တောင်ကြီး အိမ်ထောင်စုစာရင်း ကောက်ယူ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ရှိ ရက်ကွက်တချို့တွင် ညကြီးအချိန်မတော် အိမ်ထောင်စုစာရင်းများ လာရောက်ကောက်ယူ မေးမြန်းနေသဖြင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစု ရပ်ကွက်နှင့် ပြည်တော်သာ ရပ်ကွက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် နယ်မြေမှူးများ ပါဝင်သည့် စစ်ကောင်စီ တပ်သား အဖွဲ့သည် အိမ်ထောင်စုစာရင်းများကို လိုက်လံမေးမြန်းကောက်ယူမှုများ ရှိနေကြောင်း သိရသည်။

“ရဲနဲ့ စစ်သားတွေ က သေနတ်တွေ လက်ထိပ်တွေ ပါတယ်။ အုပ်ကြီးသန်းရွှေနဲ့ သူ့နယ်မြေမှူးတွေလည်းပါတယ် ။ ဧည့်စာရင်းလာစစ်တာ အိမ်ထောင်စုစာရင်း ပြပေးပါ ဆိုပြီးတော့ စောင့်တဲ့ သူကစောင့် တချို့ကလည်း အိမ်ဝိုင်းထဲ ရှာဖွေမှုတွေ ပြုလုပ်သွားတယ်” ဟု အစစ်ဆေးခံရသည့် ရွှေတောင် ရပ်ကွက်မှ အိမ်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အိမ်ထောင်စုစာရင်း လာရောက်စစ်ဆေးသည့် စစ်ကောင်စီ အဖွဲ့သည် တချို့ အိမ်ထောင်စုတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ အသက် မပြည့်သေးသူ ဦးရေ မေးမြန်းမှုများ ပြုလုပ်သည့် အပြင် ရှာဖွေမှုများလည်း ပြုလုပ်သွားကြောင်းလည်း သိရသည်။

ညကြီးအချိန်မတော် စစ်ကောင်စီမှ အိမ်ထောင်စု စာရင်းများကို လိုက်လံမေးမြန်း ကောက်ယူခြင်း များအပေါ် ရပ်ကွက်နေ ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြပြီး တချို့သော လူငယ်များက အိမ်မှာပင် မအိပ်ရဲဘဲ ရှောင်တိမ်း နေရကြောင်းလည်း သိရသည်။

“သူတို့က လာပြီဆိုလည်း သေနတ်တွေ ဘာတွေနဲ့၊ နိုင်ငံရေးက လည်းမကောင်းဘူးဆိုတော့ ဘာဖြစ်လာနိုင် မယ်ဆိုတာ မသိနိုင်ဘူး၊ လူငယ်တွေ့တိုင်း PDF ထင်ပြီး ဖမ်းလွန်းလို့ တချို့လူငယ်တွေဆို အိမ်မှာတောင် မနေ ရဲကြတော့ဘူး၊ ပြည်သူတွေကလည်း အရမ်းလန့်နေပြီ၊ နေအိမ်တိုင်းကိုစစ်တာလည်း မဟုတ် သူတို့ ဝင်ချင် တဲ့အိမ်ဝင်တာ” ဟု စိန်ပန်းရပ်ကွက်မှ ပြည်သူတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

အိမ်ထောင်စု စာရင်းလိုက်လံမေးမြန်း ကောက်ယူနေသည့် စစ်ကောင်စီတို့သည် PDF များကို ရှာဖွေနှိမ်နင်းရန်နှင့် ပြည်သူများကို ကြောက်စိတ်သွင်းနေကြောင်း တောင်ကြီးမြို့ခံ အသက် ၆၀ အရွယ်ရှိ အဘ ဦးလှိုင် (နာမည်လွဲ) ကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြည့်တာနဲ့တင် သိနိုင်ပါတယ်၊ သူတို့က PDF တွေကိုလိုက်မွှေနေတာပေါ့၊ အရင် ဖမ်းဆီးမိတဲ့သူရဲ့ ထွက်ဆို ချက်နဲ့ လိုက်ရှာနေတာ နေမှာပေါ့၊ သူတို့ကတရားဝင် အစိုးရမှ မဟုတ်တာ၊ လူထုကိုတမင်ဒုက္ခပေးဖို့ အတွက် မွေးဖွားလာကြတာလေ၊ သူတို့ဒီလို ဝင်ချင်တဲ့အိမ်ဝင်ပြီး ဖမ်းချင်တိုင်း ဖမ်းနေကြတဲ့ ဥပဒေမဲ့လုပ် ရပ်တွေကို လုံးဝ မကျေနပ်နိုင်ဘူး” ဟု ဦးလှိုင် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုင်ငံတော်အာဏာသိမ်းယူသည့် စစ်ကောင်စီတပ်တို့သည် ညကြီးအချိန်မတော် အချိန်အခါများတွင် လက်နက်အပြည့်အစုံနှင့် ပြည်သူနေအိမ်ဝန်းများအထိ ဝင်ရောက်စီးနှင်းပြီး ပြည်သူမြောက်များစွာကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...