နောင်ချိုမြို့နယ် ကိုဗစ်ကူးစက်မှု ပိုမို မြင့်တက်လာ
SHAN -
သျှမ်းမြောက် နောင်ချိုမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ အဆိုပါ မြို့တွင် သြဂုတ်လ ၂၇ ရက်နေ့မှ စတင်ပြီး Pilot Project ဖြင့် ကျေးရွာများအထိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကိုဗစ်ပိုး ကူးစက်ခံရသူ ပိုမိုတွေ့ရှိခဲ့ကြောင်း သိရသည်။ “Pilot...
လားရှိုးမြို့ဟိတကာရီကျောင်းရှိ မယ်သီလရှင် အပါး (၅၀) ကိုဗစ် ပိုးတွေ့
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၈ ရပ်ကွက် ဟိတကာရီ မယ်သီလရှင် စာသင်တိုက်တွင် မယ်သီလရှင်အပါး (၅၀) ပါး ကိုဗစ် - ၁၉ ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။ ဟိတကာရီမယ်သီလရှင် စာသင်တိုက်တွင် သီတင်းသုံးနေသည့် မယ်သီလရှင် ၂ပါး ဖျားနာနေကြောင်း ကျန်းမာရေးရေးဆိုင်ရာတာဝန်ရှိသူများကို အကြောင်းကြားပြီးနောက်...
ကျောက်မဲ တိုက်ပွဲကြား ထွက်ပြေးလာချိန် အရပ်သား(၂)ဦး လက်နက်ကြီးထိမှန်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြား ထွက်ပြေးတိမ်းရှောင်နေစဉ် အရပ်သား (၂)ဦး လက်နက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၂၆)ရက် ညနေ (၄)နာရီဝန်းကျင် တွင် ကျောက်မဲမြို့နယ် လွယ်ကုန်ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့်...
မိုင်းကိုင်ရောက် စစ်ရှောင်တချို့နေရပ်ပြန်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုမှာ ရောက်ရှိနေသည့် စစ်ရှောင်များ တစ်ချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဝမ်ဖက်ဟီ့ကျေးရွာ ပန်လန့်ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ယနေ့ သြဂုတ် (၂၇) ရက်မှာ စစ်ရှောင် (၁၃၁) ဦး ပြန်သွားပြီး (၇၆) ဦး စာသင်ကျောင်းတွင် ကျန်ရှိနေသေးကြောင်း...
ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းဖြစ်ပွားသည့် တိုင်းရင်းသားလက်နကကိုင် တပ်ဖွဲ့တို့၏ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်း သိရသည်။ ကျောက်မဲမြို့နယ် အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် သျှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့၏ တိုက်ပွဲသည် ယနေ့ထိ ပြင်းထန်နေလျက်ရှိကြောင်း ပန်စလော့ကျေးရွာခံ...
“ပုဆိုးတော့ ငါ့ပုဆိုးပဲ ပေနေတဲ့မစင်တော့ ငါ့မစင်မဟုတ်ဘူး”
SHAN -
အာဏာသိမ်းစစ်ကောင်စီအပါအဝင် သျှမ်းပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်ခဲ့ပြီဆိုရင် ဘယ်အဖွဲ့ကမှ မိမိလက်ချက်လို့ သတ္တိရှိရှိ ဝန်မခံတဲ့အပြင် တာဝန်ယူမှုတာဝန်ခံမှုလည်းလုံး၀ မရှိခဲ့ကြပါ။ လယ်ယာသွားတဲ့ရွာသားတွေ သေနတ်ပစ်သတ်ခံရတာ ၊ မိုင်းနင်းမိလို့ သေကြေဒဏ်ရာရ သွားတဲ့အပေါ် တာဝန်ယူဆေးကုပေးတာ၊ ဝန်ချတောင်းပန်တာ၊ ဝန်ခံတာလည်းတကြိမ်မှမရှိခဲ့ကြပါ။အဆိုးဆုံးကတော့ လယ်ယာလုပ်ငန်းခွင်ဝင်တဲ့ လူထုကိုချောင်းမြောင်းပစ်ခတ်တာပါပဲ။ ထိုပြသနာတွေဖြစ်လာရတာဟာ ခေတ်အဆက်ဆက် လက်နက်ကိုင်တပ်ဖွဲ့တွေ ၊...
နမ့်စန်-ခိုလမ် လမ်းပေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ထပ်မံဖွင့်လှစ်
SHAN -
သျှမ်းပြည် တောင်ပိုင်း နမ့်စန်-ခိုလမ်ကြား လမ်းမပေါ် စစ်ကောင်စီတပ်ဖွဲ့ မှ စစ်ဆေးရေးဂိတ်အသစ်တစ်ခု ထပ်မံဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။ စစ်ကောင်စီတို့ အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် စစ်ဆေးရေးဂိတ်သည် နမ့်စန်-ခိုလမ် ဆက်သွယ်ထားသည့် ကားလမ်းမကြီး အကြားတွင်တည်ရှိနေပြီး လမ်းသွားလမ်းလာ ပြည်သူခရီးသွားများတို့၏ ယာဉ်များကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း ကြုံတွေ့ရသည့် နမ့်စန်ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
မိုင်းရယ်မြို့ ကိုဗစ်လူနာ တိုးများလာသော်လည်း ကျန်းမာရေး စီမံကွပ်ကဲမှုမရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တိုးများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူကျန်းမာရေးအတွက် စီမံကွပ်ကဲမှုများ မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိမိုင်းရယ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အတည်ပြု လူနာ ( ၁၃၄) ဦးရှိလာပြီ ဖြစ်သော်လည်း မြို့နယ်မှ သက်ဆိုင်ရာ...
တောင်ကြီး အိမ်ထောင်စုစာရင်း ကောက်ယူ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ရှိ ရက်ကွက်တချို့တွင် ညကြီးအချိန်မတော် အိမ်ထောင်စုစာရင်းများ လာရောက်ကောက်ယူ မေးမြန်းနေသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်နှင့် ပြည်တော်သာ ရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး...
တာချီလိတ်တွင် UWSA ပိုင် ကုမ္ပဏီ ပြည်သူပိုင်မြေပေါ် စက်ရုံတည်ဆောက်ခွင့်ရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် စက်ရုံ(၂)ရုံတည်ဆောက်ရန် UWSA ပိုင် ကုမ္ပဏီ စက်ရုံ တည်ဆောက် ခွင့်ပြုချက်ရထားကြောင်း စုံစမ်းသိရသည်။ “ဝ” သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် နမ့်ဟုတ်မြစ်ဝှမ်းဒေသရှိ မတရားသိမ်းယူထားသည့် လယ်ယာမြေများပေါ် စစ်ကောင်စီကျောထောက်နောက်ခံဖြင့် စက်ရုံတည်ဆောက်ခွင့်ပြုချက်ရထားပြီး၊ စက်ရုံ တည်ဆောက်ပါက လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်ပေါ်လာနိုင်ကြောင်း...





