နမ့်စန်-ခိုလမ် လမ်းပေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ထပ်မံဖွင့်လှစ်

သျှမ်းပြည် တောင်ပိုင်း နမ့်စန်-ခိုလမ်ကြား လမ်းမပေါ် စစ်ကောင်စီတပ်ဖွဲ့ မှ စစ်ဆေးရေးဂိတ်အသစ်တစ်ခု ထပ်မံဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။

နမ့်စန်-ခိုလမ် လမ်း

စစ်ကောင်စီတို့ အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် စစ်ဆေးရေးဂိတ်သည် နမ့်စန်-ခိုလမ် ဆက်သွယ်ထားသည့် ကားလမ်းမကြီး အကြားတွင်တည်ရှိနေပြီး လမ်းသွားလမ်းလာ ပြည်သူခရီးသွားများတို့၏ ယာဉ်များကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း ကြုံတွေ့ရသည့် နမ့်စန်ဒေသခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ဒီနေရာမှာ စစ်ဆေးရေးဂိတ်ဆိုတာ မရှိပါဘူး၊ ဒီကာလအတွင်းမှာပဲ လာပြီးဖွင့်လှစ်လိုက်တာ၊ ရက်တော့ အသေအချာမသိဘူး၊ ဒီနယ်ဖက်မှာ လှုပ်ရှားတဲ့ PDF သတင်းတွေထွက်လာပြီးတဲ့နောက် လာဖွင့်လိုက်တာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ အသစ်ဖွင့်လှစ်လိုက်သည့် စစ်ကောင်စီတို့ စစ်ဆေးရေးဂိတ်တွင် မလိုအပ်သည့် အချက်များကိုပါ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းသည့် အတွက် လိုရာခရီးမရောက်ဘဲ ခရီးကြန့် ကြာမှုများနှင့် စိတ်အနှာင့်အယှက်များလည်း ရှိနေကြောင်း သိရသည်။

“ဂိတ်မလို့ အနည်းအကျည်း မေးမြန်းတာတော့ နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် တခါတလေကျတော့ မေးမြန်းတာ များလွန်းတယ်၊ မလိုအပ်တာတွေလည်း မေးတော့ လိုရာခရီးကို သွားဖို့ ကြန့်ကြာသွားတယ်၊ တချို့ မေးခွန်းတွေက မသင်္ကာသလိုနဲ့ စိတ်အနှောင့်အယှက်ပေးမိတာ အမှန်ပဲ” ဟုလည်း ၎င်းကပြောသည်။

နမ့်စန် – ခိုလမ်ကြား ကားလမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်သားတို့ ဖွင့်လှစ်လိုက်သည့် ဂိတ် များအနေဖြင့် လက်ရှိ အသစ်ဖွင့်လိုက်သည့် ဂိတ်သစ်အပါအဝင် စုစုပေါင်း ၃ ခုရှိနေပြီး ခိုလမ်မှ နမ့်ဟူးကျေးရွာ သို့သာ တစ်လမ်းတည်းပေါက်သည့် လမ်းခွဲမှာလည်း စစ်ဆေးရေးဂိတ်ဖွင့်လိုက်ပြီး ခရီးသားပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...