၁၃ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်သူများ ဘားအံတွင် ဖမ်းဆီးစစ်ဆေးခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် သျှမ်းပြည်မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားသူများကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။

မြဝတီမြို့တွင် အွန်လိုင်းကျားဖြန့် လုပ်ငန်းလုပ်ကိုင်သည့် နေရာများကို စစ်ကောင်မရှင်တပ်နှင့် နယ်ခြားစောင့်တပ် BGF များ ဝင်ရောက်စီးနင်းပြီးနောက် နိုဝင်ဘာလ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် မြဝတီမြို့ဘက်မှ ပြန်လာသူများကို ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်ခဲ့သည်။

လက်ရှိတွင် မြဝတီ – ဘားအံ ပြည်ထောင်စုလမ်းမကြီး တကြောရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် သျှမ်းပြည်မှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားသူများကို ဖမ်းဆီး စစ်ဆေးမှု တင်းကြပ်နေကြောင်း မြဝတီမြို့ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက မှတ်ပုံတင် ၁၃ မျဉ်းစောင်း တွေကိုတော့ သွားဖို့ ကန့်သတ်ထားတယ်၊ သိပ်မကြာသေးဘူး။ မှတ်ပုံတင်က ၁၃ မျဉ်းစောင်း နဲ့ ၁၁ မျဉ်းစောင်းပေါ့။မြဝတီ – ဘားအံ လမ်းတလျှောက်ပဲ။ ခုက သွားချင်ရင်တောင် ငွေခင်းပြီး သွားရမှာ ပတ်လမ်းကနေ”ဟု မြဝတီ-ဘားအံ ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

အကယ်၍ ဖြတ်သန်းခွင့် ရလိုပါက မြဝတီမှ တဆင့် ရန်ကုန်သို့ သွားရန်အတွက် ကားခ တစ်ဦးလျှင် ကျပ် ၈ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ ရှိနေကြောင်း မြဝတီမြို့ ကားသမားတစ်ဦးက ဆက်ပြောသည်။

စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် ရထားဘူတာတို့တွင် သျှမ်းပြည် ၁၃ မျဉ်းစောင်း မှတ်ပုံတင် နှင့် ရခိုင်ပြည်နယ် ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ဖြတ်သန်းသွားလာခွင့် မပြုသကဲ့သို့ ဖမ်းဆီးထားခြင်းလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း သျှမ်းပြည်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကော်မရှင်တပ်ကြား တိုက်ပွဲများကြောင့် သျှမ်းပြည် ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူ တအာင်း(ပလောင်)နှင့် ကိုးကန့်တရုတ် လူမျိုးများကို ကရင်ပြည်နယ် ဘားအံမြို့ရှိ စစ်ကော်မရှင်ဂိတ်များတွင် ဖြတ်သန်းသွားလာခွင့်မပြုခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...