ကျောက်မဲ တိုက်ပွဲကြား ထွက်ပြေးလာချိန် အရပ်သား(၂)ဦး လက်နက်ကြီးထိမှန်

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြား ထွက်ပြေးတိမ်းရှောင်နေစဉ် အရပ်သား (၂)ဦး လက်နက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (သြဂုတ် ၂၆)ရက် ညနေ (၄)နာရီဝန်းကျင် တွင် ကျောက်မဲမြို့နယ် လွယ်ကုန်ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ထွက်ပြေးနေချိန် အရပ်သား (၂)ဦး လက်နက်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

“တစ်ယောက်က ရွာအစွန် စေတီနားကနေ စစ်ရှောင်ထွက်ပြေးဖို့လာရင်း မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်၊ နောက်တစ်ယောက်က သူ့အိမ်ထဲမှာ စစ်ရှောင်ပြေးဖို့ အဝတ်တွေ ယူနေတဲ့အချိန်မှာ ထရံကို ကျည်ဖောက်ဝင်လာပြီး သူ့ပေါင်ကို လာထိတာ” ဟု စစ်ရှောင်အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ကျည်ထိမှန်သည့်သူမှာ ဦးမောင်ဝင်း အသက် (၄၀)အရွယ်ခန့်ဖြစ်ပြီး ညာဖက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်တစ်ဦးမှာ အသက် (၅၀)အရွယ်ရှိ ဦးနာလိန် ဖြစ်ပြီး ခြေသလုံးတွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာတွေရထားတော့ လမ်းလည်းမလျှောက်နိုင်ဘူး၊ သွားကြိုရတယ်၊ ပန်စလော့ရွာနဲ့က လမ်းလျှောက်ရင် (၁)နာရီကျော်လောက်ကို ဝေးသေးတာ၊ သူတို့တွေ ဒီစစ်ရှောင်နေရာကို ရောက်လာတော့ မှောင်နေပြီ” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ ဒဏ်ရာရသူထဲမှ ဦးမောင်ဝင်းသည် ညာဖက်ပေါင်တွင် နှစ်ဖက်ပေါက်သည့် ဒဏ်ရာရရှိထားသဖြင့် သြဂုတ် (၂၇)ရက် ယနေ့မနက်တွင် ကျောက်မဲမြို့ပေါ်သို့ ထပ်မံသယ်ယူခဲ့ကာ ဆေးကုသနေကြောင်း၊ ကျန်တစ်ဦးမှာ ပန်စလော့ စစ်ရှောင်စခန်းတွင်သာ ရှိနေကြောင်း သိရသည်။

ထို့အပြင် ရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် လူနေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း စစ်ရှောင်များထံမှ ကြားသိရသည်။

“မနေ့က လက်နက်ကြီးသံ အကျယ်ကြီးပဲ ရွာဦးစေတီနားတွေမှာ ကျပြီး ပေါက်ကွဲတာရော၊ ရွာထဲ လူနေအိမ်နားမှာ ကျတာရော (၆)လုံးလောက်ရှိတယ်၊ နေအိမ် (၄)လုံးခန့်တော့ ပျက်စီးတာ တွေ့တယ်၊ အတိအကျတော့ မသိဘူး၊ နောက်ထပ်လည်း ထိခိုက်တာတွေ ရှိနိုင်သေးတယ်” ဟု စစ်ရှောင်ထွက်ပြေးလာသည့် လွယ်ကုန်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် ပန်စလော့ စစ်ရှောင်စခန်းတွင် ယနေ့အထိ စစ်ရှောင်လူဦးရေ (၃၉၀)ဦး ရှိနေပြီး ကျန်းမာရေး မကောင်းသူ (၄)ဦး၊ ကိုယ်ဝန်သည် (၂)ဦးလည်း ပါဝင်ကြောင်း၊ ထို့အပြင် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

“စစ်ရှောင်တွေအတွက်က အစားအသောက်လည်း ခက်ခဲတယ်၊ တစ်ချို့ဆို ဘာမှကို မပါလာဘူး၊ အဝတ်တောင် အပိုမပါဘူး၊ ငိုယိုပြီးတော့ကို ပြေးလာကြတာ” ဟု ပန်စလော့ ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

သြဂုတ်လ (၁၁)ရက်နေ့မှစပြီး ကျောက်မဲမြို့နယ် ပန်ကွမ်၊ ပန်လင်၊ လွယ်ကုန်ကျေးရွာအနီးတွင် RCSS/SSA နှင့် SSPP/SSA၊ TNLA တို့အကြား တိုက်ပွဲ ပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ကြောင်း၊ ထိုတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ (၁၀၀၀)ကျော်ထိ ရှိနေပြီး စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...