုင်းက စတင်ကာ နယ်မြေ အငြင်းပွားမှု ပြသာနာဖြင့် အပြန်အလှန်တိုက်ခိုက်နေကြပြီး ထိုတိုက်ပွဲကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာရပြီး စစ်ရှောင်နေရသည်။

လက်ရှိကာလမှာ ကိုဗစ် ကူးစက်မှုနှှုန်းမြင့်တက်လာပြီး စီးပွားရေး အခက်ခဲကြား သျှမ်းတပ် (၂) တပ် တိုက်ပွဲ ထပ်မံဖြစ်ပွားမှုကြောင့် သျှမ်းလူထုများသည် အခက်ခဲပေါင်းများစွာ ကြုံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...