ကျောက်မဲမြို့နယ် (၂)လအတွင်း စစ်ရှောင် (၂၅၀၀)ကျော်ထိရှိလာ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် (၂)လအတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် (၂၅၀၀)ကျော်ထိ ရှိလာပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ သည် ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခု သြဂုတ်လတို့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေးလာရသည့် ဒေသခံ (၂၅၀၀)ကျော်ထိ ရှိလာပြီး စားနပ်ရိက္ခာများ ခက်ခဲနေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“မန်ကျောင်းရွာ ဘုန်းကြီးကျောင်းမှာ မနေ့ကလည်း စစ်ရှောင် (၂၀၀) ကျော် ထပ်ရောက်လာတယ်၊ လွယ်ကုန်ကျေးရွာဒေသခံတွေပါ၊ တိုက်ပွဲသံတွေလည်း ထပ်ကြားနေရသေးတယ်” ဟု စစ်ရှောင်များကို သွားရောက်ကူညီသူ ကျောက်မဲသျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ရှောင်များသည် ယခင်ရက်က ပန်စလော့ကျေးရွာတွင် စစ်ရှောင်ခိုလှုံနေသည့် လွယ်ကုန်ကျေးရွာ ဒေသခံများဖြစ်ကြောင်း၊ ပန်စလော့ရွာသည် မြို့နှင့် ဝေးပြီး သွားလာရ ခက်ခဲသည့်နေရာဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိတိုက်ပွဲဖြစ်သည့်နေရာနှင့်လည်း နီးသည့်အတွက် လုံခြုံမှုရှိစေရန် မန်ခါကျေးရွာ ဘုန်းကြီးကျောင်းသို့ ထပ်မံရွှေ့ပြောင်းလာကြတာဖြစ်ကြောင်း၊ သို့သော် မြို့ပေါ်တွင် ကိုဗစ်ကူးစက်မှုရှိနေဆဲဖြစ်သည့်အတွက် စစ်ရှောင်များအတွက် စိုးရိမ်မိကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ရှောင်စခန်းဆိုတော့ လူအများ စုပြီး နေကြရတယ်၊ မြို့ပေါ်မှာက ကိုဗစ်ကူးစက်မှု ရှိနေသေးတယ်၊ အဲ့တော့ ကျန်းမာရေးကို အထူးသတိထားဖို့ လိုတယ်၊ ခုလို လူအများစုပြီး နေကြတဲ့နေရာတွေကို စိုးရိမ်ရတယ်” ဟု စစ်ရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းကတည်းက တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ စစ်ရှောင်ထွက်ပြေးလာရတာဖြစ်ကြောင်းသိရသည်။

ကျောက်မဲမြို့ ဟူးစွန်ကျေးရွာအုပ်စုရှိ ကျေးရွာ (၄)ရွာတွင် စစ်ရှောင် (၁၅၀၀)ကျော်ထိရှိပြီး မိုင်းငေါ့မြို့ စစ်ရှောင်စခန်းနှင့် ကျောက်မဲမြို့အနီး စစ်ရှောင်များရောက်ရှိခိုလှုံနေသည့် မိုင်းတင်း၊ နမ့်ဆော့၊ ကြူရှော(မြောက်ရွာ)၊ ပြိန်းခါး၊ မန်ခါဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ရှောင်ရာချီ ရှိနေတာဖြစ်ကြောင်း သိရသည်။

ထိုစစ်ရှောင်များသည် လက်ရှိတွင် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ၊ မိုးကာ၊ စောင်နှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း၊ ဆက်သွယ်လှူဒါန်းလိုပါက ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် (၀၉ ၂၅၉၂၅၂၀၄၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...