Tuesday, January 27, 2026

တာချီလိတ်တွင် UWSA ပိုင် ကုမ္ပဏီ ပြည်သူပိုင်မြေပေါ် စက်ရုံတည်ဆောက်ခွင့်ရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် စက်ရုံ(၂)ရုံတည်ဆောက်ရန် UWSA ပိုင် ကုမ္ပဏီ စက်ရုံ တည်ဆောက် ခွင့်ပြုချက်ရထားကြောင်း စုံစမ်းသိရသည်။

“ဝ” သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် နမ့်ဟုတ်မြစ်ဝှမ်းဒေသရှိ မတရားသိမ်းယူထားသည့် လယ်ယာမြေများပေါ် စစ်ကောင်စီကျောထောက်နောက်ခံဖြင့် စက်ရုံတည်ဆောက်ခွင့်ပြုချက်ရထားပြီး၊ စက်ရုံ တည်ဆောက်ပါက လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်ပေါ်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်(SHRF) မှ သြဂုတ် (၂၆)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“စက်ရုံတွေ လာဆောက်လိုက်မယ်ဆိုရင် လေထုညစ်ညမ်းမှုတွေကြောင့် နှစ်ဖက်နယ်စပ်က ဒေသခံတွေရဲ့ ကျန်းမာရေးတွေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်၊ အဲ့တာအပြင် လယ်ယာမြေတွေကိုလည်း ပြန်ရနိုင်တော့မှာ မဟုတ်ဘူး”ဟု SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် ကပြောသည်။

ထိုဒေသတွင် “ဝ” သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)ပိုင် ဟုန်ပန်းကုမ္ပဏီက စက်ရုံတည်ဆောက်ခွင့် ရရှိထားတာဖြစ်ပြီး အဆိုပါဒေသကို ကာကွယ်ရန် “ရွှေတြိဂံ နမ့်ဟုတ်မြစ်ဝှမ်းဒေသကို ကာကွယ်ပါ” အစီရင်ခံစာသစ်ကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ သြဂုတ်လ (၂၆)ရက် ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“အဓိကတော့ စက်ရုံဆောက်လုပ်ရန် ကြိုးစားနေတာကို ရပ်တန့်ဖို့နဲ့ ဒေသခံတွေကို သူတို့ပိုင်တဲ့ လယ်ယာမြေ ပြန်ပေးဖို့ရည်ရွယ်တာပါ၊ ဘာကြောင့်လဲဆိုရင် လယ်ယာမြေမရှိရင် ဒေသခံတွေ အတွက်က အရမ်းကို ခက်ခဲတယ်” ဟု SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA ပိုင်ကုမ္ပဏီသည် ပြီးခဲ့သည့် မေလ (၆)ရက်နေတွင် ဘူဒိုဇာဖြင့်မြေညှိရန် ထပ်မံကြိုးစားလာတာဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

စက်ရုံဆောက်လုပ်ခွင့်ရထားသည့် ထိုဒေသကို “ဝ”တပ်ပိုင် ကုမ္ပဏီက (၂၀၁၉)ခုနှစ်မှစပြီး ခြံစည်းရိုးခတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့မှုအပေါ် ဒေသခံတို့က ဆန့်ကျင်ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီး (၃)လအကြာတွင် မြေညှိရန် ပြန်လည်လုပ်ဆောင်လာသဖြင့် ဒေသခံများမှ ထပ်မံဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း၊ ထိုချိန်တွင် ကုမ္ပဏီလုပ်သားများအား ကာကွယ်ပေးရန် ရဲတပ်ဖွဲ့ဝင်များကိုလည်း ခေါ်ယူထားကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အဆိုပါ စက်ရုံ(၂)ရုံမှာ ရော်ဘာသန့်စင်စက်ရုံနှင့် မန်းဂနိစ်သန့်စင်စက်ရုံ ဖြစ်ပြီး တည်ဆောက်မည့် နေရာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ်ရှိ နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် တည်ရှိနေတာဖြစ်ကြောင်း သိရသည်။

နမ့်ဟုတ်ချောင်းသည် ထိုင်း−မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်ထားတာဖြစ်ပြီး ရွှေတြိဂံဒေသတွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်တာဖြစ်သည့်အတွက် ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

အဆိုပါ စက်ရုံတည်ဆောက်မည့် မြေနေရာ ဧက (၁၀၀)သည် (၁၉၉၈−၁၉၉၉)ခုနှစ်ကတည်းက စက်မှုဇုန်တည်ဆောက်ရန်ဟုဆိုကာ မြန်မာစစ်တပ်က မတရားသိမ်းယူထားသည့် ဧက (၆၀၀)ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။