ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းဖြစ်ပွားသည့် တိုင်းရင်းသားလက်နကကိုင် တပ်ဖွဲ့တို့၏ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သတင်း သိရသည်။

ကျောက်မဲမြို့နယ် အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသည့် သျှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့၏ တိုက်ပွဲသည် ယနေ့ထိ ပြင်းထန်နေလျက်ရှိကြောင်း ပန်စလော့ကျေးရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့လည်း တိုက်ပွဲသံက ပြင်းထန်နေတုန်းပဲ ၊ လက်နက်ကြီးသံတွေလည်း ကြားနေရသေးတယ်” ဟု ပန်စလော့ကျေးရွာနေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ သြဂုတ်လ ၂၇ ရက်နေ့ မနက် ၁၀နာရီဝန်းကျင်မှ နှစ်ဖက်ပစ်ခတ်သံများ စတင်ကြားရတာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရွာ အနီးရှိ ဟူးကွက်ကျေးရွာ အတွင်းသို့ လက်နက်ကြီး ၂လုံးကျရောက်ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပက်သက်ပြီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ပြောရေးဆို ခွင့် ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ တိုက်ပွဲကြီးကြီးကျယ်ကျယ်ဖြစ်ပွားခြင်းမဟုတ်ကြောင်း တပ်သားများ ထိတွေ့မှုကြောင့် ပစ်ခတ်မှုဖြစ်သွားခြင်းသာ ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့မှာ တိုက်ပွဲကြီးကြီးကျယ်ကျယ် ဖြစ်ပွားတယ်လို့တော့မကြားရပါဘူး၊ ကျနော်တို့ မကြားမိဘူးပေါ့၊ တကယ်လို့သာ တိုက်ပွဲကြီးကြီးကျယ်ကျယ် ဖြစ်ရင်တော့ ကျနော်တို့လည်း သိရမှာပေါ့၊ ခုတော့ နှစ်ဖက် တပ်သားအချင်းချင်း ထိတွေ့မှရှိတော့ ပစ်ခတ်မှုတော့ ရှိမှာပေါ့” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှစတင်ပြီး ဖြစ်ပွားခဲ့သည့် အဆိုပါ သျှမ်းပြည် မြောက်ပိုင်းဖက်မှ တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ပွဲကြောင့် ဒေသခံပြည်သူများ (၁၅၀၀) ကျော်ခန့်က စစ်ဘေးတိမ်းရှောင်နေကြ ရပြီး တိုက်ပွဲအမြန်ဆုံး အဆုံးသတ်ရန် ပြည်သူများ မျှော်လင့်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...