Tuesday, January 27, 2026

မိုင်းရယ်မြို့ ကိုဗစ်လူနာ တိုးများလာသော်လည်း ကျန်းမာရေး စီမံကွပ်ကဲမှုမရှိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တိုးများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူကျန်းမာရေးအတွက် စီမံကွပ်ကဲမှုများ မရှိကြောင်း စုံစမ်းသိရသည်။

Photo – ဟိတဓရလူမှုကူညီရေးအသင်း မိုင်းရယ်မြို့

လက်ရှိမိုင်းရယ်မြို့တွင် ကိုဗစ် – ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အတည်ပြု လူနာ ( ၁၃၄) ဦးရှိလာပြီ ဖြစ်သော်လည်း မြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကိုဗစ်ကော်မတီ ဌာနမှ တာဝန်ရှိသူများတို့က ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် စီမံလုပ်ဆောင်မှုများ မရှိကြောင်း မိုင်းရယ်မြို့မှ ဟိတဓရ ပရဟိတ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ပေါ့လျှော့မှုကြောင့် ရောဂါပိုးတွေက ဒီလောက်ထိ တိုးလာရတာပေါ့၊ မိုင်းရယ်မှာ ကိုဗစ် ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးကော်မတီဆိုတာ ရှိတယ်၊ ကော်မတီသာ ဖွဲ့လိုက် တာပါ ဘာလုပ်ဆောင်မှု ရှိတာ မဟုတ်ဘူး” ဟုအထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လားရှိုး-မိုင်းရှူး ဆက်သွယ်ထားသည့် ကားလမ်းမကြီးပေါ်ရှိ ကြားခံမြို့ တစ်မြို့ ဖြစ်သည့် မိုင်းရယ်မြို့သည် လားရှိုးမြို့မှ သာမက အခြားသော မြို့ရွာများမှ လာသည့် ခရီးသွားပြည်သူများ၊ ကားသမားများလည်းရှိနေ သောကြောင့် ရောဂါကူးစက်မှု များလာကြောင်း မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက်နေ ဒေါ်နန်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – ဟိတဓရလူမှုကူညီရေးအသင်း မိုင်းရယ်မြို့

“ကျမတို့ မြို့မှာ အရင်က ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာမရှိပါဘူး၊ အေးဆေးသွားလာနေ ထိုင်လို့ ရကြသေးတယ်၊ ဒါပေမဲ့ ဒီ တတိယလှိုင်းမှာတော့ ပိုးတွေ့လူနာ တစ်ရာကျော်လာပြီ၊ ဒါက မြို့အဝင် အထွက်များတာရယ်နဲ့ စစ်ဆေးမှုတွေ မပြုလုပ်လို့ ဖြစ်တယ်လို့ ယူဆမိတယ်” ဟု ဒေါ်နန်းခမ်းက ပြောသည်။

ယမန်နေ့ သြဂုတ်လ ၂၆ ရက်နေ့မှာ ဟိုယပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ကိုရင်ကြီး ခြောက်ပါးတို့တွင် ကိုဗစ် – ၁၉ စစ်ဆေးတွေ့ရှိရပြီး လက်ရှိတွင် ပိုးတွေ့လူနာ ၁၃၇ ဦးနှင့် ကိုဏ် – ၁၉ ရောဂါပိုးကြောင့် သေဆုံးရသူ ၃ ဦးထက်မနည်း ရှိနေကြောင်းလည်း သိရသည်။

“ဒီလို မြို့သေးသေးလေးမှာ ကိုဗစ်ပိုး ၁၀၀ ကျော်ထိ တွေ့ရှိတာ ပြောရရင်များတဲ့ ပမာဏပဲ။ ပြီးတော့ သက်ဆိုင်ရာ ကော်မတီကလည်း စီမံကွပ်ကဲမှုမရှိဘူး၊ မြို့အဝင်ထွက်မှာလည်း စစ်ဆေးတာမျိုး မရှိသလောက် ဖြစ်နေတယ်၊ ပြည်သူတွေကလည်း ကြောက်ရကောင်းမှန်းမသိတော့ မက်မတပ်ဘဲနဲ့ အပြင်ကို သွားလာနေတာမျိုးရှိတယ်” ဟု မိုင်းရယ်မြို့မှ ပရိဟိတသမား တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့တွင် ပိုးတွေ့လူနာများပြားလာသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရောဂါကို ကာကွယ်ထိန်းချုပ်သည့် စီမံလုပ်ဆောင်မှုများ ရှိသင့်ကြောင်းနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများကလည်း ပြည်သူများ ကျန်းမာရေး စည်းကမ်းချက်များနှင့် သွားလာကြရန် စေခိုင်းညွှန်ကြားသင့်ကြောင်း ၎င်းက ပြောပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

0
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

လားရှိုး MNDAA မှ တစ်လနီးပါး ဖမ်းဆီးထားသည့် မိန်းကလေးငယ်ကို ပြန်မလွှတ်သေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အသက်(၁၅) နှစ်အရွယ် မိန်းကလေးကို တစ်လနီးပါး ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ...

ပင်လောင်းစစ်ရှောင် တွေ ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေဆုံးမှုများရှိနေ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး အသက်သေဆုံးမှုရှိနေသော်လည်း ငှက်ပျောအူ ဆန်ပြုတ်ဖြင့် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လလယ်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကို စတင်ကြုံလာရပြီး စစ်ဘေးရှောင် (၆)ဦး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နေကြောင်း စစ်ရှောင်ကူညီနေသူ...