မုံးကိုးမြို့နယ် စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း (၁၇) လောင်းတွေ့

သျှမ်းပြည် မြောက်ပိုင်း မုံးကိုးမြို့နယ်ရှိ ရွာဟောင်းတည်နေရာဖြစ်ဖူးသည့် နမ့်ဟူး နှင့် ရစ်ခူးကျေးရွာ လမ်းထောင့်တွင် စစ်ကောင်စီ တပ်သားဟု ယူဆသည့် စစ်ကောင်စီယူနီဖောင်းဝတ်ဆင်ထားသည့် အလောင်း (၁၇) လောင်း တွေ့ရှိရကြောင်း သတင်းသိရသည်။

“ဒီနေရာက အရင်က ရွာရှိခဲ့ဖူးပါတယ်၊ ရွာနေရာဟောင်းဆိုတော့ သိတဲ့အတိုင်း ချုံတွေက ဟိုတစ်အုပ် ဒီတစ်အုပ်နဲ့ ဆိုတော့ တော်ရုံဆို မြင်ရမှာ မဟုတ်ဘူး၊ ဒါမဲ့ဖြစ်ချင်တော့ ဒီနေ့မှာ တခြားရွာက လာတဲ့ ရွာသားတစ်ယောက်က ဒီဖက်ဖြတ်သွားရင်း မြင်ပြီးလာပြောလို့ သွားကြည့်ကြတာ အလောင်းက (၁၇) လောင်း တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နမ့်ဟူး နှင့် ရစ်ခူးကျေးရွာ တို့၏ ကျေးရွာချင်းဆက်လမ်း ဆုံသည့်လမ်းထောင့်နေရာအနီးသည် အရင်တွင် ရွာတစ်ရွာရှိခဲ့ဖူးကြောင်းနှင့် လက်ရှိတွင်လည်း လူသူမနေတော့သည့် အတွက် ရွာဟောင်းနေရာသာ ဖြစ်ကြောင်းလည်း သိရသည်။

စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား အလောင်းများသည် မည်သည့်တိုက်ပွဲမှ ကျဆုံးသည့် စစ်ကောင်စီ အလောင်းဖြစ်ကြောင်း မသိရှိကြောင်းလည်း ဒေသခံများကဆိုသည်။

ထို့အပြင် အဆိုပါ စစ်သား ၁၇ ယောက် ရုပ်အလောင်းတွေ့ရှိရသည့် မနီးမဝေးနေရာတွင် ရပ်တန့်ထားသည့် ကားတစ်စီးရှိနေပြီး အဆိုပါ ကားပေါ်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီး နှစ်ဦးအလောင်း လည်း တွေ့ရကြောင်း သိရသည်။

“အရင်က ဒီဖက်မှာ ဒီလိုမရှိဖူးဘူး၊ ကျနော်တို့ ဒီမုံးကိုး အနီးပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတော့ တခြားရွာက ရွာသားတွေကို သတ်ပီး သူတို့ အဝတ်ဝတ်ပေးလိုက်တာလားလို့လည်းတွေးမိတယ်၊ ပြီးတော့ အမျိုးသမီးနှစ်ဦးအလောင်းလည်း တွေ့ရတော့၊ ဒါက တွေးစရာပဲ”ဟု မုံးကိုးမြို့ခံ လူငယ် တစ်ဦးက ဆိုသည်။

အဆိုပါ ရုပ်အလောင်းများ ကိစ္စနှင့် ပက်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်း ကြားထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...