“လက်နက်ကိုင်ပဋိပက္ခကြား သျှမ်း/မြောက် တောင်သူများ ဒဏ်ရာဒဏ်ချက်တွေနဲ့ …..”

“မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကတည်းက တောင်ယာထဲပြန်ဝင်ဖို့ကို ကြောက်နေပြီ၊ မသွားရဲတော့ဘူး ’’ ဆိုပြီး မိုင်းငေါ့ စစ်ရှောင်စခန်းကို ရောက်နေတဲ့ လုင်းခမ်း (အမည်လွဲ)က ပြောပါတယ်။

လုင်းခမ်းဟာ ဇူလိုင်လ (၁၀)ရက်နေ့က ကျောက်မဲမြို့နယ် ပန်တောင်းရွာအနီးမှာ ကျွဲသွားရှာစဉ် မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်လုပ်ကိုင်နေသူ အိမ်ထောင်ဦးစီးတစ်ယောက် မြေမြုပ်မိုင်းနင်းမိပြီး ဆိုးရွားတဲ့ ဒဏ်ရာတွေ ရခဲ့ဖူးတော့ စိုးရိမ်ထိတ်လန့်မှုတွေက သူ့စိတ်ထဲမှာ အမြဲတမ်း စိုးမိုးနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် လုံးခမ်းတို့ မိသားစုဝင် (၄)ဦး မိုင်းငေါ့စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားခဲ့တဲ့ နေရာတွေမှာ မြေမြုပ်မိုင်းတွေ ပေါက်ကွဲမှု ဖြစ်မှာစိုးရိမ်တာကြောင့် တောင်ယာစိုက်ခင်း မသွားရဲဘဲ ယာထွက်သီးနှံတွေကို ဒီတိုင်းပစ်ထားရကြောင်းကိုလည်း သီပေါမြို့နယ် ခိုင်းမွန်ရွာမှ လုင်းဆိုင်က ပြောပြပါတယ်။

“တောင်ယာက ရွာနဲ့ (၂)မိုင်လောက်ပဲဝေးတာ၊ ဒါပေမယ့် လက်နက်ကိုင်တပ်တွေ သွားလာလှုပ်ရှားဖူးတဲ့ နေရာတွေဆိုတော့ လုံးဝကို မသွားရဲတော့ဘူး၊ တောင်ယာတွေကို ဒီတိုင်းပဲ ပစ်ထားလိုက်တော့တယ်” လို့ လုင်းဆိုင်က စိတ်မကောင်းစွာ ပြောပါတယ်။

သီပေါမြို့နယ် ခိုင်းမွန်ကျေးရွာဘက်မှာ သျှမ်းတပ်(၂)တပ်ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့ သွားလာလှုပ်ရှားတဲ့ နေရာဖြစ်လို့ ၂ ဖက်တပ်တွေထိပ်တိုက်ထိတွေ့ပစ်ခတ်မှုဖြစ်မှာစိုးလို့ ယခုနှစ် ဧပြီလကုန်ပိုင်းကတည်းက ရွာသားတွေဟာ တောင်ယာမသွားရဲကြဘဲ စွန့်ပစ်ထားရတာ အခုဆိုရင် (၄)လဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စုမှာ တစ်လအတွင်း ကြိုးမိုင်းထိမိ ဒဏ်ရာရသူ (၃)ဦး ရှိခဲ့ပြီဖြစ်တာကြောင့် လက်ဖက်ခြံတွေကို သွားပြီး လက်ဖက်မခူးရဲကြတော့ဘူးလို့ ဒေသခံတွေက သောကတွေနဲ့ ပြောပြနေပါတယ်။

“လက်ဖက်ခြံသွားရင်း လမ်းမှာ ကြိုးမိုင်း သွားထိမိတာ ပေါက်ကွဲပြီး ခြေထောက်နဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာတွေ ရခဲ့တယ်၊ ရင်ဘက်က သက်သာပေမယ့် ခြေထောက်ကတော့ ခုထိ လမ်းမလျှောက်နိုင်သေးဘူး။ လက်ရှိမှာ ခြံသွားဖို့ တွန့်ဆုတ်နေပါတယ် ” လို့ အသက် (၂၅)နှစ် အရွယ်ရှိ ပန်လင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ပန်လင်ရွာသား မိုင်းထိပြီး တစ်လမပြည့်ခင်မှာပဲ ၎င်းရွာမှ အမျိုးသားနဲ့ အမျိုးသမီး (၂)ဦး လက်ဖက်ခြံအနီး မှိုသွားရှာစဉ် ကြိုးမိုင်းထိမိလို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

အမျိုးသားက မျက်လုံးနဲ့ ဗိုက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးကတော့ ခြေသလုံးနဲ့ခါးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ထံကနေ ကြားသိရပါတယ်။

“ပြင်းထန်ဒဏ်ရာရရှိထားပေမယ့် တိုက်ပွဲကြောင့် လမ်းပိတ်ထားရပြီး ကျောက်မဲမြို့ပေါ်မှာလည်း ကိုဗစ်ကူးစက်သူ မြင့်တက်နေတဲ့အတွက် ဆေးဝါးကုသမှုရရှိဖို့ ခက်ခဲနေတယ်” လို့ အဆိုပါလူနာကို ကူညီပေးနေတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြတဲ့ ဒေသခံတွေ အခုလို မိုင်းပေါက်ကွဲဒဏ်ရာရရှိမှုတွေကြောင့် စားဝတ်နေရေးအတွက် ပိုပြီး ခက်ခဲသွားကြောင်း ကြားသိရပါတယ်။

“မိုင်းထိမိတဲ့ ပန်လင်ဒေသခံ အမျိုးသားတစ်ဦးက ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီးနဲ့ (၄)နှစ်သား ကလေး တစ်ယောက် ရှိတယ်၊ ခုတော့ ခြေထောက်ဒဏ်ရာကြောင့် ဘာအလုပ်မှ မလုပ်နိုင်ဘူး၊ သူတို့ရဲ့အနာဂတ်အတွက်က စိုးရိမ်စရာပါပဲ” ဟု ထိုအမျိုးသားနဲ့ နီးစပ်သူ လုင်းမိန်းအောင်က ပြောပြပါတယ်။

သျှမ်းပြည်ရှိ ကျေးလက်ဒေသမှာဆိုရင် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ပြီး ရပ်တည်ကြတာပါ။

တစ်မိသားစုလုံးရဲ့ စီးပွားရေး၊ သားသမီးတွေရဲ့ အနာဂတ်ပညာရေးတွေအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေကို ဆတ်ကြေးပေးဆောင်ရတာကလည်း ဒီ တောင်ယာလုပ်ငန်းကရရှိတဲ့ ဝင်ငွေတွေကနေ ပေးဆောင်ခဲ့ကြရတာဖြစ်တယ်လို့ ကျောက်မဲ ပန်းတောင်းဒေသခံ စစ်ရှောင်တစ်ယောက်က ပြောပြပါတယ်။

“ဦးလေးက တောင်ယာလုပ်ငန်းနဲ့ပဲ ရပ်တည်လာတာ၊ ခုက စစ်ရှောင်စခန်းမှာ လာပြီးခိုလှုံနေရတာဆိုတော့ နောက်နှစ်တွေအတွက်က အရမ်းကို ခက်ခဲတော့မှာပဲ၊ ဖြစ်နိုင်ရင် တိုက်ပွဲတွေ အမြန်ဆုံး ပြီးဆုံးစေချင်တယ်” လို့ ကျောက်မဲမြို့ဘက်ကို စစ်ရှောင်ခိုလှုံနေရတဲ့ လုင်းဝိ က ပြောပြပါတယ်။

သျှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေ သွားလာလှုပ်ရှားနေကြတဲ့ နေရာမှာ ဒေသခံပြည်သူတွေ အပြင် ကျွဲ၊ နွားတွေလည်း မိုင်းနင်းမိပြီး ဒဏ်ရာရရှိတဲ့အတွက် အရှုံးခံပြီး ရောင်းလိုက်ရကြောင်း ခိုင်းမွန်ရွာ ဒေသခံများထံမှ ကြားသိရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ မြေမြုပ်မိုင်း၊ ကြိုးမိုင်းထောင်ပြီးတိုက်ခိုက်ခြင်းများ မပြုလုပ်ကြဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

အဲလိုတောင်းဆိုမှုတွေထဲမှာ ကျောက်မဲမြို့ ပန်လင်ကျေးရွာမှ ဦးဆွေ ဆိုသူက “တိုက်ပွဲဖြစ်မှ ရမှာ ဆိုရင်လည်း ရွာနဲ့ နီးတဲ့နေရာမှာ မတိုက်ကြပါနဲ့၊ ဒေသခံတွေ လက်ဖက်ခြံ၊ တောင်ယာသွားတဲ့နေရာအနီးအနားမှာလည်း မိုင်းထောင်တာတွေ လုံးဝကို မပြုလုပ်ကြပါနဲ့ အနူးအညွှတ်ကို တောင်းဆိုပါတယ်” လို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။

စစ်ဘေးရှောင်တွေရဲ့ လက်ရှိဘဝဟာ နေရပ်ပြန်ရဖို့ပင် မလွယ်ကူတဲ့အပြင် ဒေသခံတချို့နေရပ်ပြန်ရောက်ကြပေမယ့် တောင်ယာလက်ဖက်ခြံထဲ သွားလာလုပ်ကိုင်ဖို့က မြေမြုပ်မိုင်း၊ ကြိုးမိုင်းတွေကို စိုးရိမ်နေရတဲ့အခြေနေဖြစ်နေရပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားတိုင်း မြေမြုပ်မိုင်းကို အသုံးပြုလေ့ရှိသလို တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ မိုင်းရှင်းလင်းရေးပြုလုပ်တာတွေ မရှိတဲ့အတွက် ဒေသခံတွေ ပိုမိုထိတွေ့ဒဏ်ရာရရှိနေရတာဖြစ်ကြောင်း ကျောက်မဲမြို့မှ လုင်းစိုင်းလိုင်း က ပြောပြပါတယ်။

“တိုက်ပွဲဖြစ်လို့ မိုင်းထောင်တာဆိုပေမယ့် တိုက်ပွဲပြီးဆုံးသွားရင်လည်း မိုင်းရှင်းလင်းရေးတွေ မလုပ်တော့ အဲဒီဒေသအနီးက ပြည်သူတွေပဲ မိုင်းထိပြီး သေဆုံးဒဏ်ရာရတာတွေ ဖြစ်နေတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ မိုင်းထောင်ပြီးရင်တော့ ပြန်ပြီး ရှင်းလင်းပေးသင့်တယ်” လို့ ကျောက်မဲမှ လူမှုရေးအသင်းတွင် ပါဝင်ဆောင်ရွက်နေသူ လုင်းစိုင်းလိုင်း က သူ့အမြင်ကို ပြောပြပါတယ်။

နိုင်ငံတကာတွေမှာဆိုရင် တိုက်ပွဲဖြစ်ပြီးရင် မိုင်းရှင်းလင်းရေးအဖွဲ့တွေက မိုင်းရှင်းလင်းရေးလုပ်ကြပါတယ်၊ မိုင်းရှင်းပြီး ခွင့်ပြုချက်ရပြီဆိုမှ ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုတာဖြစ်ပါတယ်။

သျှမ်း/မြောက်မှာ စစ်ကောင်စီလက်အောက်ခံ တပ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသဖြစ်ပါတယ်။

ထို မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲကြတဲ့အပြင် တစ်ချို့ နေရပ်ပြန်သူတွေအတွက်ပါ မြေမြုပ်မိုင်းအန္တရာယ်က စိုးရိမ်စရာ ဖြစ်နေရဆဲပါပဲ။

တိုက်ပွဲတွေ ငြိမ်သွားလို့ နေရပ်ပြန်ခဲ့ရတယ် ဆိုရင်တောင် တောင်ယာထဲ စိုက်ပျိုးရေးပြန်လုပ်ရဖို့က မလွယ်တော့ပါဘူး။

သျှမ်းမြောက်တောင်သူတွေ၊ လက်ဖက်ခြံစိုက်ပျိုးတဲ့ သူတွေ ဟာ တောင်ယာစိုက်ခင်းကို ပြန်သွားလုပ်ချင်ကြပေမယ့် အဝေးကနေ လှမ်းကြည့်ပြီး ကြိတ်မှိတ်ခံစားရရုံမှ အပ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ မှ မကူညီပေးနိုင်ပါဘူး။

“ နှစ်ပေါင်းများစွာ လယ်ယာလုပ်ပြီး အသက်မွေးတဲ့သူအနေနဲ့ ဒီလယ်ကို ပြန်လုပ်ချင်ပေမယ့် တိုက်ပွဲရှိနေသရွေ့တော့ မိုင်းရှိမယ်။ ဒါတွေရှိသရွေ့တော့ အဝေးကနေပဲ ကြည့်ပြီး စိတ်မကောင်းဖြစ်နေရတယ်” လို့ လုင်းစိုင်းခမ်းက ဝမ်းနည်းစွာ ပြောပါတယ်။

တနိုင်ငံလုံးက စစ်အာဏာရှင်ကို မိမိတတ်နိုင်တဲ့ဘက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်တော်လှန်နေကြချိန် သျှမ်းပြည်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးသရွေ့ သျှမ်း/မြောက်တောင်သူတွေရဲ့ဘ၀ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆက်ပြီးရှင်သန်နေရဦးမှာဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...