Wednesday, January 28, 2026

မုံးကိုးမြို့နယ် စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း (၁၇) လောင်းတွေ့

သျှမ်းပြည် မြောက်ပိုင်း မုံးကိုးမြို့နယ်ရှိ ရွာဟောင်းတည်နေရာဖြစ်ဖူးသည့် နမ့်ဟူး နှင့် ရစ်ခူးကျေးရွာ လမ်းထောင့်တွင် စစ်ကောင်စီ တပ်သားဟု ယူဆသည့် စစ်ကောင်စီယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်း (၁၇) လောင်း တွေ့ရှိရကြောင်း သတင်းသိရသည်။

“ဒီနေရာက အရင်က ရွာရှိခဲ့ဖူးပါတယ်၊ ရွာနေရာဟောင်းဆိုတော့ သိတဲ့အတိုင်း ချုံတွေက ဟိုတစ်အုပ် ဒီတစ်အုပ်နဲ့ ဆိုတော့ တော်ရုံဆို မြင်ရမှာ မဟုတ်ဘူး၊ ဒါမဲ့ဖြစ်ချင်တော့ ဒီနေ့မှာ တခြားရွာက လာတဲ့ ရွာသားတစ်ယောက်က ဒီဖက်ဖြတ်သွားရင်း မြင်ပြီးလာပြောလို့ သွားကြည့်ကြတာ အလောင်းက (၁၇) လောင်း တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နမ့်ဟူး နှင့် ရစ်ခူးကျေးရွာ တို့၏ ကျေးရွာချင်းဆက်လမ်း ဆုံသည့်လမ်းထောင့်နေရာအနီးသည် အရင်တွင် ရွာတစ်ရွာရှိခဲ့ဖူးကြောင်းနှင့် လက်ရှိတွင်လည်း လူသူမနေတော့သည့် အတွက် ရွာဟောင်းနေရာသာ ဖြစ်ကြောင်းလည်း သိရသည်။

စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား အလောင်းများသည် မည်သည့်တိုက်ပွဲမှ ကျဆုံးသည့် စစ်ကောင်စီ အလောင်းဖြစ်ကြောင်း မသိရှိကြောင်းလည်း ဒေသခံများကဆိုသည်။

ထို့အပြင် အဆိုပါ စစ်သား ၁၇ ယောက် ရုပ်အလောင်းတွေ့ရှိရသည့် မနီးမဝေးနေရာတွင် ရပ်တန့်ထားသည့် ကားတစ်စီးရှိနေပြီး အဆိုပါ ကားပေါ်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီး နှစ်ဦးအလောင်း လည်း တွေ့ရကြောင်း သိရသည်။

“အရင်က ဒီဖက်မှာ ဒီလိုမရှိဖူးဘူး၊ ကျနော်တို့ ဒီမုံးကိုး အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတော့ တခြားရွာက ရွာသားတွေကို သတ်ပီး သူတို့ အဝတ်ဝတ်ပေးလိုက်တာလားလို့လည်းတွေးမိတယ်၊ ပြီးတော့ အမျိုးသမီးနှစ်ဦးအလောင်းလည်း တွေ့ရတော့၊ ဒါက တွေးစရာပဲ”ဟု မုံးကိုးမြို့ခံ လူငယ် တစ်ဦးက ဆိုသည်။

အဆိုပါ ရုပ်အလောင်းများ ကိစ္စနှင့် ပက်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်း ကြားထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...