နမ့်လန်ဒေသ တိုက်ပွဲကြား ရွာသား(၃)ဦးဖမ်းဆီးခံရ (၁)ဦးသေဆုံးဟု သတင်းထွက်

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် သျှမ်းတပ်(၂)တပ် တိုက်ပွဲအတွင်း ရွာသား (၃)ဦး ဖမ်းဆီးခံရပြီး (၁)ဦးသေဆုံးဟု သတင်းထွက်နေကြောင်း စုံစမ်းသိရသည်။

သြဂုတ်လ (၂၃)ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုတွင် ဒေသခံများဖြစ်သည့် လုံးပန်မွန်း၊ လုံးခမ်းနှင့် စိုင်းကျောက်တို့ကို SSPP/SSA က ဖမ်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ကို SSPP/SSA တပ်တွေ ဖမ်းသွားတာပါ။ တစ်ဖက်တပ်ကို သတင်းပေးတဲ့သူဆိုပြီး ဖမ်းသွားတာ၊ လုံးပန်မွန်းကို သူတို့တပ်စခန်းချတဲ့ ဆေးရုံမှာ ခေါ်သွားပြီး မိုးရေထဲ ကြိုတုပ်ပြီး ထားထားတယ်၊ ကျန်တဲ့သူတွေကို ဘယ်မှာခေါ်သွားလဲ သေခြာမသိဘူး” ဟု စစ်ရှောင်ထွက်ပြေးလာသည့် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သြဂုတ်လ (၂၃)ရက်နေ့က လုင်းပန်မွန်းနှင့် လုံးခမ်းတို့ ဖမ်းခံရတာဖြစ်ကြောင်း၊ ထို့အပြင် သြဂုတ်လ (၂၇)ရက်နေ့တွင် ကောင်းဟတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းဆရာဖြစ်သူ အသက် (၂၀)ဝန်းကျင်ရှိ စိုင်းကျောက် ကိုလည်း SSPP/SSA မှ ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆည်းခံရသည့် ဒေသခံ (၃)ဦးထဲတွင် လုံးပန်မွန်းဆိုသူ သေဆုံးသွားပြီဟု ကြားမိကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ခဲအန်ရွာထဲမှာ ဒေသခံတစ်ဦးက လုံးပန်မွန်း အသက်ပေးလှူလိုက်ရပြီ ဆိုပြီး သျှမ်းစာ၊ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာရွက်ကို တွေ့ခဲ့တယ်၊ နောက်ပြီး သူ့ရဲ့ မိသားစုဝင်နဲ့လည်း အဆက်အသွယ် မရတော့ဘူး၊ တကယ်သေဆုံးလား ဆိုတာတော့ အတိအကျ မသိရဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

ထို့အပြင် အဖမ်းခံရသူများသည် SSPP/SSA တပ်သား လုပ်မှသာ အသက်ရှင်ခွင့်ရမည်ဖြစ်ကြောင်း အဖမ်းခံရသည့် ဒေသခံနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“လုံးပန်မွန်းလို အဖြစ်ခံမလား ဒါမှမဟုတ် တပ်ထဲဝင်မလား ဆိုပြီး ဒီနှစ်ခုထဲက တစ်ခုကို ရွေးခိုင်းတယ် လို့ ကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၃၅)ရွာရှိပြီး လက်ရှိတွင် SSPP/SSA တပ်က ထိန်းချုပ်ထားတာဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာတာဝန်ရှိသူ (၃)ဦးသာ ဖုန်းကိုင်ခွင့်ရပြီး ကျန်သည့်ဒေသခံများအား ဖုန်းကိုင်ဆောင်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။

“ပြီးခဲ့တဲ့ (၂)ရက် ကတည်းက ဖုန်းတွေကို ကျေးရွာတာဝန်ရှိသူထံ သွားအပ်ထားရတယ်၊ ဖုန်းအားလုံး လည်းပိတ်ထား တယ်၊ ဘယ်သူ့ဆီမှ ဆက်သွယ်လို့ မရတော့ဘူး” ဟု သြဂုတ်လ (၃၁)ရက် ယနေ့တွင် အဆိုပါကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောင်းဆရာ စိုင်းကျောက်သည် ဝမ်စိမ်းကျေးရွာအုပ်စု ဝမ်လီရွာသားဖြစ်ပြီး ၎င်းရောက်ရှိသည့် ကောင်းဟတ်ကျောင်းသည် သျှမ်းတပ် (၂)တပ် တိုက်ပွဲပြင်းထန်ခဲ့သည့် ခဲအန်ရွာနှင့် အနီးဆုံးမှာ ရှိနေတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းက ခဲအန်ရွာအတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုတွင် အသက် (၂၆)နှစ်ဝန်းကျင်ရှိ စိုင်းနာလိန် လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း၊ ၎င်းတွင် ကိုယ်ဝန် လွယ်ထားရသည့် အမျိုးသမီး ကျန်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူများထံ သျှမ်းသံတော်ဆင့် မှ (၃)ရက် ဆက်တိုက် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း သြဂုတ်လ (၁၁)ရက်နေ့မှ စတင်ကာ သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ကာ စားနပ်ရိက္ခာခက်ခဲနေကြကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...