Tuesday, January 27, 2026

မိုင်းကိုင်မြို့နယ်က ဂိတ်စခန်းစောင့် နစက စစ်သားတစ်ဉီး သေနတ် ၄ လက်ဖြင့်ထွက်ပြေး

သျှမ်းပြည်တောင်ပိုင် လဲချား – မိုင်းကိုင် ကြားရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တပ်သားတစ်ဉီး   ဆိုင်ကယ် တစ်စီးနှင့် အတူ သေနတ် ၄ လက် ၊ စခန်းရံပုံငွေများ ယူဆောင်ပြီး ထွက်ပြေးကြောင်း သတင်းသိရသည်။

မိုင်းကိုင်နဲ့လဲချားကြား ၄၉ ဂိတ် တည်နေရာပြမြေပုံ

၂၀၂၁ ခု စက်တင်ဘာ ၁ ရက်နေ့ ယနေ့ နံနက်ပိုင်းမှ စပြီး အဆိုပါ တပ်ပြေးအား မိခင်တပ်ရင်းဖြစ် သည့် လဲချားအခြေစိုက် ခမရ ၅၁၅ မှ ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း၊ အဆိုပါ တပ်ပြေးသည် သြဂုတ်လ ၂၉ ရက်နေ့ည က လဲချား-မိုင်းကိုင်ကြားရှိ ၄၉ မိုင် ဂိတ်စခန်းမှ စခန်းရံပုံငွေများနှင့်အတူ သေနတ် ၄ လက်နှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွား ကြောင်း စစ်တပ်နှင့် နီးစပ်သည့် မိုင်းကိုင်မြို့မှ ဒေသခံ တစ်ဉီးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဒေသအခေါ်ကတော့ ဒီဂိတ်ကို ၄၉ ဂိတ်လို့လည်း ခေါ်ကြတယ်၊ သူတို့ တပ်ဖွဲ့တွင်းက ရန်ပုံငွေကြေး တစ်ချို့ နဲ့ သေနတ် ၄ လက်ယူပြီးတော့ ထွက်ပြေးသွားတယ်၊ ဆိုင်ကယ် တစ်စီးနဲ့ပေါ့၊ အဲ့နေ့ ကတည်းက တပ်အင်အား ထပ်ဖြည့်ပြီးတော့ လမ်းသွားလမ်း လာတွေကိုရော အနီးပတ်ဝန်းကျင် က ဒေသတွေကိုရော ပိုက်စိပ်တိုက်ရှာဖွေတော့တယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် မိုင်းကိုင် – လဲချား ကြားရှိ လွိုင်ခန်တောင် ခြေအနီးတွင် တည်ရှိနေပြီး လဲချားမြို့အခြေစိုက် ခမရ ၅၁၅ လက်အောက်ခံတပ်မှ ဖြစ်ကြောင်း၊ လက်ရှိတွင် စစ်သားအင်အား အများ အပြား နှင့် လမ်းသွားလမ်းလာ ပြည်သူများကို မေးမြန်းသည့် အပြင် ပစ္စည်းများကိုလည်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။

“သူတို့ဂိတ်က တပ်သားထွက်ပြေးပြီးတဲ့နောက်မှာပေါ့ ကားသမားတွေကိုဆို အရမ်းမေးတယ်၊ ပစ္စည်းတွေကို လည်း ထုတ်စစ်တယ်၊ အဲ့လိုမျိုးတွေ့ပေါ့နော်၊ ပြည်သူတွေကို ပိုပြီးတော့ စစ်ဆေးမေးမြန်း လာတာတွေ့ရ တယ်” ဟု လဲချားမြို့နေ လူငယ်တစ်ဉီးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အာဏာာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားအင်အား အများအပြားကို မိုင်းကိုင်မြို့နယ် အတွင်း ဖြန့်ထားလျက်ရှိပြီး မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်ကြားရှိ နယ်မြေဒေသများတွင် စစ်ကြောင်းဖြင့် လှုပ်ရှားရှာဖွေနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

0
သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...

မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။ “ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။...