စစ်ကောင်စီဖမ်းဆီးရိုက်နက်အကျဉ်းချထားသည့် တောင်ကြီး G-Z တဉီး ကိုဗစ်ဖြင့်သေဆုံး ဟုဆို

တောင်လေးလုံးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရထားသည့် အသက် ၂၀ အရွယ် တောင်ကြီး G-Z တဉီး ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသည့်အကြောင်း မိသားစုဝင်ထံ အကြောင်းကြားလာသည်ဟု သိရသည်။

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံးအကျဉ်းထောင်မှာ စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရထားသော တောင်ကြီးမြို့ ကျောင်းကြီးစုရပ်နေ မောင်မျိုးမင်းသန့် (ခေါ်) သားငယ်သည် ယမန်နေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် ကိုဗစ် ၁၉ ကူးစက်ခံရပြီး သေဆုံးသွားကြောင်း ထောင်တာဝန်ရှိက မိသားစုထံ အကြောင်းလာသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“ကိုဗစ် နဲ့ ဆုံးတယ်ဆိုပြီးတော့ အိမ်ကို အကြောင်းကြားလာတယ်၊ အဲ့ဟာပဲ ပြောတယ်၊ ကျန်တာတွေ ဘာမှ မသိရဘူး၊ စဝ်စံထွန်းဆေးရုံကိုလည်း မေးကြည့်ပါသေးတယ်၊ ဒါမယ့် ဘာမှ အကြောင်းမပြန်ဘူး” -ဟု မိသားစုဝင် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုမျိုးမင်းသန့် ခေါ် ကိုသားငယ်သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က တောင်ကြီးမြို့မှာ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံထားရသူ ကိုမျိုးမင်းသန့်သည် ထောင်ထဲတွင် ကိုဗစ် – ၁၉ ကူးစက်ခံရပြီး ညောင်ရွှေအကျဉ်း ထောင်မှ စဝ်စံထွန်းဆေးရုံသို့ ပြောင်းရွေ့ကုသစဉ် သေဆုံးသွားကြောင်း ထောင်မှ တာဝန်ရှိသူတစ်ဦးက မိသားစုဝင်ကို အကြောင်းကြားခဲ့တယ်လို့ သိရသည်။

“သူအဖမ်းခံရတဲ့နေ့က မတ်လ ၂၇ ရက်နေ့ကပါ၊ ဖမ်းသွားပြီးတော့ ၅၀၅ တွေတပ်ပြီး အမှုဖွင့်တယ်ပေါ့၊ အခုတော့ မိသားစုတွေကို အကြောင်းကြားလာတာက သူဆုံးပြီတဲ့” – ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် ကိုမျိုးမင်းသန့်၏ ရုပ်အလောင်းသည် ဘယ်နေရာတွင်ရှိပြီး မည်ကဲ့သို့ သေဆုံးရသည် ဆိုသည့် အတည်ပြုချက်များလည်း မသိရသေးကြောင်း မိသားစုဝင်များနှင့် ဆွေမျိုးများက ရုပ်အလောင်းကို ပြန်လိုချင်ကြောင်းလည်း သိရသည်။

“အပြင်လူနဲ့ ထိတွေ့ခွင့်မရှိဘဲနဲ့ ကိုဗစ် ကူးစက်ခံရတယ်၊ ကိုဗစ်ကြောင့်သေတယ် ဆိုတာ သံသယဖြစ်စရာပဲ၊ အခုဆို တောင်လေးလုံးမှာ သေတာ ၃ ယောက် ရှိသွားပြီ။ အထဲရောက်နေသူတွေအတွက်လည်းပိုပြီး တော့ စိုးရိမ်ရတယ်၊ ရုံးထုတ် ရုံးချိန်းတွေလည်း မရှိတော့ ဘာမှကို မသိရတော့ဘူး ” ဟု ဖမ်းဆီးခံရသူ များကို လိုက်လံကူညီပေးနေသည့် ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေအကျဉ်းထောင်(တောင်လေးလုံး)တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် ဩဂုတ်လ ၂၂ ရက်တွင် မူလတန်းပြဆရာ ဦးစိုးလွင်လွင် ၊ သြဂုတ်လ ၂၇ ရက်တွင်လည်း ဆီဆိုင်မြို့နယ် NLD ပါတီဝင် ခွန်ဗွာထိုသွေး နှင့် ယခုကိုမျိုးမင်းသန့် အပါအဝင် ဖမ်းဆီးခံထားရစဉ် ကွယ်လွန်သူ စုစုပေါင်း ၃ ဦး ရှိနေပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...