မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ ကျေးရွာအတွင်း မနေရဲဘဲ နီးစပ်ရာ နမ့်ကတ်ကျေးရွာတွင် သွားရောက်နေထိုင်ကြောင်း ဒေသခံများက ပြောသည်။

“ဆားတောရွာက ရွှေ့ခိုင်းတာမျိုး မဟုတ်ဘူး၊ ဒေသခံတွေက ကြောက်လို့ ကိုယ့်ဘာသာ ရှောင်နေကြတာမျိုးပေါ့။ တစ်ခုခုဖြစ်ရင် အဲ့ဘက်ရွာထဲ ဝင်ရှာခံရတော့ ရွာသားတွေလည်း ကြောက်လို့ ထွက်ပြေးကြတာ၊ ရွာသူကြီးလည်း အမေးခံရတော့ ကြာလာတော့လည်း မရင်ဆိုင်ရဲတော့ဘူး။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး၊ ရှော့တိုက်မိုင်း ထောင်တာတော့ ရှိတယ်”ဟု တုံလောဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာတွင် အိမ်ခြေ (၃၀) ကျော် နေထိုင်ပြီး လတ်တလော ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ရခြင်းကြောင့် နမ့်ကတ်ကျေးရွာဘက်သို့ တိမ်းရှောင်ကာ ဆွေမျိုးများထံ မှီခိုနေထိုင်ရခြင်းဖြစ်ကာ အတင်းအကြပ် ကျေးရွာရွှေ့ပြောင်းခံရခြင်း မဟုတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် တုံလောကျေးရွာအုပ်စု ကွန်နားကျေးရွာအနီးတွင် မိုင်းပေါက်ကွဲခဲ့ရာ SSPP တပ်ဖွဲ့မှ ဆားတောရွာသူကြီးနှင့် ရွာသားများကို ခေါ်ယူစစ်ဆေးခဲ့ပြီး ပန်ဆက်ကျေးရွာအုပ်စုရှိ နားဟွယ်ရွာကို နောင်မိုရွာနှင့် သွားရောက်ပူးပေါင်းရန် ရွှေ့ပြောင်းခိုင်းကြောင်း တုံလောဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

“ဆားတောကတော့ သူကြီးလုပ်မယ့်သူ မရှိလို့၊ ပြီးတော့ မိုင်းပေါက်ကွဲရင်လည်း အစိမ်းဘက်ကို ရွာလူကြီးတွေ ခေါ်ခံရတာ ရှိတယ်။ ဖြစ်လာရင် နှစ်ဘက်စလုံးနဲ့ ရင်ဆိုင်ရတော့ အကုန်လုံးကို ကြောက်နေရတာ၊ အဲ့ကြောင့် နမ့်ကတ်ရွာမှာ သွားစုနေတာ။ ပြောင်းရတာက နားဟွယ်ရွာ၊ အဲ့တာတော့ အိမ်ခြေ ၅ အိမ်၊ ၆ အိမ်ပဲ ကျန်လို့ SSPP က နောင်မိုရွာနဲ့ သွားပေါင်းခိုင်းတာ”ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောဆိုသည်။

လက်ရှိတွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုအနီး SSPP နှင့် RCSS တပ်ဖွဲ့ဝင်များ ပျောက်ကြားပုံစံဖြင့် သွားလာလှုပ်ရှားနေပြီး နှစ်ဘက်တပ်ဖွဲ့အချင်းချင်း မကြာခဏ မိုင်းထောင်ခြင်းမျိုး ပြုလုပ်နေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေရကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာအနီး SSPP နှင့် RCSS တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာကော်မတီဝင်တစ်ဦးလည်း တိုက်ပွဲကြား ပစ်သတ်ခံရကာ နေအိမ်မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...