Tuesday, January 27, 2026

သျှမ်တောင် တောင်သူများ အကြွေးသောကဖြင့် ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ခရမ်းချဉ်၊ ကော်ဖီထုပ် စိုက်ပျိုးသည့် တောင်သူများ သီးနှံပေါ်ချိန်ဖြစ်သော်လည်း အရင်းပြန်မရသည့်အပြင် အကြွေးများပါတင်နေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် တီကျစ်မြို့တွင် သီးနှံများအား ဝယ်ယူသူမရှိသည့်အတွက် ဈေးနှုန်းအဆမတန်ကျဆင်းပြီး စီးပွားရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်ရွာလုံး အရှုံးပေါ်နေကြတာ၊ ကိုဗစ်ကြောင့် ဈေးလည်းပိတ်ထားရတော့ သွားရောင်းလို့လည်း မရ၊ အရင်နှစ်တွေဆို ပွဲစားတွေ ခြံထိ လာဝယ်တယ်၊ ခုက ဘယ်သူမှ လာမဝယ်ကြတော့ဘူး” ဟု တီကျစ်မြို့ ဟိုကျောင်းကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တီကျစ်ဒေသတွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ဈေးများကို ပိတ်ထားတာဖြစ်ပြီး တချို့ကျေးရွာအဝင်အထွက်လမ်းများကိုလည်း ပိတ်ထားကြောင်း သိရသည်။

ထိုဒေသတွင် ခရမ်းချဉ်သီး (၁)ပိဿာလျင် (၁၀၀)ကျပ်ဝန်းကျင်သာဈေးရှိကြောင်း၊ ဂေါ်ဖီထုပ်များလည်း ဝယ်ယူသူ အလွန်နည်းပါးသည့်အတွက် ခြံတွင်းမှာသာ ပုပ်သိုးအောင် ထားလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနှစ် ခရမ်းချဉ်၊ ဂေါ်ဖီထုပ်တွေကို စိုက်ပျိုးတာများတယ်၊ ဈေးလည်းမရတော့ ခြံထဲမှာ ဒီအတိုင်းပဲ ပုပ်သိုးအောင် ပစ်ထားရတယ် ။ ခရမ်းချဉ်သီးဆိုရင် စဉ်လိုက်ကို မှည့်ပြီး ပုပ်သိုးကုန်တယ်” ဟု အဆိုပါ တောင်သူက ဆက်ပြောသည်။

တီကျစ်၊ ပင်လောင်းမြို့များအပြင် ညောင်ရွှေ အင်းလေးဒေသထွက် ခရမ်းချဉ်သီးများလည်း ဈေးနှုန်းကျဆင်းနေသည့် အတွက် တောင်သူများ အရှုံးပေါ်နေကြကြောင်း၊ ထို့အပြင် ယခင်က မျိုးစေ့ဝယ်ယူထားမှုအတွက်ပါ ကြွေးမှီများ တင်နေကြောင်း၊ ကြက်သွန်ဖြူ စိုက်ပျိုးချိန် ဖြစ်သော်လည်း အရင်းအနှီးမရှိသည့်အတွက် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းအတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ရပြီး တောင်ယာ စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် ဒေသခံများ စီးပွားရေးကျဆင်းကာ ထပ်မံစိုက်ပျိုးရန် အခက်ခဲဖြစ်နေကြကြောင်း ဒေသခံများထံမှ ကြားသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...