မိုင်းရယ်မြို့နယ် ရွာသားတစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းရှိ နားငူးကျေးရွာမှ ရွာသားတစ်ဦး ကို SSPP/SSA မှ မှားယွင်းပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

သေနတ်ပစ်သတ်ခံရသူ၏ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များ

ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ဝန်းကျင်ခန့်တွင် ကင်းစောင့်ရန်အတွက် သွားသည့် နားငူးရွာသား စိုင်းစံအွန် ဆိုသူသည် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့က မှားယွင်း ပစ်ခတ် မှုကြောင့် သေဆုံးသွားရကြောင်းသိရသည်။

“ကျနော်တို့ရွာမှာက တစ်နေ့(၂၄ နာရီ)ကို ရွာသားတစ်ယောက် အလှည့်ကျ ကင်းစောင့်ရတာမျိုးရှိတယ်၊ စိုင်းစံအွန်ကလည်း အဲ့နေ့က သူ့ကင်းအလှည့်ကျလို့ပါ၊ နေ့ပိုင်းမှာ သူစောင့်ပြီးပြီ ညနေဖက်ရောက်တော့ သူ့သားသမီးတွေအတွက် ထမင်းဟင်းချက်ပြန်ပြီး ညဖက်ပြန်အလာ SSPP/SSA နဲ့ တိုးမိပြီး သေနတ်နဲ့ ပစ်ခတ်ခံရတာ” ဟု ဒေသခံရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းစံအွန်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် SSPP/SSA စစ်သားများ အဖွဲ့သည် စုစုပေါင်း ၄ ယောက်ရှိပြီး သေနတ်ဒဏ်ရာ နှစ်ချက်အပြင် ခါးနောက်ဖက်မှ ချက်အောက်ဖက် သေနတ်ကျည်ဆန်ဖောက်ဝင်သွားတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားရကြောင်း သိရသည်။

“သူတို့က နှစ်ချက်ပစ်တာ၊ ခါးနောက်ဖက်နေ သူ့ချက်အောက် ကျည်ဖောက်ဝင်တဲ့ ဒဏ်ရာကြောင့် သေဆုံး သွားရတယ်လို့ ပြောကြတယ်၊ သူတို့ ပစ်ပြီပြီးချင်း ရွာကို ပြန်လာပြီးတော့ ရွာကဆေးမှူးကို သူတို့မှားပစ်မိလို့ သေဆုံးသွားပြီဆိုတဲ့ အကြောင်း လာဝန်ခံပြီးတော့ ညတွင်းချင်း မြေမြုပ်ပစ်လိုက်တာ “ ဟု အဆိုပါ ဖြစ်စဉ်များကို သိရှိရသူ ဦးဇင်းတစ်ပါးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စိုင်းစံအွန်တွင် သားသမီး ၄ ဦး၊ အမေအိုကြီးတစ်ဦးနှင့် ဇနီးတို့ ကျန်ရစ်ခဲ့ ကြောင်း နှင့် အဆိုပါ စိုင်းစံအွန်ကို မှားယွင်းပစ်ခတ်မိကြောင့် မိုင်းရယ်မြို့နယ် ကော်လျန်ကျေးရွာမှာ ရုံးစိုက် SSPP ဘက်က ငွေ (၁၀)သိန်းနဲ့ ဆန် (၁၀)တင်း လျော်ကြေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီးတော့ SSPP တပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်က ၎င်းတို့ တပ်ဖွဲ့ မူးယစ်ဆေးဝါး ရှာဖွေတိုက်ဖျက်ရေးအဖွဲ့၏ စစ်ဆေးမှုမေးမြန်းမှု ကို လက်မခံသည့် အပြင် ဆဲဆို ကြိမ်းမောင်းပြီး ထွက်ပြေးရန်ပါ ပြုလုပ်သည့် အတွက် ပစ်ခတ်ရခြင်းဟု ၎င်းသိရှိထားရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဉ် အသေးစိတ်ကိုတော့ ကျနော်လည်း မသိရသေးဘူး၊ ဒါမယ့် မူးယစ်ဆေးဝါး လိုက်စစ်တဲ့ အဖွဲ့နဲ့ တိုးမိပြီး မေးမြန်းမှုကိုလက်မခံဘဲ ထွက်ပြေးလို့ ပစ်လိုက်တာလို့တော့ ကြားမိပါတယ်၊ ကျနော်တို့ ပေါ်လစီ အရဆိုရင် မေးမြန်းမှု ကို အသာတကြည် ဖြေဆိုမှုပေးရင် ပစ်ခွင့်မရှိပါဘူး၊ ဒါပေမဲ့ လက်မခံဘဲ ထွက်ပြေး မှုတွေ လုပ်ရင်တော့ ပစ်မိန့်က ရှိပါတယ်” ဟု ဗိုလ်မှူးစိုင်းသန်းအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲနှင့် ပစ်ခွင့်မရှိကြောင်း၊ လက်လွန်ခြေလွန်ပစ်ခတ်မှု ဖြစ်သွားပါက တပ်သားကိုလည်း ကြီးလေးစွာ အပစ်ပေးရန် ရှိကြောင်း နှင့် ယခုဖြစ်စဉ်ကိုလည်း သေချာစုံစမ်း စိစစ်မည့် အကြောင်းလည်း ဗိုလ်မှူး စိုင်းသန်းအောင်က ပြောပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...