Thursday, May 2, 2024

မူဆယ်ဈေးသည်တဦး (၉ )လကျော်ကြာ ပျောက်ဆုံး၊ မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲနေ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကျေးရွာ ဘက်တွင် ဈေးသွားရောင်းသည့် အမျိုးသားတဦး (၉) လကျော် ပျောက်ဆုံးသွားပြီး ကျန်ရှိနေသည့် မိသားစုဝင်များက စားဝတ်နေရေး အခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။

၎င်းသည် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်တွင် နေထိုင်သည့် မောင်ငြိမ်းချမ်း (၂၇) နှစ်သည် လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် နမ့်ခမ်းမြို့ ကျေးရွာဘက် ဈေးသွားရောင်းစဉ် ပျောက်ဆုံးသွားကြောင်းသိရသည်။

“ သူအဲနေ့က မနက် (၈) နာရီလောက်အိမ်ကနေထွက်သွားတာ။ အဲ့နောက် ဆက်သွယ်လို့မရတော့ဘူး။ နမ့်ခမ်းဖက်ဈေးသွားရောင်းမယ်ဆိုပြီးသွားတာ။ ဆိုင်ကယ်နဲ့ ကျေးရွာဖက်တွေကို ဈေးသွားရောင်းတာပါ။ ခုချိန်ထိ သူနဲ့ပတ်သတ်နဲ့သတင်းဘာမှမကြားရသေးဘူး။” ဟု မောင်ငြိမ်းချမ်း၏ ဇနီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောင်ငြိမ်းချမ်းသည် မွေးကင်းစ (၁) နှစ်ကျော် သားငယ်လေးရှိပြီး ဇနီးဖြစ်သူနှင့်သားက မောင်ငြိမ်းချမ်းကို အားကိုးနေထိုင်နေရကြောင်းသိရသည်။

“ ကျမတို့ခက်ခဲတာပေါ့။ သူပျောက်သွားတဲ့ချိန်ဆို ကျမနဲ့ သားလေးပဲ ရှိတာ။ အခုက ရွာက အမေကိုခေါ်ထားတယ်။ သားကလည်း အဲချိန်က (၇) လဘဲရှိသေးတယ်။ ကိုဗစ်လည်းဖြစ်တော့ ကျမတို့ဘာလုပ်စားရမလဲမသိဘူး။ အရင်ကသူ့ကိုဘဲအားကိုးနေရလေ။ ကလေးရှိတော့ အလုပ်တောင်သိပ်မလုပ်ဖြစ်ဘူး” ဟု ဇနီးဖြစ်သူက ပြောသည်။

မောင်ငြိမ်းချမ်းသည် နမ့်ခမ်းမြို့နယ် မန်စန့်ကျေးရွာဘက်တွင် အမြဲတမ်းလိုလို ဈေးသွားရောင်လေ့ရှိပြီး ထိုကျေးရွာဖက်တွင် ပျောက်ဆုံးသွားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article