Mask (နှာခေါင်းစည်း)တပ်တာ မကြိုက်တဲ့ ကိုရင်လေး ကိုဗစ်-၁၉ ဖြင့် ပျံလွန်တော်မူ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ထမ်စန့်ဂူ ကျောင်းထိုင် ကိုရင်လေး (အရှင်ပေါရိသ) သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ (စက်တင်ဘာ ၁)ရက် မနက် ၁၁နာရီ ၄၅မိနစ်တွင် ဟိုပုံးပြည်သူ့ဆေးရုံတွင် ပျံလွန်တော်မူကြောင်း စုံစမ်းသိရသည်။ ကိုရင်လေး သည် ကိုဗစ်-၁၉ ကူးစက်ခံရသည်မှာ ရက်ကြာလာနေပြီး၊ ထမ်စန့်ဂူတွင်သာ ဆေးကုသခံယူခဲ့ရာ...
မိုင်းကိုင်မြို့နယ်က ဂိတ်စခန်းစောင့် နစက စစ်သားတစ်ဉီး သေနတ် ၄ လက်ဖြင့်ထွက်ပြေး
SHAN -
သျှမ်းပြည်တောင်ပိုင် လဲချား - မိုင်းကိုင် ကြားရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တပ်သားတစ်ဉီး ဆိုင်ကယ် တစ်စီးနှင့် အတူ သေနတ် ၄ လက် ၊ စခန်းရံပုံငွေများ ယူဆောင်ပြီး ထွက်ပြေးကြောင်း သတင်းသိရသည်။ ၂၀၂၁ ခု စက်တင်ဘာ ၁ ရက်နေ့...
လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ် (၇) ဦးဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု နားဟွယ်ရွာတွင် ယမန့်နေ့ ဩဂုတ် (၃၁) နေ့လည် ၁ နာရီဝန်းကျင်က PDF ဟုထင်ခံရသည့် လူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် (၇) ဦးကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း၊ လူငယ်များ...
မိုင်းရယ်မြို့နယ် အတွင်း TNLA ကျေးလက်လူထု စာရင်းကောက်
SHAN -
သျှမ်းပြည် မြောက်ပိုင်းအတွင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် မိုင်းရယ်မြို့နယ်အတွင်း လှုပ်ရှားရောက်ရှိလာကာ ကျေးလက်လူထု စာရင်း ပထမဆုံးအကြိမ် ကောက်ယူနေကြောင်း ဒေသခံများကပြောသည်။ သြဂုတ်လနှောင်းပိုင်းအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် တန့်ယန်းမြို့၊ မိုင်းရယ်မြို့ သို့ ရောက်ရှိလှုပ်ရှားနေပြီးကျေးလက် ရွာသားများကို ခေါ်ယူကာ...
တန့်ယန်မြို့နယ် ကိုဗစ်-၁၉ စစ်ဆေးမှု နေရာ ပြည်သူ့စစ် နှင့် ရဲများလာရောက်စောင့်ကြည့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာအုပ်စု၊ မန်းလွယ်ကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ ပိုးစစ်ဆေးရာတွင် ပြည်သူ့စစ်နှင့် ရဲများက လာရောက်စောင့်ကြည့် စစ်ဆေးကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့တန့်ယန်းမြို့ ကြက်ခြေနီအဖွဲ့နှင့်အတူ ပြည်သူ့စစ် နှင့် ရဲများ လာရောက်ပြီး စစ်ဆေးရာတွင် ပြည်သူများက ကြောက်လန့်မှုကြောင့်၊ ပိုးတွေ့ရှိပါက ပိုက်ဆံပေးကုသခံရသောကြောင့် စစ်ဆေးမှု ခံယူနေလျက်မရှိကြောင်း...
“လက်နက်ကိုင်ပဋိပက္ခကြား သျှမ်း/မြောက် တောင်သူများ ဒဏ်ရာဒဏ်ချက်တွေနဲ့ …..”
SHAN -
“မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကတည်းက တောင်ယာထဲပြန်ဝင်ဖို့ကို ကြောက်နေပြီ၊ မသွားရဲတော့ဘူး ’’ ဆိုပြီး မိုင်းငေါ့ စစ်ရှောင်စခန်းကို ရောက်နေတဲ့ လုင်းခမ်း (အမည်လွဲ)က ပြောပါတယ်။ လုင်းခမ်းဟာ ဇူလိုင်လ (၁၀)ရက်နေ့က ကျောက်မဲမြို့နယ် ပန်တောင်းရွာအနီးမှာ ကျွဲသွားရှာစဉ် မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်လုပ်ကိုင်နေသူ အိမ်ထောင်ဦးစီးတစ်ယောက် မြေမြုပ်မိုင်းနင်းမိပြီး ဆိုးရွားတဲ့ ဒဏ်ရာတွေ...
မူဆယ်မြို့ နန်းတော်ပေါက်မှ မြန်မာရွှေ့ပြောင်း ၁၀၀ ကျော်ထပ်မံဝင်ရောက်
SHAN -
မြန်မာ- တရုတ် နယ်စပ် နန်းတော်ပေါက်မှ ယနေ့ ဩဂုတ် (၃၁) ရက် မူဆယ်မြို့ထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀) ကျော် ထပ်မံဝင်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို တရုတ်အစိုးရဘက်မှာ ၂၄ နာရီ အတွင်း ကိုဗစ်- ၁၉ ရှိ မရှိကို...
နမ့်လန်ဒေသ တိုက်ပွဲကြား ရွာသား(၃)ဦးဖမ်းဆီးခံရ (၁)ဦးသေဆုံးဟု သတင်းထွက်
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် သျှမ်းတပ်(၂)တပ် တိုက်ပွဲအတွင်း ရွာသား (၃)ဦး ဖမ်းဆီးခံရပြီး (၁)ဦးသေဆုံးဟု သတင်းထွက်နေကြောင်း စုံစမ်းသိရသည်။ သြဂုတ်လ (၂၃)ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုတွင် ဒေသခံများဖြစ်သည့် လုံးပန်မွန်း၊ လုံးခမ်းနှင့် စိုင်းကျောက်တို့ကို...
တောင်ကြီးလူထုအတွက် အိမ်အထိ ကိုဗစ် အခမဲ့စစ်ဆေးပေးမှုအစီအစဉ်စတင်
SHAN -
စစ်အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းပျံ့နှံ့လာချိန် တောင်ကြီးဒေသခံ အများစု အိမ်တွင်း ကျိတ်ကုနေသော ကြောင့် ရောဂါထိန်းချုပ်နိုင်ရန် အခမဲ့ ကွင်းဆင်းစစ်ဆေးသည့်အစီအစဉ် စတင်နေကြောင်းသတင်းရရှိသည်။ အိမ်နေကာလ Stay At Home ကြေညာထားသည့် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် တစ်လအ တွင်းကိုဗစ် ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိလာပြီးနောက် ရောဂါပိုး ရှိမရှိကို...
ကျောက်မဲမြို့နယ် (၂)လအတွင်း စစ်ရှောင် (၂၅၀၀)ကျော်ထိရှိလာ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် (၂)လအတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် (၂၅၀၀)ကျော်ထိ ရှိလာပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ သည် ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခု သြဂုတ်လတို့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေးလာရသည့်...





