Tuesday, January 27, 2026

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။

ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက် လက်မှတ်ပါမှသာ မြို့ပြင်နှင့် မြို့တွင်းရှိ စားသောက်ဆိုင်များတွင် သွားလာနိုင်မည်ဟု ကျိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သိတာတော့ မနေ့ကမှ သိရတာ အုပ်ချုပ်ရေးမှူးက သူတို့ကန့်သတ်ထားတဲ့ ၁၃/မှတ်ပုံတင် ကချင်၊ ကိုးကန့်၊ ရခိုင်နဲ့ ပလောင်လူမျိုးတွေဆိုရင် ထောက်ခံစာပါမှ မြို့ပြင်နဲ့ စားသောက်ဆိုင်တွေမှာ သွားလို့ရမယ်တဲ့။ ကိုယ့်မြို့ကိုတောင် အလည်အပတ်လုပ်လို့ မရတော့တဲ့ သဘောလားပေါ့။ ဘာရည်ရွယ်ချက်ရှိနေလဲတော့ မပြောတတ်ဘူး”ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း နိုင်ငံသားမှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်သည့် တအာင်း(ပလောင်)လူမျိုးနှင့် ကိုးကန့်လူမျိုးများကို ကျိုင်းတုံ-မိုင်းလား လမ်းမကြီးပေါ်ရှိ ဝမ်တာပင်းဂိတ်တွင် မိုင်းလားမြို့ဘက်သို့ လုံးဝဖြတ်သွားလာခွင့် မပြုကြောင်း သိရသည်။

ယခုလို ၁၃/မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးများကို ကန့်သတ်ထားခြင်းသည် ၎င်းဝမ်တာပင်းဂိတ်မှ မိုင်းလားမြို့ဘက်သို့ သွားလာခွင့် မရှိစေနိုင်ရန် ဆက်စပ်မှု ရှိမည်ဟု ယူဆကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“အခုလို ထပ်မံကန့်သတ်တာက အရင်လက ဝမ်တာပင်းဂိတ်ကို မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်တဲ့ ပလောင်လူမျိုးနဲ့ ကိုးကန့်လူမျိုးကို မိုင်းလားဘက်သို့ သွားခွင့်မရှိအောင် ဆက်စပ်မှု ရှိနိုင်တယ်လို့ မြင်မိတယ်။ အဲဘက်ကို အရမ်းခိုးဝင်တာ များတော့ တင်းကြပ်လိုက်တဲ့ ပုံစံ ဖြစ်နေတယ် ”ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခြားတဘက်တွင် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ လာရောက် ဖူးမျှော် ပူဇော်ကြမည့် မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန်နှင့် စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

0
ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...

၁၃ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သူများ ဘားအံတွင် ဖမ်းဆီးစစ်ဆေးခံရ

0
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် သျှမ်းပြည်မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ မြဝတီမြို့တွင် အွန်လိုင်းကျားဖြန့် လုပ်ငန်းလုပ်ကိုင်သည့် နေရာများကို စစ်ကောင်မရှင်တပ်နှင့် နယ်ခြားစောင့်တပ် BGF များ ဝင်ရောက်စီးနင်းပြီးနောက် နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင်...

လွိုင်ကော်မြို့ အဝင်၊အထွက် စစ်ကောင်စီထံ ထောက်ခံစာယူရ

0
ကရင်နီပြည် (ကယားပြည်) လွိုင်ကော်မြို့ အဝင်၊အထွက် သွားလာမည့်သူတိုင်း စစ်ကောင်စီထံ ထောက်ခံစာယူနေရကြောင်း သတင်းရင်းမြစ်များထံ စုံစမ်းသိရသည်။ ထိုကဲ့သို့ ထောက်ခံစာယူဆောင်ရန် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာတွင် လုပ်ဆောင်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ထောက်ခံစာပါမှသာ ဝင်၊ထွက်ခွင့်ပြုတော့ကြောင်း ၊ အချို့စစ်ဘေးရှောင်များသည် လွိုင်ကော်မြို့အတွင်း တိုက်ပွဲငြိမ်သက်နေသဖြင့် နေရပ်ပြန်သူများရှိကာ စစ်ကောင်စီက စစ်ဆေးမှုပိုတင်းကြပ်လာကြောင်း မြို့ခံအမျိုးသမီး...

မိုင်းဖုန်းဆရာတော် မွေးနေ့မင်္ဂလာပွဲ လာရောက်ကြမည့် ပြည်သူများကို ထောက်ခံစာယူလာရန် သတိပေး

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ လာရောက် ဖူးမျှော် ပူဇော်ကြမည့် မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်မှ ၅ ရက်နေ့အထိ တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော်...

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်သူ ဖမ်းနေသည့်သတင်းကြောင့် လူငယ်များ မြဝတီတွင်ပိတ်မိနေ

0
ကရင်ပြည်နယ်၊ ဘားအံမြို့ စစ်ဆေးရေးဂိတ်တွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ဖမ်းနေသည်သတင်းကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်သို့ရောက်ရှိနေသော သျှမ်းပြည်မှ လူငယ်အများအပြား နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တွင်းမှ တိုက်ပွဲများကြောင့် သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်သူ ၁၃/ လူငယ်များကို ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်)...