Tuesday, January 27, 2026

မူဆယ်မြို့ နန်းတော်ပေါက်မှ မြန်မာရွှေ့ပြောင်း ၁၀၀ ကျော်ထပ်မံဝင်ရောက်

မြန်မာ- တရုတ် နယ်စပ် နန်းတော်ပေါက်မှ ယနေ့ ဩဂုတ် (၃၁) ရက် မူဆယ်မြို့ထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀) ကျော် ထပ်မံဝင်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို တရုတ်အစိုးရဘက်မှာ ၂၄ နာရီ အတွင်း ကိုဗစ်- ၁၉ ရှိ မရှိကို စစ်ဆေးပေးပြီးမှ ပြန်လွှတ်လာပေးကြောင်း သိရသည်။

“ ဒီနေ့က ကျား ၆၂ ဦးနဲ့ အမျိုးသမီး ၄၄ ဦးထပ် ဝင်ရောက်လာတယ်။ သူတို့အားလုံးကိုတော့ တရုတ်အစိုးရကနေ ကိုဗစ် -၁၉ ပိုးစစ်ဆေးပြီးပြီး။ ကျနော်တို့ဖက်ကနေတော့ ထပ်မစစ်ဆေးပါဘူး” ဟု မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ယက်မှ အဖွဲ့ဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုသို့ ပြည်တော်ပြန်ဝင်လိုသည့် ပြည်သူများသည် သက်ဆိုင်ရာတို့ တရက်ကြိုတင်စရင်းပေးရပြီး ၂၄ နာရီအတွင်းရှိ ကိုဗစ် -၁၉ ပိုးကို စစ်ဆေးရမည်ဖြစ်ကြောင်း၊ ပြန်သွားပါက တဖန်ပြန်ဝင်လာလို့ မရကြောင်း ရွှေလီရောက် မြန်မာအလုပ်သမားတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုက ပြန်ချင်ရင်တော့ရတယ်။ ဒါမဲ့ တရက်တော့ သက်ဆိုင်ရာကို စာရင်းပေးပြီး ကိုဗစ် ပိုးစစ်ဆေးရတယ်။ မရှိဘူးဆိုမှ သူတို့ကပြန်လွှတ်လာပေးတာ။ ဒါမဲ့ ကျနော်တို့ ကြားသလောက်တော့ ပြန်သွားရင်တော့ ပြန်လာလို့ မရတော့ဘူးလို့ပြောတယ်” ဟု ရွှေလီရောက်မြန်မာ အလုပ်သမားတဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ် နန်းတော်ဝင်ပေါက်ကို ဇူလိုင်လ ၂၆ ရက်နေ့က တရုတ်အစိုးရဖက်မှ ဖွင့်ပေးခဲ့ပြီး ယနေ့ ဩဂုတ် (၃၁) ရက်နေ့ထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀၀ ကျော်က ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်၊ ရွှေလီ တို့တွင် တရုတ်နိုင်ငံနှင့်ထိစပ်နေသောကြောင့် တရုတ် ကျန်းမာရေးဌာနက ကိုဗစ် – ၁၉ ကူးစက်မှုအမြင့်ဆုံးဇုံဟုသတ်မှတ်ကာ လုပ်ငန်းများကိုရပ်ဆိုင်းထားသောကြောင့် မြန်မာလုပ်သားများ အလုပ်လက်မဲဖြစ်ပြီး နေရပ်ကို ပြန်လာကြရခြင်းဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ချင်းမိုင်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းခွဲနီးပါးရှိ၊ ထိုင်းမြောက်ပိုင်းတွင် အများဆုံးခရိုင်ဖြစ်

0
ချင်းမိုင်ခရိုင်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသော ခရိုင်တစ်ခု ဖြစ်လာကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ လက်ရှိ ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသူ ၄၃,၅၇၄ ဦးရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား ၄၃,၀၁၁ ဦးရှိကြောင်း ယမန်နေ့ သြဂုတ်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...