မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက် ၅ နာရီခွဲတွင် RCSS စစ်ကြောင်း ၂ ကြောင်း မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲ ကျေးရွာအနီး SSPP/SSA တပ်စခန်းငယ် ၂ ခုကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်သား ၄ ဦးအား ဖမ်းဆီးသွားကာ ဆိုင်ကယ် ၄ စီး၊ ကားတစ်စီး အပါအဝင် စခန်းကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်းဆိုသည်။

ထို့အပြင် တခြား RCSS စစ်ကြောင်းသည် ပန်ပွဲကျေးရွာ၊ ရွာကော်မတီဝင် တစ်ဉီး၏ နေအိမ်ကို ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိ အဖိုးတန် ရွှေငွေ ပစ္စည်းများ မွှေနှောက် ယူဆောင်ကာ အိမ်ရှင် ဦးကန်ခမ်း အား ပစ်သတ်၍ နေအိမ်ကို မီးရှိူ့ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် ၄ ဦးနှင့် ဒေသခံတစ်ဦးကို ထပ်မံ ဖမ်းဆီး သွားကြောင်း သိရသည်။

ထို့အပြင် ပန်ပွဲကျေးရွာ အနောက်နေ ဒေါ်ရွှေယိင်း ၏ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်များ ဝင်ရောက်မွှေနှောက် ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာ ကုန်ပစ္စည်းများနှင့် ရွှေငွေများ ယူဆောင်သွားကြောင်း ဖော်ပြသည်။

ယင်းဖြစ်စဥ် အတွင်း RCSS က ပြည်သူ တစ်ဦး အပါအဝင် SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီး သွားကာ ကျေးရွာ ကော်မတီဝင် တစ်ဦးအား ပစ်သတ်၍ နေအိမ် အတွင်းရှိ ပစ္စည်းများ မွှေနှောက် ယူဆောင်ကာ နေအိမ်ကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်းလည်း ရေးသားထားသည်။

တော်လှန်ရေးတွင် ပါဝင်ခြင်း မရှိသော်လည်း မကြာခဏ အချင်းချင်း တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် သျှမ်းတော်လှန်ရေးတပ် ၂ ခု၏ ယခုဖြစ်စဥ်နှင့် ပတ်သက်၍ SSPP INFO လူမှုကွန်ရက် စာမျက်နှာမှ ထုတ်ပြန်ရာ လှောင်ပြောင်သည့် မှတ်ချက် ရာနှင့်ချီ၍ တွေ့ရသည်။

ယခုကာလသည် သျှမ်းတပ် ၂ ဖွဲ့ အပစ်ရပ် ပေါင်းစည်းနိုင်ရန် တွေ့ဆုံ ညှိနှိုင်းနေသည့် ကာလ ဖြစ်၍ သျှမ်းတပ် ပေါင်းစည်းရေး ရှေးရှူပြီး SSPP/SSA တပ်ဖွဲ့မှ တိုက်ပွဲ မဖြစ်ပွား စေရန် ထိန်းသိမ်းခဲ့ခြင်းကို RCSS က အခွင့်ကောင်းယူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါက ကိစ္စနှင့်ပတ်သက်ပြီး SSPP နှင့် RCSS ပြောရေးဆိုခွင့်ကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်မဖြေကြားခြင်းမရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...