လွိုင်ကော်မြို့ အဝင်၊အထွက် စစ်ကောင်စီထံ ထောက်ခံစာယူရ

ကရင်နီပြည် (ကယားပြည်) လွိုင်ကော်မြို့ အဝင်၊အထွက် သွားလာမည့်သူတိုင်း စစ်ကောင်စီထံ ထောက်ခံစာယူနေရကြောင်း သတင်းရင်းမြစ်များထံ စုံစမ်းသိရသည်။

ထိုကဲ့သို့ ထောက်ခံစာယူဆောင်ရန် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာတွင် လုပ်ဆောင်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ထောက်ခံစာပါမှသာ ဝင်၊ထွက်ခွင့်ပြုတော့ကြောင်း ၊ အချို့စစ်ဘေးရှောင်များသည် လွိုင်ကော်မြို့အတွင်း တိုက်ပွဲငြိမ်သက်နေသဖြင့် နေရပ်ပြန်သူများရှိကာ စစ်ကောင်စီက စစ်ဆေးမှုပိုတင်းကြပ်လာကြောင်း မြို့ခံအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့ကြောင့် မြို့ဝင်၊ထွက်သွားလာမည့်သူများ ထောက်ခံစာမပါရှိလျှင် စစ်ကောင်စီဘက်မှ ဖမ်းဆီးမည် ပြောဆိုထားကြောင်း သိရသည်။

လွိုင်ကော်မြို့တွင်း မီးရှို့ခံရသည့်အိမ်

“ ထောက်ခံစာနဲ့သွားလာဖို့ က အရင်ကတည်းကပြောပေမယ့် အခုရက်ပိုင်းက ပိုစစ်ဆေးလာတာ။ အချို့စစ်ရှောင်တွေကလည်း ပြန်လာတော့ အဝင်၊အထွက် အရမ်းစစ်တယ်။ ထောက်ခံစာမပါရင် ဖမ်းမယ်လို့ ပြောတယ်။ နောက် မိသားစုဝင်ဘယ်နှယောက်ရှိတယ်က အစ အကုန်စစ်တာ။” ဟု ၎င်းမြို့ခံအမျိုးသမီးက ဆိုသည်။

ထို့အပြင် ဆီဆိုင်ဘက်မှ လွိုင်ကော်သို့ သွားသည့်လမ်းတွင် စစ်တပ်ဂိတ်ပေါင်း( ၂၀) ဝန်းကျင်ရှိပြီး တစ်ဂိတ်လျှင် အနည်းဆုံးကျပ်( ၂ ထောင်) ပေးနေရကြောင်း အသက် ၃၀ အရွယ်ရှိ နေရပ်ပြန် စစ်ဘေးရှောင် အမျိုးသမီး တစ်ဉီးက ပြောသည်။

လွိုင်ကော်

ဆက်လက်ပြီး ယခုရက်ပိုင်း လွိုင်ကော်မြို့တွင် တိုက်ပွဲများငြိမ်သက်နေကာ အခြားဒေသသို့ စစ်ဘေးရှောင်သွားသည့် ပြည်သူများလည်း နေရပ်ပြန်လာကြသော်လည်း မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။

“ဟိုတလောတုန်းကဆို အဖိုးတစ်ယောက် မြေမြုပ်မိုင်းနင်းမိလို့ ဆုံးသွားတယ်။ နေရပ်သာပြန်လာတာ မိုင်းအန္တရာယ်ကို ကြောက်နေရသေးတာ။ မိုင်းနင်းမိလည်း ပြည်သူတွေပဲ ဖြေရှင်းနေရတာ။ ဘယ်အဖွဲ့မှ တာဝန်ယူမဖြေရှင်းပေးဘူး။ စစ်တပ်ဘက်က မိုင်းရှင်းလင်းပေးမယ်ဆိုပြီး ခုထိဘာမှ မလုပ်ပေးဘူး။” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောသည်။

ထိုသို့ နေရပ်ပြန်လာသည့် စစ်ရှောင်အများစုသည် အခြားဒေသတွင်ရေရှည်စစ်ရှောင်နေထိုင်ရသောကြောင့် စားဝတ်နေရေးအခက်ခဲရှိကာ မိမိနေရပ်သို့ ပြန်လည် နေထိုင်လာကြခြင်း ဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

လွိုင်ကော်မြို့မဈေးကို စစ်ကောင်စီမှ ပြန်လည်ပြုပြင်နေပြီး ယခင်ကဲ့သို့ စည်ကားလာအောင် ပြန်လည်လုပ်ဆောင်မည်ဖြစ်သောကြောင်း မြို့ခံများကို ပူးပေါင်းပါဝင်စေလိုကြောင်း စစ်တပ်ဘက်မှ ပြောဆိုထားသည်ဟု မြို့ခံများထံမှ သိရသည်။

အာဏာမသိမ်းမီက အလွန်စည်ကားသော လွိုင်ကော်မြို့သည် အာဏာသိမ်းပြီး “ ၁၁၁၁”စစ်ဆင်ရေး ဆင်နွှဲပြီးနောက်နေအိမ်အများပြားပျက်စီးကာ လူသူကင်းမဲ့သည့် မြို့ပျက်ကြီးသဖွယ် ပြောင်းလဲ သွား ခဲ့သည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ထိန်းချုပ်ထားပြီး မြို့အတွင်း စစ်ရှောင်ဦးရေ သုံးပုံ တစ်ပုံမျှသာ ပြန်လည်နေထိုင်နေကြသည်ဟု သိရှိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...