Wednesday, January 28, 2026

နောင်ချိုမြို့နယ် ကိုဗစ်ကူးစက်မှု ပိုမို မြင့်တက်လာ

သျှမ်းမြောက် နောင်ချိုမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်မှု ပိုမိုမြင့်တက်လာကြောင်း စုံစမ်းသိရသည်။

အဆိုပါ မြို့တွင် သြဂုတ်လ ၂၇ ရက်နေ့မှ စတင်ပြီး Pilot Project ဖြင့် ကျေးရွာများအထိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကိုဗစ်ပိုး ကူးစက်ခံရသူ ပိုမိုတွေ့ရှိခဲ့ကြောင်း သိရသည်။

“Pilot Project အရ ကျေးရွာတွေအထိ သွားပြီး Task Kit နဲ့ စစ်ဆေးပေးတာပါ၊ ကျန်းမာရေးမကောင်းတဲ့ သူတွေကို ဦးစားပေးစစ်ဆေးတယ်၊ အဲ့မှာ ကူးစက်နေမှုတွေက တော်တော်ကို များနေတယ်” ဟု နောင်ချိုမှ ပရဟိတအသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများအား ဇုန် (၄)ဇုန် ခွဲခြားသတ်မှတ်ပြီး ကိုဗစ် စစ်ဆေးမှုများ ဆောင်ရွက်ပေးနေတာဖြစ်ကြောင်း၊ စစ်ဆေးသူဦးရေနည်းသော်လည်း ကိုဗစ်ပိုး တွေ့ရှိမှုနှုန်းက စစ်ဆေးသူဦးရေ၏ တဝက်ခန့်ပင် ရှိနေကြောင်း သိရသည်။

“ကျေးရွာအားလုံးတော့ မဟုတ်ဘူးပေါ့၊ ကျွန်တော်တို့ သွားစစ်ရတဲ့ ကျေးရွာတွေမှာ စစ်တဲ့ ဦးရေဆယ်ဂဏန်းလောက်ပဲ ရှိတာကို ပိုးတွေ့နှုန်းက တစ်ဝက်လောက်နီးနီးကို ရှိနေတယ်” ဟု အဆိုပါ ပရဟိတအသင်းဝင်တစ်ဦးက ဆိုသည်။

အဆိုပါ Pilot Project အစီအစဉ်ဖြင့် သြဂုတ်လ (၂၈)ရက် ယနေ့တွင် ပြည်သူ(၃၆၉)ဦးကို စစ်ဆေးရာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ (၁၂၄)ဦးထိ တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇုန်အလိုက် သတ်မှတ်ပြီး Tast Kit ထုတ်ပေးရာမှာ လုံလောက်မှုမရှိကြောင်း၊ ကျေးရွာများထိ ကွင်းဆင်းစစ်ဆေးမှု ပိုမိုထိရောက်စေရန်အတွက် Tast Kit များကို ထပ်မံထုတ်ပေးစေချင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ခုက အကန့်အသတ်နဲ့ပဲ စစ်ဆေးပေးနေရတယ်၊ Tast Kit တွေကို လုံလောက်အောင် ထုတ်ပေးနိုင်မယ်ဆိုရင် စစ်ဆေးတာလည်း ပိုပြီးထိရောက်မယ်၊ ကျေးရွာမှာ ကိုဗစ်ပိုးကူးစက်မှုတွေလည်း လျော့ကျသွားနိုင်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နိုင်ငံတော်အဆင့် ကိုဗစ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက သျှမ်းပြည်တွင်းရှိ နောင်ချိုမြို့နယ် အပါအဝင် လားရှိုး၊ တာချီလိတ်၊ ညောင်ရွှေ၊ တောင်ကြီး၊ ကျိုင်းတုံနှင့် ရပ်စောက် မြို့နယ်တို့ကို ကိုဗစ်ရောဂါကူးစက်မှုနှင့်ပတ်သက်ပြီး အထူးစစ်ဆေးမှုဆောင်ရွက်မည့်မြို့နယ်များအဖြစ် သြဂုတ်လ (၂၆)ရက်နေ့က သတ်မှတ်ထားကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် သြဂုတ်လ (၂၈)ရက် ယနေ့ မွန်းလွဲပိုင်းအထိ ကိုဗစ်ပိုးကူးစက်ခံရသူ (၁၆၄၁)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၀၇၆)ဦးနှင့် သေဆုံးသူ (၄၂)ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...

နောင်ချိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့်...

နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့်...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး ဒေသခံ ၁ဦး ဒဏ်ရာရရှိနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ...