Saturday, May 4, 2024

ကျိုင်းတုံမြို့ ကိုဗစ် – ၁၉ ဆေးကုသမှုခံယူနေသူ (၆၇၄) ကျန်ရှိနေသေး

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန့်နေ့ ဩဂုတ် (၂၉) ရက်နေ့ထိ ကိုဗစ် – ၁၉ ဆေးကုသမှုခံယူနေသည့် လူနာ (၆၇၄) ဦးထိရှိကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတည်ပြုလူနာ ယမန့်နေ့ ဩဂုတ် ၂၉ စုစုပေါင်း (၁၅၃၄) ဦးထိရှိပြီး သေဆုံးသူ (၂၄) ဦးနှင့် လက်ရှိဆေးကုသမှုခံယူနေသူ (၆၇၄) ဦးထိရှိကြောင်း သိရသည်။

“ မနေ့က ၈၃ ဦးတွေ့တယ်။ မနက်ပိုင်းမှာ ၅၇ ဦးတွေ့တယ်။ ညနေပိုင်းမှာက ၂၆ ယောက်ထက်တွေ့တယ်။ ဟုတ်တယ် အခုတလောကိုဗစ် ပိုးတွေ့လူနာက ပိုများလာတယ်” ဟု ကျိုင်းတုံမြို့ ပရဟိတအဖွဲ့တခုက ပြောသည်။

ကျိုင်းတုံမြို့ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဆေးခန်းများကို ပိတ်ထားလျက်ရှိပြီး လက်ရှိတွင် ဆေးရုံများတွင်သာ လူနာများကို လက်ခံကုသပေးနေလျက်ရှိကြောင်းသိရသည်။

“ ကျိုင်းတုံမှာက ကိုဗစ် -၁၉ စစ်ဆေးချင်ရင် မြို့တော်ခန်းမ မှာသွားစစ်ရင်သိတယ်။ နေအိမ်မှာကုသတာမရှိသလောက်နည်းတယ်။ သိရင်သူတို့ ဆေးရုံခေါ်သွားတယ်” ဟု အထက်ပါလူက ပြောသည်။

ကျိုင်းတုံမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာများလာသောကြောင့် Lock Down ချထားသည့် မြို့လည်းဖြစ်သည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် ကိုဗစ်- ၁၉ အများဆုံးတွေ့ရှိသည့်မြို့သည် တာချီလိတ်မြို့ဖြစ်ပြီး ကျိုင်းတုံမြို့တွင် ဒုတိယအများဆုံးဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article