ရွာအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ် မုံးကိုးဒေသခံ ၆၀၀ ကျော်ထွက်ပြေးရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရပ်ရွာအတွင်း စစ်ကောင်စီလက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသခံ လူထု ၆၀၀ ကျော်နေရပ်မှ တိမ်းရှောင် ထွက်ပြေးနေရသည်ဟုသတင်းရရှိသည်။

မုံးကိုး-မန်ပန်က စစ်ဘေးရှောင်

 

သြဂုတ်လ ၂၉ ရက် နံနက်တွင် ထပ်မံဖြစ်ပွားခဲ့သည့် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံ ကျေးရွာအုပ်စု၊ နမ့်ဟ ကျေးရွာအနီး တဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့် MNDAA တပ်တို့ကြားက တိုက်ပွဲများ ဖြစ် ပွား ခဲ့သောကြောင့်နမ့်ဟာရွာမှ အိမ်တစ်အိမ်တွင် လက်နက် ကြီးကျည်ကျရောက်ပြီး မိသားစုဝင် ၄ ဦး သေ ဆုံးရသည့်အပြင် ဒေသခံ ၆၀၀ ကျော်လည်း နေရပ်မှ တိမ်းရှောင်နေရသည်ဟုဆိုသည်။

“မနေ့က စစ်ကောင်စီ က လက်နက်ကြီးတွေနဲ့ ရမ်းပြီး ပစ်နေတာ၊ ကိုးကန့်ဖက်ကလည်း ပစ်တယ်၊ ကိုးကန့် ကပစ်လေ စစ်ကောင်စီကလည်း ပိုရမ်းပြီး ပစ်လေပဲ၊ အဲ့ကြောင့် ရွာထဲမှာ လက်နက်ကြီးတွေကျတော့ မိသားစုဝင် ၄ ဉီးသေတယ်။ အခု တိမ်းရှောင်နေရတာ လူ ၆၀၀ ကျော်မယ် ” ဟု စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသူ သျှမ်းအဖွဲ့အစည်းမှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် တစ်လကျော် ကာလအတွင်း သြဂုတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့သည် တိုက်ပွဲ ပြင်းထန်သည့်နေ့များဟု ဆိုနိုင်ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် ပျက်စီးဆုံးရှုံးမှုများကို အတည်တကျ မသိရသေးကြောင်းလည်း ၎င်းကပြောသည်။

လက်ရှိမှာတော့ နမ်ဟရွာမှ အိမ်ခြေ ၅၀ဝ ‌ကျော်၊ ကောင်းလုံရွာမှ အိမ်ခြေ ၂၀ ကျော် နှင့် တခြား အနီးပတ်ဝန်းကျင်ရှိ ရွာများ ပြည်သူများ ၆၀၀ ကျော်တို့သည်  မုံးကိုးမြို့ပေါ်ရှိ မန်ပန်ဘုန်းကြီးကျောင်း၊ ခရိယာန်ဘုရားကျောင်း၊ စျေးတန်းလျားများတွင် စစ်ဘေးခိုနေကြောင်းလည်း မုံးကိုးမြို့ခံ ဒေသတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်ဟ ကျေးရွာက ရွာသား ၃၀၀ ကျော်က မန်ပန်ဘုန်းကြီးကျောင်းမှာ လာရောက်တည်းခိုကြရတယ်၊ ခရိယာန်ဘုရားကျောင်းမှာလည်း ရှိနေတယ်၊ စုစုပေါင်းက ၆၀၀ လောက်ရှိမယ်၊ ဒီနေ့လည်း တိုက်ပွဲတွေ ထပ်ဖြစ်တော့ စစ်ရှောင်တွေ ထပ်တိုးလာနိုင်ပါတယ်” – ဟု မုံးကိုး ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လဆန်းကတည်းက စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်ပြီး ဖောင်းဆိုင်၊ မန့်ပန်၊ ပန်မွေဘက်မှ ဒေသခံပြည်သူ ၂၀၀ ခန့်ကလည်း မြန်မာ – တရုတ်နယ်စပ်ဖက်သို့  တိုက်ပွဲ တိမ်းရှောင်ခိုလှုံ နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...