မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။

ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး SSPP စစ်ကြောင်းမှ ယာဉ်တစ်စီးကို RCSS ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ယာဉ်အနည်းငယ် ထိခိုက်ခဲ့ကြောင်း SSPP Info ၏ သတင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် သျှမ်းတပ်နှစ်တပ်ကြား အပစ်ရပ် ကြေညာပြီးနောက်ပိုင်း မတ်လနှင့် မေလတို့တွင် RCSS တပ်ဖွဲ့မှ SSPP တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း (၇) ကြိမ် ပြုလုပ်ခဲ့ကြောင်း SSPP Info က မေလ (၂၈) ရက်တွင် ထုတ်ပြန်သည်။

မိုင်းကိုင်မြို့နယ်တွင် SSPP တပ်ဖွဲ့ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု SSPP Info မှ ထုတ်ပြန်သည့် သတင်းနှင့် ပတ်သက်၍ နှစ်ဘက်တပ်ဖွဲ့ထံမှ အတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

အလားတူ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ ထံသို့ (၁၀)ကြိမ်ခန့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ထို့အတူ မတ်လ ၃၁ ရက်နေ့တွင် ရပ်စောက်မြို့နယ်အတွင်း SSPP တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး SSPP တပ်သားတစ်ဦး ကျဆုံး၍ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး SSPP တပ်ဖွဲ့၏ တောင်းဆိုချက်အတိုင်း RCSS တပ်ဖွဲ့က မြေပြင်သို့ စစ်ဆေးခဲ့သော်လည်း ကျူးလွန်သူကို မသိရှိရကြောင်း Tai Freedom မီဒီယာကလည်း မေလ (၂၆) ရက်စွဲဖြင့် ပြန်လည်ထုတ်ပြန်ထားသည်။

ရပ်စောက်မြို့နယ်အတွင်း SSPP တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်စဉ်တွင် SSPP/SSA ဗဟိုဌာနချုပ် အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးစိုင်းဆုမှ RCSS ဗဟိုဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးကြီးအောင်တင်းထံ အချက်(၃) ချက်ဖြင့် ညှိနှိုင်းတောင်းဆိုခဲ့သည်ဟု နှစ်ဘက်ထုတ်ပြန်ချက်များ အရ သိရသည်။

သျှမ်းတပ်နှစ်တပ်အကြား အပစ်ရပ်ပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်၌ မတ်လမှ စတင်ပြီး မေလအထိ ၃ လအတွင်း နှစ်ဘက်စစ်ကြောင်း အချင်းချင်း ထိတွေ့ပစ်ခတ်မှု (၃)ကြိမ်ထက် မနည်းရှိခဲ့ကြောင်း နှစ်ဘက်တပ်ဖွဲ့များက ထုတ်ပြန်သော်လည်း မည်သူက စတင်ပစ်ခတ်ခြင်းနှင့် ပတ်သက်၍ အပြန်အလှန် ဖြေရှင်းချက်ထုတ်ကာ ရှုံ့ချနေသည်။

“သျှမ်းလက်နက်ကိုင် တော်လှန်ရေးကို ဦးစီးဦးဆောင်လုပ်နေတဲ့ အဖွဲ့တွေက ဘာကြောင့် အချင်းချင်း ပြန်တိုက်နေရတာလဲ။ ပိုဆိုးတာက ဒီလိုတာဝန်ယူထားတဲ့လူတွေ ကိုယ်တိုင်က မပေါင်းစည်းနိုင်ဘူး၊ ညှိညှိနှိုင်းနှိုင်းနဲ့ မလုပ်နိုင်တဲ့ အခြေအနေမှာ လူထုတွေ လူငယ်တွေကြားထဲမှာ အကွဲကွဲအပြဲပြဲ ဖြစ်စေတယ်။ နင်မှန်တယ် ငါမှားတယ်ဆိုတဲ့ အပြစ်ဖို့တဲ့ ဓလေ့ကနေ မရုန်းထွက်နိုင်ဘူး”ဟု သျှမ်းလူငယ်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်တွင် မေလ (၁၉) ရက်က နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း SSPP တပ်ဖွဲ့မှ ကျိုင်းခမ်းကျေးရွာအုပ်စု၊ နားစံရွာ ကျေးရွာအုပ်ချုပ်ရေးမှူးကို လာရောက်ရှာဖွေရာ မတွေ့သဖြင့် ရွာသား(၃)ဦးကို စစ်ဆေးရန် ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွတ်ပေးသေးကြောင်း Tai Freedom မီဒီယာက မေလ ၂၆ ရက်တွင် ဆိုထားသည်။

သျှမ်းတပ်နှစ်တပ် အချင်းချင်းကြား အပစ်အခတ် ရပ်စဲထားပြီးနောက် ထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်ပြီး RCSS တပ်ဖွဲ့ဘက်မှ မေလ (၁၈/၂၆/၂၇) ရက်တို့တွင် သတင်းထုတ်ပြန်ထားပြီး SSPP တပ်ဖွဲ့ဘက်မှ မေလ (၂၁/၂၆/၂၈) ရက်တို့တွင် အသီးသီး ထုတ်ပြန်ဖြေရှင်းထားကြသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ပြင်းထန်နေစဉ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့သည် နှစ်ဘက်တပ်ဖွဲ့ အချင်းချင်းကြား အချက်(၉)ချက် ပါဝင်သည့် သဘောတူညီချက်ဖြင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း လေးအကြာ မတ်လမှ စတင်၍ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး မေလအတွင်း အပြန်အလှန် ထုတ်ဖော်ပြောဆိုလာကြခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...