Wednesday, January 28, 2026

တန့်ယန်မြို့နယ် ကိုဗစ်-၁၉ စစ်ဆေးမှု နေရာ ပြည်သူ့စစ် နှင့် ရဲများလာရောက်စောင့်ကြည့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာအုပ်စု၊ မန်းလွယ်ကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ ပိုးစစ်ဆေးရာတွင် ပြည်သူ့စစ်နှင့် ရဲများက လာရောက်စောင့်ကြည့် စစ်ဆေးကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့တန့်ယန်းမြို့ ကြက်ခြေနီအဖွဲ့နှင့်အတူ ပြည်သူ့စစ် နှင့် ရဲများ လာရောက်ပြီး စစ်ဆေးရာတွင် ပြည်သူများက ကြောက်လန့်မှုကြောင့်၊ ပိုးတွေ့ရှိပါက ပိုက်ဆံပေးကုသခံရသောကြောင့် စစ်ဆေးမှု ခံယူနေလျက်မရှိကြောင်း မန်းလွယ်ကျေးရွာ ဒေသခံအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တန့်ယန်းကြက်ခြေနီအသင်းနဲ့ ပြည်သူ့စစ်တွေကလိုက်လာစောင့်ကြည့်တာ။ စစ်ပြီးရင် သူတို့က ခေါ်သွားတော့ ပိုက်ဆံပေးရတယ်။ ကျမတို့ ပိုက်ဆံမရှိတော့ ကျမတို့လည်း မစစ်ချင်ဘူး။ ဒီနေ့လည်းလာတယ်လို့ပြောတယ်။ အကုန်လုံးကိုယ့်အိမ်မှာသော့ခတ်ပြီးနေနေကြတယ်။ မထွက်ရဲဘူး။” ဟု မန်းလွယ်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

အလားတူ လွန်ခဲ့သည့် ဩဂုတ် ၂၆ ရက်နေ့ကလည်း ကြက်ခြေနီအဖွဲ့နှင့် ပြည်သူစစ်များက တစ်ခေါက်လာရောက် စစ်ဆေးပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်- ၁၉ ပိုးတွေ့ရှိပါက တန့်ယန်းမြို့ ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆေးကုသမှုစရိတ် မြင့်သောကြောင့် ပြည်သူများက သွားရောက်စစ်ဆေးမှုမရှိကြောင်းသိရသည်။

“ ကျမတို့လည်း ဘာမှ မဖြစ်ဘူးလေ။ သူတို့တွေက အဓ္ဓမ လာစစ်ဆေးတာ။ ပြီးတော့ ဒီနေ့ လူဘယ်နှယောက် ပိုးတွေ့ရမယ်လို့လဲ ပြောတယ်။ ပိုးတွေ့တဲ့သူတွေကို ဆေးရုံခေါ်သွားပြီး ပိုက်ဆံပေးရတယ်။ ကျမတို့ စားဝတ်နေရေး အတွက်တောင် အဆင်မပြေဘူးလေ။ အဲကြောင့် မစစ်ချင်တော့ဘူး။ ဖြစ်ရင်လဲ ဆေးရုံမှာ တစ်ရက်ကို (၁၅၀၀၀) ခွဲနဲ့ ဆေးကုသရမယ်ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထိုသို့ ဩဂုတ်လ (၂၆) ရက်နေ့ ကိုဗစ်ပိုးသွားရောက်စစ်ဆေးသည့် ပြည်သူ ၂၆ ဦးရှိပြီး (၃) ဦးထပ်မံပိုးတွေ့ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့တွင် တန့်ယန်းမြို့ ကိုဗစ် -၁၉ ကြက်ခြေနီ အသင်း က မန်းလွယ်ကျေးရွာတွင် ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ကိုဗစ် – ၁၉ ပိုးလာရောက်စစ်ဆေး ပေးပြီး ပိုးတွေ့ရှိသောကြောင့် တပ်ဆေးရုံတွင် ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ကျောင်းထိုင်ဆရာတော်ကို ဆေးရုံခေါ်သွားပြီး ကျေးရွာရှိ ပြည်သူများက ပိုက်ဆံစုပြီး ဆရာတော် ဆေးကုသ စရိတ်အတွက် (၁၅) သိန်း ပေးဆောင်ခဲ့ရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ ၂၆ ရက်နေ့က ထင်တယ်။ ဒီရွာမှာလာစစ်ဆေးပေးတာ။ ပြည်သူ့စစ်နဲ့ ရဲတွေလည်းပါလာတယ်။ စတွေ့တာကတော့ ကျောင်းထိုင်ဆရာတော်မှာကိုဗစ် ပိုးတွေ့လို့ဆိုပြီးလာခေါ်သွားတယ်။ ဆရာတော်ကို တပ်ဆေးရုံထဲခေါ်သွားတယ်။ ကျနော်တို့ တက်နိုင်သလောက်လှူပေးတာ။ စုစုပေါင်း (၁၅) သိန်းလောက်ရှိမယ်ထင်တယ် ” ဟု မန်းလွယ်ကျေးရွာ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသို့ ငွေကြေးကိစ္စနှင့်ပတ်သတ်ပြီးတော့ တန့်ယန်းမြို့ ကြက်ခြေနီအသင်းက “ မဟုတ်ပါဘူး။ အဲလိုတွေတောင်း တာတော့မရှိပါဘူး။ နေဖို့ စားဖို့ သောက်ဖို့တော့ကုန်ကျတာတော့ရှိတာပေါ့။ ရွာကလာပြီး မြို့ပေါ်မှာဆွေမျိုးတွေမရှိရင်လဲ ကုန်ကျစရိတ်တွေကတော့ရှိတာပေါ့။ ငွေကြေးတောင်းနေတာတော့မရှိဘူး။ မရှိတဲ့သူတွေကိုတောင် ကျနော်တို့ အလှူရှင်ရှာပေးသေးတယ်” ဟု ဆိုသည်။

မန်းလွယ်ကျေးရွာတွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ ကျောင်းထိုင်ဆရာတော် အပါဝင် (၄) ဦးရှိကြောင်းသိရသည်။

“ မန်းလွယ်ကျေးရွာမှာက ကျောင်းထိုင်ဆရာတော်ပါရင် (၄) ဦးရှိတယ်။ မန်းလွယ်ရွာသားက (၁) ယောက်ပဲရတယ်။ ပိုးတွေ့လူနာ (၂) ယောက်ကထွက်ပြေးသွားတာ။ ဆရာတော်လည်း တပ်ဆေးရုံမနေချင်လို့ဆိုပြီး ပြည်သူ့ဆေးရုံ ထဲပြောင်း ပေးလိုက်ပြီ” ဟု တန့်ယန်းမြို့ ကြက်ခြေနီအဖွဲ့က သျှမ်းသံတော်ဆင့်ကိုပြောသည်။

မန်းလွယ်ကျေးရွာတွင် ဒေသခံပြည်သူ (၂၀၀) ကျော်ရှိပြီး ကိုဗစ် -၁၉ သွားရောက်စစ်ဆေးသူ (၂၀) ဦးသာရှိကြောင်း၊ ကိုဗစ် ၁၉ စစ်ဆေးပြီးနောက် တန့်ယန်းမြို့ပေါ်သို့ ဆေးသွားကုရာတွင် ကုန်ကျစရိတ် (၁၀) သိန်းပေးရသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

“ (၃) ယောက်ပိုးတွေ့တယ်လို့ပြောတယ်။ ညရောက်တော့သူတို့ကားနဲ့လာခေါ်တယ်။ စစ်တဲ့ချိန်တော့ ဘာမှမပေးရဘူး။ ဆေးရုံသွားရောက်တဲ့အချိန်တော့ ကျနော်တို့လည်းမသိဘူး။ ကျနော်တို့ရွာကပိုးတွေ့ တဲ့တယောက်ကို လာခေါ်သွား တုန်းကတော့ (၁၀) သိန်းလောက်ပေးရတယ်။ ဒါကြောင့်လဲ ဆေးသွားမစစ်ချင်တာလဲပါတယ် ” ဟု မန်းလွယ်ဒေသခံတဦး က ဆိုသည်။

ထိုသို့ ကိုဗစ် -၁၉ ပိုးတွေ့လူနာများကို စစ်ဆေးရာတွင် မန်းလွယ်ကျေးရွာတခုထဲသာ လက်ရောက်စစ်ဆေးပေးပြီး ကျန်သည့် ရွာများကို သွားရောက်စစ်ဆေးပေးခြင်းမရှိကြောင်းသိရသည်။

တန့်ယန်းမြို့ပေါ်တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာများကို ရပ်ကွက် (၂) သျှမ်းစာပေနှင့် ယဉ်ကျေးမှုကျောင်း၊ “ဝ” စာပေနှင့် ယဉ်ကျေးမှုကျောင်းနှင့် တန့်ယန်းဆေးရုံများတွင်သာ ဆေးကုပေးနေလျက်ရှိကြောင်းသိရသည်။

“ ကျနော်တို့ တန့်ယန်းမှာက ဆေးရုံတွေမှာကုပေးပါတယ်။ တပ်ဆေးရုံကတော့ မကုပေးတာ ကြာနေပြီ။ ပိုက်ဆံကောက်ယူတာ ရှိမရှိတာ့ ကျနော်တို့လည်း သေချာမသိရသေးဘူး။” ဟု တန့်ယန်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှုးတဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...