ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို

သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။

.

ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို ကျောင်းအုပ်ဆရာမကြီးမှ စစ်ဆေးရာ G – 4 မှ ကျောင်းသူ တစ်ဦးသည် လက်သည်းမညှပ်ခဲ့သည်ဟုဆိုကာ ကျောင်းအုပ်ဆရာမကြီးမှ ဦးခေါင်းကို ရိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးခေါင်းကို ရိုက်နှက်သည့် ကလေးငယ်၏ မိဘမှ ကျောင်းအုပ်ကြီး ထံသို့ ဖြစ်စဥ်ကို သွားရောက်မေးမြန်းရာ ခိုက်ရန်ဖြစ်ပွားသည့်အထိ ဖြစ်ရကြောင်း ရိုက်နှက်ခံရသည့် ကလေးတဦး၏ မိဘဖြစ်သူ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်သည်း မညှပ်ခဲ့လို့ ရိုက်လိုက်တယ် ဆိုတာ မဖြစ်နိုင်ပါဘူး၊ ကျမကိုယ်တိုင် ကြာသပတေးနေ့ ညနေပိုင်း ကတည်းက ညှပ်ပေးခဲ့တာလေ၊ သောကြာနေ့ ညနေကျောင်းဆင်းလာပြီး သူ့အဖေက ရေချိုးပေးနေတဲ့အချိန် ဦးခေါင်းကို မထိနဲ့ နာတယ်ပြောလို့ အကြောင်းရင်းကို အတင်းမေးတော့မှ ဆရာမကြီး ရိုက်တာလို့ ပြောပြတယ်။ အဲ့ကြောင့် ကျမတို့က ဆရာမကြီးဆီကို အကြောင်းရင်း သွားမေးတာ၊ ဆရာမကြီးက နင်တို့ကလေး ခေါင်းကွဲသွားလား ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတယ်” ဟု ရိုက်နှက်ခံရသည့် ကျောင်းသူ၏ မိဘက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးခေါင်းရိုက်ခံရသည့် ကလေးငယ်၏ မိဘများ ကျောင်းအုပ်ဆရာမကြီးထံ ရောက်သွားစဥ်တွင် ဆရာမကြီး မှ တာဝန်ယူမှု/တာဝန်ခံမှု မရှိသည့်အပြင် ဆရာမကြီး၏ သားဖြစ်သူ နှစ်ယောက်ပါ ကျောင်းသူ၏ မိဘ များကို အော်ဟစ်ကြိမ်းမောင်းခဲ့သည့်အတွက် ကိုယ်ထိလက်ရောက် ကျူးလွန်မှုလည်း ရှိခဲ့ကြောင်း အထက်ပါ ကျောင်းသူမိဘက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျမတို့နဲ့ အတူပါသွားတဲ့ ကျမတို့ရဲ့ မောင်လေးပေါ့နော်။ အပြန်အလှန် စကားများနေတဲ့ အချိန်သူ့သား (ကျောင်းအုပ်ဆရာမကြီး၏ သားအငယ်) နဲ့ ဝင်လုံးလိုက်တာ အဲ့တစ်ယောက်ရဲ့ ဦးခေါင်းပေါက်သွားတယ်၊ သူတို့ကလည်း တုတ်ကြီးကိုင်ပြီး သတ်၊ သေအောင်သတ် ဆိုပြီး ပြောနေကြလို့လေ။” ဟု ကျောင်းသူ၏ မိဘက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယင်းကဲ့သို့ ဖြစ်စဥ် နှင့် ပတ်သက်ပြီး ကျောင်းသူကို ကျောင်းအုပ်ဆရာမကြီး ရိုက်မိခြင်း အမှန်ဖြစ်ကြောင်း အ.မ.က (၆) ကျောင်းဆရာမကြီး၏ သားအကြီးဖြစ်သူ အ.ထ.က (၃) မှ အထက်တန်းပြ ဆရာ ဦးရဲမင်းအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော့်အမေ အဲ့ကလေးမကို ရိုက်နှက်မိတာ မှန်ပါတယ်၊ ဒါပေမဲ့ အားသုံးပြီး ရိုက်လိုက်တာ မဟုတ်ပါဘူး၊ နည်းနည်းပုတ်လိုက်တာပါ၊ ဒါပေမဲ့ အဲ့ကလေးမက ဆရာမကြီးရိုက်တာ ဦးခေါင်းနာနေတယ်၊ ခေါင်းလည်း မူးတယ်၊ နေ့တိုင်းလိုလို အရိုက်ခံရတယ်ဆိုပြီးတော့ ရဲဆီမှာ ထွက်ဆိုထားတာ၊ ကျနော့် အမေက ကျောင်းအုပ်ဆရာမကြီး သူအဓိက သင်တာက G – 5 / အဲ့ကလေးမက G – 4 ဘယ်ကနေ ဘယ်လိုလုပ်ပြီး အဲ့ကလေးကို နေ့တိုင်းရိုက်နိုင်မှာတုန်း” ဟု ကျောင်းဆရာမကြီး၏ သားအကြီးဖြစ်သူ အ.ထ.က (၃) မှ အထက်တန်းပြ ဆရာ ဦးရဲမင်းအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းပေါက်သွားသည့် ကျောင်းအုပ်ဆရာမကြီး၏ သားအငယ် ဖြစ်သူသည် ဆေးရုံမှ ဆေးထည့်ထားကြောင်းလည်း သိရသည်။

ထို့အပြင် ကျောင်းအုပ်ကြီး ရိုက်နှက်သည့် ကလေးငယ်၏ ဦးခေါင်းကိုလည်း ဓာတ်မှန်ရိုက်ထားလျက်ရှိကြောင်း နှင့် လက်ရှိတွင် ကျောင်းသားမိဘများက တိုင်ချက် ဖွင့်ထားသည်။

“ရိုက်ခံရတာ ကျမတို့ ကလေးပဲ မဟုတ်ပါဘူး၊ ကျမတို့ နဲ့ ကျောင်းအုပ်ကြီး ပြဿနာဖြစ်တော့ တခြား ကလေး မိဘတွေလည်း လာပြောကြတယ်၊ သူတို့ ကလေးလည်း ရိုက်ခံရတယ်ပေါ့၊ အဲ့ကြောင့် အခု ကျမတို့ ကျောင်းသား/သူ မိဘ ၂၀ ကျော် စုပေါင်းလက်မှတ်နဲ့ တိုင်ချက်ဖွင့်ထားတယ်၊ ပညာရေးမှူးရုံး ကိုလည်း တိုင်ထားတယ်၊ ဒီကျောင်းအုပ်ကြီးကို ပြောင်းရင် ပြောင်း မပြောင်းရင် တာဝန်က ရပ်ပေးပါ” ဟု အထက်ပါ မိဘက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အမက (၆) ကျောင်းအုပ်ဆရာမကြီး၏ နာမည်သည် ဒေါ်လှလှထွေး ဖြစ်ပြီး ယခင်ချိန်တွင် ကျိုင်းတုံ အမှတ် (၄) အ.လ.ကကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး ရှုပ်ထွေးမှုနောက်ဆက်တွဲကြောင့် ပညာရေး ကဏ္ဍလည်း ထိခိုက်လာကြောင်း ပြည်သူများက ပြောဆို ဝေဖန်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...