ရခိုင်၊ သျှမ်း၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေး မှတ်ပုံတင်ကိုင်ဆောင်သူများ ခရီးသွားလာခွင့် ကန့်သတ်ခံရ

စစ်ကော်မရှင်သည် တော်လှန်ရေးအင်အားစုများ အားကောင်းရာဒေသနှင့် တိုက်ပွဲဖြစ်ပွားရာဒေသတွင်နေထိုင်သည့် ပြည်သူများ ကို မှတ်ပုံတင်နံပါတ်အလိုက် ခရီးသွားလာခွင့် တင်းကြပ်စွာ ကန့်သတ်လာနေကြောင်း ခရီးသည်များနှင့် ယာဉ်လိုင်းလက်မှတ်အရောင်းဌာနများထံမှ သိရသည်။

အထူးသဖြင့် ၁၃မျဉ်းစောင်း များဖြစ်ကြသော သျှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ သီပေါ၊ ကုန်းကြမ်း မြို့နယ်များ၊ ၉မျဉ်းစောင်း ဖြစ်သည့် မန္တလေးတိုင်းရှိ မိုးကုတ်မြို့၊ ၅မျဉ်းစောင်း များဖြစ်ကြသော စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ရွှေဘို၊ မြောင် မြို့နယ်များ၊ ၈မျဉ်းစောင်း ဖြစ်သည့် မကွေးတိုင်း မြို့နယ်များနှင့် ၁၁မျဉ်းစောင်း ဖြစ်သည့် ရခိုင်ပြည်ရှိ မြို့နယ်များအားလုံး ခရီးသွားလာရာတွင် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများ မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမှတ်ပုံတင်ကိုင်ဆောင်သူများအနေဖြင့် ခရီးသွားလာရာတွင် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများကို တစ်ပတ်ကြိုတင် ပြုလုပ်ရမည်ဖြစ်ပြီး ထောက်ခံစာမပါဝင်ပါက အဝေးပြေးကားလက်မှတ် ရောင်းချပေးမည် မဟုတ်ကြောင်း ယာဉ်လိုင်းလက်မှတ်အရောင်းဌာနများက အသိပေးလာခြင်း ဖြစ်သည်။

“ကျမတို့ ရွာပြန်ဖို့ ကားလက်မှတ်ဖြတ်တာတောင် မှတ်ပုံတင် အရင်တောင်းတာ။ ရခိုင်က တစ်ယောက်ဆိုလည်း နေရပ်ပြန်လို့မရဘူး။ လမ်းမှာ ရခိုင်တွေဆို အရမ်းစစ်လို့ အဖမ်းခံရမှာကြောက်တာ” ဟု ခရီးသွားလာရန် အခက်အခဲတွေ့နေသည့် ရွာငံမြို့နယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာဉ်လိုင်းများ၏ ပြောပြချက်အရ လမ်းခရီးရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် အဆိုပါဒေသမှ ခရီးသည်များကို ပစ်မှတ်ထား စစ်ဆေးမေးမြန်းခြင်း၊ ငွေကြေးအဆမတန် တောင်းခံခြင်းများ ပြုလုပ်လေ့ရှိပြီး ပြဿနာများ ဖြစ်ပေါ်ပါက ယာဉ်လိုင်းများပါ တာဝန်ယူဖြေရှင်းပေးရသည့်အတွက် ယခုကဲ့သို့ လက်မှတ်မရောင်းမီ ထောက်ခံစာများ ကြိုတင်စစ်ဆေးရခြင်း ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် အရေးပေါ် ကျန်းမာရေးကိစ္စဖြင့် ခရီးသွားမည့်သူများ၊ စီးပွားရေးသမားများနှင့် ကျောင်းသားလူငယ်များမှာ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

“မိဘတွေ နေမကောင်းလို့ အိမ်ပြန်မယ်ဆိုရင် လမ်းမှာရစ်တာနဲ့ ကားသမားတွေမတင်ရဲတာနဲ့ဆို ပြန်လို့ရမှာမဟုတ်ဘူး။ မိဘတွေ နေမကောင်းလို့ ပြန်ချင်ရင်တောင် ဒီသတ်မှတ်ချက်နဲ့ဆိုရင် အသက်မှီမှာ မဟုတ်ဘူး” ဟု အထက်ပါဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ယခုကဲ့သို့ မှတ်ပုံတင်နံပါတ်အလိုက် ကန့်သတ်ခြင်းသည် နိုင်ငံသားတစ်ဦး၏ လွတ်လပ်စွာ သွားလာခွင့်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်းဖြစ်သလို စစ်ကော်မရှင်တပ်၏ စစ်ဆေးရေးဂိတ်များတွင် ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

“သာမန် ပြည်သူတွေအတွက် လုံခြုံရေးနဲ့ အခြေခံလွတ်လပ်မှုကတော့ ဘယ်နေရာမှာမှ အားမခံချက်မရှိပါဘူး။ အခုလို မှတ်ပုံတင်နံပါတ်အလိုက် ကန့်သတ်လိုက်တော့ ငွေညှစ်ဖို့ ခေါင်းစဉ်ဖြစ်သွားတာပေါ့” ဟု ခရီးသွားလာရန် အခက်အခဲကြုံတွေ့ရသည့် လားရှိုးမြို့ခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခရီးသွားလိုသူများအနေဖြင့် ထောက်ခံစာများ ရယူရာတွင် အချိန်ကြန့်ကြာမှုရှိနိုင်သည့်အတွက် အနည်းဆုံး တစ်ပတ်ကြိုတင် ပြင်ဆင်ကြရန်လည်း ယာဉ်လိုင်းများက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...