လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ် (၇) ဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု နားဟွယ်ရွာတွင် ယမန့်နေ့ ဩဂုတ် (၃၁) နေ့လည် ၁ နာရီဝန်းကျင်က PDF ဟုထင်ခံရသည့် လူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ပုံစာ- လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ်ဖမ်းဆီးခံရတဲ့အိမ်

ထိုလူငယ် (၇) ဦးကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း၊ လူငယ်များ ထမင်းစားနေချိန်တွင် ဖမ်းဆီးခံရကြောင်းသိရသည်

ထိုဖမ်းဆီးခံရသည့် လူငယ်တချို့သည် (PDF) တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ စစ်အင်အားက ၃၀ လောက်ရှိတယ်။ ပြီးတော့ စရဖတွေနဲ့လာတာ။ စရဖတွေလဲ အင်အားများတယ်။ သူတို့က ကား ၃စီး။ စစ်သားတွေက အပြင်မှာ ကားနဲ့ လုံခြုံရေးယူပေးပြီးစောင့်နေတာ။ ကျမတို့ရွာဒေသခံက ၂ ယောက်လောက်ဘဲ။ ကျန်တဲ့သူတွေကတစ်ခြားကနေပေါ့။ တစ်ချို့ကလည်း PDF ဖြစ်တယ်။ ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပုံစာ- လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ်ဖမ်းဆီးခံရတဲ့အိမ်

ထိုသို့ ဖမ်းခံရသည့် နေအိမ်တွင် ရှိသည့် ပစ္စည်းများကိုပါ စစ်ကောင်စီတပ်ဖွဲ့တို့က ယူဆောင်သွားကြောင်း မျက်မြင်တွေ့သူတွေက ဆိုသည်။
စစ်ကောင်စီမှ သိမ်းဆည်းသွားသည့် ပစ္စည်းများသည် စုစုပေါင်း သိန်း (၁၀၀) နီးပါးထိရှိကြောင်းသိရသည်။

“ သူတို့အိမ်က ရေမော်တာ၊ ကား (၂)စီး၊ ဆိုင်ကယ် (၃)စီး၊ ရွှေကတန်ဖိုး သိန်း (၆၀) နဲ့၊ ငွေသားက (၅၀) လောက်ရှိတယ်လို့ပြောတယ်။ အဲတာတွေကို သူတို့ယူသွားတာတဲ့။ ပြီးတော့ PDF တွေရဲ့ ပစ္စည်းတွေကိုလည်း သူတို့သိမ်းယူသွားတယ်” ဟု ၎င်းက ပြောသည်။

ပုံစာ- လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ်ဖမ်းဆီးခံရတဲ့အိမ်

ထိုသို့ ကျေးရွာထဲထိ ပြည်သူများကို လာရောက်ဖမ်းဆီးတာကြောင့် ပြည်သူများက စိုးရိမ်ကြောက်ရွံ့နေရပြီး ယမန့်နေ့တွင် ပြည်သူများ အားလုံးက ဘုန်းကြီးကျောင်းသို့ သွားရောက်အိပ်စက်ရကြောင်း နာဟွယ်ရွာဒေသခံတဦးက ပြောသည်။

“ မနေ့ညက အကုန်လုံး ဘုန်းကြီးကျောင်းမှာ သွားအိပ်ရတယ်။ တစ်ရွာလုံး ဘုန်းကြီးကျောင်းမှာသွားအိပ်တာ။ စိုးရိမ်တယ်။ကြောက်တယ်လေ။ ကျမတို့က သာမန်ပြည်သူပဲလေ။ စစ်ဖြစ်မှာလားဆိုပြီးတော့စိုးရိမ်ပြီးနေကြရတယ်” ဟု နာဟွယ်ကျေးရွာ ဒေသခံတဦးက ပြောသည်။

ပုံစာ- လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ်ဖမ်းဆီးခံရတဲ့အိမ်

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူ ၁၀၄၀ သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးခံထားရသူ ၇၇၀၁ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန့်နေ့ ဩဂုတ် (၃၁) ရက်နေ့က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...