Wednesday, January 28, 2026

လားရှိုးမြို့ဟိတကာရီကျောင်းရှိ မယ်သီလရှင် အပါး (၅၀) ကိုဗစ် ပိုးတွေ့

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၈ ရပ်ကွက် ဟိတကာရီ မယ်သီလရှင် စာသင်တိုက်တွင် မယ်သီလရှင်အပါး (၅၀) ပါး ကိုဗစ် – ၁၉ ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။

ဟိတကာရီမယ်သီလရှင် စာသင်တိုက်တွင် သီတင်းသုံးနေသည့် မယ်သီလရှင် ၂ပါး ဖျားနာနေကြောင်း ကျန်းမာရေးရေးဆိုင်ရာတာဝန်ရှိသူများကို အကြောင်းကြားပြီးနောက် ကျောင်းတိုက်ရှိ သီလရှင် (၁၁၃) ပါးကို ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ သီလရှင် (၅၀)ပါး ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း သတင်းရရှိသည်။

“အစက မယ်သီလရှင် နှစ်ပါးက ဖျားကြောင်း ကျန်းမာရေး ဌာနကို ဖုန်းဆက် အကြောင်းကြားလာတယ်၊ အပြင်းအထန်ဖျားနေတယ်ပေါ့၊ ကိုဗစ် – ၁၉ ကိုလည်းကြောက်ရတာ ရှိနေတော့ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေက ကိုဗစ် ရှိ/မရှိ RTD နဲ့စစ်ကြေည့်တာ၊ သီလရှင် အပါး (၅၀) မှာ ပိုးတွေ့ရတာပဲ” ဟု လားရှိုးမြို့မှ ကျန်းမာရေးအသိုက်အဝိုင်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဟိတကာရီမယ်သီလရှင် စာသင်တိုက်မှ ပိုးတွေ့ရှိရသည့် မယ်သီလရှင်များကို လားရှိုး လူငယ်များ လူမှုကူညီရေးအဖွဲ့မှ ကွာရန်တင်းစင်တာသို့ ကိုဗစ် – ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ သယ်ဆောင်ပေးခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ စိုင်းဝသုန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျန်းမာရေးဖက်က ကျနော်တို့ကို ဖုန်းဆက် အကြောင်းကြားလာတော့ ကျနော်တို့က သွားသယ်ပေးခဲ့ပါ တယ်၊ ကား ၁၀ စီး၊ တစ်စီးကို ၅ ပါးနှုန်းနဲ့ သယ်ခဲ့တာပါ” ဟု စိုင်းဝသုန်က ပြောပါသည်။

ကိုဗစ် – ၁၉ တတိယလှိုင်းအတွင်း ပိုးတွေ့လူနာ အများဆုံး မြို့ဖြစ်သည့် လားရှိုးမြို့သည် Stay At Home ကြေညာထားသည့် မြို့ဖြစ်သည့် အပြင် လက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာ စုစုပေါင်း (၃၀၀၀) ရှိလာသည့် အပြင် ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူများလည်း (၃၀၀) ဝန်းကျင်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...