တာချီလိတ်တွင် UWSA ပိုင် ကုမ္ပဏီ ပြည်သူပိုင်မြေပေါ် စက်ရုံတည်ဆောက်ခွင့်ရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် စက်ရုံ(၂)ရုံတည်ဆောက်ရန် UWSA ပိုင် ကုမ္ပဏီ စက်ရုံ တည်ဆောက် ခွင့်ပြုချက်ရထားကြောင်း စုံစမ်းသိရသည်။

“ဝ” သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) သည် နမ့်ဟုတ်မြစ်ဝှမ်းဒေသရှိ မတရားသိမ်းယူထားသည့် လယ်ယာမြေများပေါ် စစ်ကောင်စီကျောထောက်နောက်ခံဖြင့် စက်ရုံတည်ဆောက်ခွင့်ပြုချက်ရထားပြီး၊ စက်ရုံ တည်ဆောက်ပါက လေထုညစ်ညမ်းမှု ဆိုးရွာစွာဖြစ်ပေါ်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်(SHRF) မှ သြဂုတ် (၂၆)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“စက်ရုံတွေ လာဆောက်လိုက်မယ်ဆိုရင် လေထုညစ်ညမ်းမှုတွေကြောင့် နှစ်ဖက်နယ်စပ်က ဒေသခံတွေရဲ့ ကျန်းမာရေးတွေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်၊ အဲ့တာအပြင် လယ်ယာမြေတွေကိုလည်း ပြန်ရနိုင်တော့မှာ မဟုတ်ဘူး”ဟု SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် ကပြောသည်။

ထိုဒေသတွင် “ဝ” သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)ပိုင် ဟုန်ပန်းကုမ္ပဏီက စက်ရုံတည်ဆောက်ခွင့် ရရှိထားတာဖြစ်ပြီး အဆိုပါဒေသကို ကာကွယ်ရန် “ရွှေတြိဂံ နမ့်ဟုတ်မြစ်ဝှမ်းဒေသကို ကာကွယ်ပါ” အစီရင်ခံစာသစ်ကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)မှ သြဂုတ်လ (၂၆)ရက် ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

“အဓိကတော့ စက်ရုံဆောက်လုပ်ရန် ကြိုးစားနေတာကို ရပ်တန့်ဖို့နဲ့ ဒေသခံတွေကို သူတို့ပိုင်တဲ့ လယ်ယာမြေ ပြန်ပေးဖို့ရည်ရွယ်တာပါ၊ ဘာကြောင့်လဲဆိုရင် လယ်ယာမြေမရှိရင် ဒေသခံတွေ အတွက်က အရမ်းကို ခက်ခဲတယ်” ဟု SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA ပိုင်ကုမ္ပဏီသည် ပြီးခဲ့သည့် မေလ (၆)ရက်နေတွင် ဘူဒိုဇာဖြင့်မြေညှိရန် ထပ်မံကြိုးစားလာတာဖြစ်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

စက်ရုံဆောက်လုပ်ခွင့်ရထားသည့် ထိုဒေသကို “ဝ”တပ်ပိုင် ကုမ္ပဏီက (၂၀၁၉)ခုနှစ်မှစပြီး ခြံစည်းရိုးခတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့မှုအပေါ် ဒေသခံတို့က ဆန့်ကျင်ကန့်ကွက်မှုကြောင့် ရပ်တန့်ခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီး (၃)လအကြာတွင် မြေညှိရန် ပြန်လည်လုပ်ဆောင်လာသဖြင့် ဒေသခံများမှ ထပ်မံဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း၊ ထိုချိန်တွင် ကုမ္ပဏီလုပ်သားများအား ကာကွယ်ပေးရန် ရဲတပ်ဖွဲ့ဝင်များကိုလည်း ခေါ်ယူထားကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အဆိုပါ စက်ရုံ(၂)ရုံမှာ ရော်ဘာသန့်စင်စက်ရုံနှင့် မန်းဂနိစ်သန့်စင်စက်ရုံ ဖြစ်ပြီး တည်ဆောက်မည့် နေရာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ်ရှိ နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် တည်ရှိနေတာဖြစ်ကြောင်း သိရသည်။

နမ့်ဟုတ်ချောင်းသည် ထိုင်း−မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်ထားတာဖြစ်ပြီး ရွှေတြိဂံဒေသတွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်တာဖြစ်သည့်အတွက် ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

အဆိုပါ စက်ရုံတည်ဆောက်မည့် မြေနေရာ ဧက (၁၀၀)သည် (၁၉၉၈−၁၉၉၉)ခုနှစ်ကတည်းက စက်မှုဇုန်တည်ဆောက်ရန်ဟုဆိုကာ မြန်မာစစ်တပ်က မတရားသိမ်းယူထားသည့် ဧက (၆၀၀)ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...