နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး ဒေသခံ ၁ဦး ဒဏ်ရာရရှိနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုးဘွားရိပ်သာ အဆောက်အဦး ထိခိုက်ပျက်စီးပြီး အရပ်သား (၁) ဦး ဒဏ်ရာရရှိထားကြောင်း နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်ပိုင်းမှာပဲ လေယာဉ်နဲ့ လာကြဲသွားတယ်၊ တစ်ဦးထိမှန်တယ် ပြောတယ်။ သပြေတောင်ဘုရားကုန်းဘက်က ဘိုးဘွားရိပ်သာမှာ လာချသွားတယ်။ စစ်တပ်က သူတို့ လာချင်တဲ့အချိန် လာချသွားတယ်။ နောင်ချိုမှာလည်း သေဆုံးတွေ အရမ်းများလာပြီ၊ ဒါကိုလည်း ဘယ်သူမှ တာဝန်ယူပေးတာမျိုး မရှိကြဘူး။ ခုဆို ကြောက်နေရတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ နောင်ချိုမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် တောင်ခမ်းကျေးရွာရှိ တပ်စခန်းနေရာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးသုံးပြီး တိုက်ခိုက်မှု ပိုမိုပြုလုပ်နေကြောင်း နောင်ချိုဒေသခံက ဆက်ပြောသည်။

“တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတာမျိုးတော့ ရှိနေသေးတယ်။ ၂ ရက်နေ့တုန်းဆို လက်နက်ကြီး ပစ်ခတ်တာတွေ တော်တော်များတယ်။ အခု ရက်ပိုင်းလောက်တော့ အသံတွေ ငြိမ်သွားတာမျိုးတွေရှိတယ်။ တိုက်ပွဲကလည် ကြာနေပြီ၊ စစ်တပ်ကတော့ ပြန်လည် ဆုတ်ခွာတာမျိုး ရှိမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလေကြောင်းဗုံးကြဲ နောင်ချိုမြို့ အပျက်အစီး

ပြီးခဲ့သည့် ဇန်နဝါရီ (၂၆) ရက်ကလည်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်မှ ရှော့တိုက်ဒုံးဖြင့် နေအိမ် အလုံး ၂၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့တွင် နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာနေပြီး သေဆုံးသူလည်း ပိုမိုများပြားလာနေကြာင်း ဒေသခံပြောပြချက်အရ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ ဇန်နဝါရီ (၁၈) ရက်မှ စတင်ပြီး တရားဝင် အပစ်အခတ် ရပ်စဲကြောင်း တရုတ်နိုင်ငံဘက်မှ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ညီနောင်မဟာမိတ်ဖြစ်သည့် TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီက လေကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ကာ TNLA ကို ဖိအားပေးနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...